Property Expo
×

Star Wars ဇာတ္ကား႐ုိက္ရင္း မင္းသားႀကီး ဟယ္ရစ္ဆင္ဖုိ႔ဒ္ ေျခေထာက္က်ိဳးသြားခဲ့မႈအေပၚ ကုမၸဏီဘက္က ဒဏ္ေငြအျဖစ္ ေပါင္ ၁.၆ သန္း (ေဒၚလာ ၂ သန္းခန္႔) ေပးေဆာင္ဖုိ႔ တရားရံုးက ဆံုးျဖတ္လိုက္ပါတယ္။

Star Wars: The Force Awakens ဇာတ္ကား႐ိုက္ကူးစဥ္က ႐ိုက္ကြင္းေပၚရွိ ဟိုက္ဒေရာလစ္တံခါး က်ိဳးပဲ့ရာကေန ဟယ္ရစ္ဆင္ဖုိ႔ဒ္ရဲ႕ေျခေထာက္ကို ထိခိုက္မိၿပီး ေျခက်ိဳးသြားခဲ့တာပါ။ ဒစၥေနပိုင္ Foodles Production ကုမၸဏီကလည္း ဒီျဖစ္ရပ္အၿပီးမွာ က်န္းမာေရးနဲ႔ လံုျခံံဳစိတ္ခ်ရမႈ ဥပေဒႏွစ္ခုကို ခ်ိဳးေဖာက္ခဲ့မိေၾကာင္း ဝန္ခံခဲ့ပါတယ္။ က်န္းမာေရးနဲ႔လံုျခံံဳစိတ္ခ်ရမႈ ယိုယြင္းပ်က္ကြက္တဲ့ Foodles Production ကုမၸဏီကို Aylesbury Crown တရား႐ံုးက ဒဏ္တပ္လိုက္တာျဖစ္ပါတယ္။

၂၀၁၄ ခုနွစ္၊ ဇြန္လ ၁၂ ရက္က ဘက္ကင္ဟမ္႐ႈိင္းယား႐ွိ Pinewood စတူဒီယိုမွာ ႐ိုက္ကူးေနစဥ္ ႀကီးမားတဲ့သံမဏိတံခါးႀကီးက ဟယ္ရစ္ဆင္ဖုိ႔႔အေပၚကို ျပဳတ္က်ခဲ့တာပါ။ ေလးလံတဲ့တံခါးႀကီးက အ႐ွိန္နဲ႔က်တာျဖစ္လို႔ ဖုိ႔ဒ္ကို အေတာ္ေလးထိခိုက္မိခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version


Star Wars ဇာတ်ကားရိုက်ရင်း မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ် ခြေထောက်ကျိုးသွားခဲ့မှုအပေါ် ကုမ္ပဏီဘက်က ဒဏ်ငွေအဖြစ် ပေါင် ၁.၆ သန်း (ဒေါ်လာ ၂ သန်းခန့်) ပေးဆောင်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

Star Wars: The Force Awakens ဇာတ်ကားရိုက်ကူးစဉ်က ရိုက်ကွင်းပေါ်ရှိ ဟိုက်ဒရောလစ်တံခါး ကျိုးပဲ့ရာကနေ ဟယ်ရစ်ဆင်ဖို့ဒ်ရဲ့ခြေထောက်ကို ထိခိုက်မိပြီး ခြေကျိုးသွားခဲ့တာပါ။ ဒစ္စနေပိုင် Foodles Production ကုမ္ပဏီကလည်း ဒီဖြစ်ရပ်အပြီးမှာ ကျန်းမာရေးနဲ့ လုံခြံုံစိတ်ချရမှု ဥပဒေနှစ်ခုကို ချိုးဖောက်ခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။ ကျန်းမာရေးနဲ့လုံခြံုံစိတ်ချရမှု ယိုယွင်းပျက်ကွက်တဲ့ Foodles Production ကုမ္ပဏီကို Aylesbury Crown တရားရုံးက ဒဏ်တပ်လိုက်တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်က ဘက်ကင်ဟမ်ရှိုင်းယားရှိ Pinewood စတူဒီယိုမှာ ရိုက်ကူးနေစဉ် ကြီးမားတဲ့သံမဏိတံခါးကြီးက ဟယ်ရစ်ဆင်ဖို့အပေါ်ကို ပြုတ်ကျခဲ့တာပါ။ လေးလံတဲ့တံခါးကြီးက အရှိန်နဲ့ကျတာဖြစ်လို့ ဖို့ဒ်ကို အတော်လေးထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top