Property Expo
×

ရန္ကုန္တုိင္း ေဒသၾကီး မရမ္းကုန္ျမဳိ  ့နယ္မွာ ေအာက္တုိဘာလ (၈)ရက္ေန ့က ျဖစ္ပြားခဲ့တဲ့  အငွားယာဥ္ေမာင္းအား သတ္ၿပီး ပစၥည္း လုယက္သြားသူကုိ ေအာက္တုိဘာလ (၂၂)ရက္ေန ့ညေန (၆)နာရီခန္ ့မွာ ဖမ္းဆီး ရမိေၾကာင္း သိရပါတယ္။

ျပီးခဲ့တဲ့ ေအာက္တုိဘာလ (၈)ရက္ေန ့ညေန (၄)နာရီခန္ ့က မရမ္းကုန္းၿမိဳ႕နယ္၊ (၁၀)ရပ္ကြက္၊ ဦးဘဟန္လမ္းသြယ္အတြင္း AA---- TOYOTA Vista အမ်ဳိးအစား အျဖဴေရာင္အငွားယာဥ္ေပၚမွာ အမ်ဳိးသားတစ္ဦး ဓားဒဏ္ရာမ်ားရရွိကာ ယာဥ္ေမာင္းထုိင္ခံု ေဘး ေမွာက္လ်က္အေနအထားနဲ ့ေသဆံုးေနမႈ ျဖစ္ပြားခဲ့ပါတယ္။

အဆုိပါ ေသဆုံးသူကုိ ရဲတပ္ဖြဲ႕မွ စိစစ္ခဲ့ရာ ေသဆံုးသူမွာ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန အငွားယာဥ္ေမာင္းႏွင္သူ ဦး၀င္းလႈိင္၊ (၅၀)ႏွစ္ျဖစ္ေၾကာင္းျပီး၊ ေသဆံုးသူရဲ ့ဇနီးျဖစ္သူမွ တုိင္တန္းခ်က္အရ မရမ္းကုန္းၿမိဳ႕မရဲစခန္း(ပ)၇၉၉/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ နဲ ့ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး ရန္ကုန္တုိင္း ရဲတပ္ဖဲြ ့က စုံစမ္းေဆာင္ရြက္ခဲ့ေၾကာင္း သိရပါတယ္။



 အမႈစစ္ အထူးအဖြဲ႕မွ အခင္းျဖစ္ယာဥ္ရဲ ့ အေနာက္ဘက္ ၂၅ ေပခန္႔အကြာ ေျမာင္းေဘးျခံဳပုတ္အတြင္းမွ ေသြးမ်ား ေပက်ံေနတဲ့ အရုိးအသြား ၁၀ လက္မခန္႔ရွိ အ၀ါေရာင္ေကာ္ရုိးတပ္ ဓားဦးခၽြန္တစ္ေခ်ာင္းအား စတင္ ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ပါတယ္။ ဒါအျပင္ ယာဥ္ရဲ ့ေနာက္ခန္း အတြင္းမွ တိတ္နဲ ့ကပ္ထားတဲ့ ဓားထည့္တဲ့ စကၠဴ အိတ္နဲ ့ေသြးမ်ားသုတ္ထားတဲ့ မ်က္ႏွာသုတ္ပု၀ါ ၁ ထည္ကိုလည္း ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ပါတယ္။

အမႈနဲ ့ပတ္သက္ျပီး စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္သူမွာ မရမ္းကုန္းၿမိဳ႕နယ္ေန ဇာနည္ထြန္းျဖစ္ေၾကာင္းသိရွိရကာ ဖမ္းဆီးရမိေရး စံုစမ္းရွာေဖြေနစဥ္ ေအာက္တုိဘာလ (၂၂)ရက္ေန ့ညေန (၆)နာရီခန္ ့က  မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအးဘုရားလမ္းရွိ ေခ်ာ္တြင္းကုန္း မီးပြဳိင့္အနီးမွ ေတြ႕ရွိဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္သူ ဇာနည္ထြန္းအား စစ္ေဆးခ်က္အရ ၎သည္ ေငြေၾကး သံုးစြဲရန္လုိအပ္ေနတာေၾကာင့္ လုယက္ရန္အတြက္ အခင္းျဖစ္ေန႔က စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္းရွိ စတုိးဆုိင္တစ္ဆုိင္မွ ျပစ္မႈက်ဴးလြန္ရာတြင္ အသံုးျပဳခဲ့သည့္ အ၀ါေရာင္ေကာ္ရုိးတပ္ ဓားဦးခၽြန္ ၁ ေခ်ာင္းအား ေငြက်ပ္ ၃၀၀ နဲ ့၀ယ္ယူခဲ့ကာ ျပည္လမ္း၊ ဒဂံုစင္တာ ၂ ေရွ႕မွ အငွားယာဥ္တစ္စီးအား မရမ္းကုန္းၿမိဳ႕နယ္၊ ဦးဘဟန္လမ္းသြယ္သုိ႔ ငွားရမ္းခဲ့ၿပီး အခင္းျဖစ္ ေနရာအေရာက္ အမႈမွေသဆံုးသူ အငွားယာဥ္ေမာင္းအား ဓားျဖင့္ေထာက္ကာ ေငြေၾကးေတာင္းခံရာမရရွိတေၾကာင့္ ဓားျဖင့္ထုိးကာ အငွားယာဥ္ေမာင္းထံမွ Oppo အမ်ဳိးအစား လက္ကုိင္ဖုန္း ၁ လံုးအား ယူေဆာင္သြားခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။

ေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္သူ ဇာနည္ထြန္း၊ (၂၈)ႏွစ္၊ မရမ္းကုန္းၿမိဳ႕နယ္ေနသူအား အမႈျဖင့္ ဆက္လက္အေရးယူေဆာင္ရြက္လ်က္ရွိၿပီး အျခားအမႈမ်ားက်ဴးလြန္ထားျခင္း ရွိ/မရွိ စစ္ေဆးေဆာင္ ရြက္လ်က္ရွိ ေၾကာင္း ရန္ကုန္တုိင္း ေဒသၾကီး ရဲတပ္ဖဲြ ့ရဲ ့သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin


#Unicode Version
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်မြို့နယ်မှာ အောက်တိုဘာလ (၈)ရက်နေ့က ဖြစ်ပွားခဲ့တဲ့  အငှားယာဉ်မောင်းအား သတ်ပြီး ပစ္စည်း လုယက်သွားသူကို အောက်တိုဘာလ (၂၂)ရက်နေ့ညနေ (၆)နာရီခန့်မှာ ဖမ်းဆီး ရမိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၈)ရက်နေ့ညနေ (၄)နာရီခန့်က မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ ဦးဘဟန်လမ်းသွယ်အတွင်း AA---- TOYOTA Vista အမျိုးအစား အဖြူရောင်အငှားယာဉ်ပေါ်မှာ အမျိုးသားတစ်ဦး ဓားဒဏ်ရာများရရှိကာ ယာဉ်မောင်းထိုင်ခုံ ဘေး မှောက်လျက်အနေအထားနဲ့သေဆုံးနေမှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ သေဆုံးသူကို ရဲတပ်ဖွဲ့မှ စိစစ်ခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အငှားယာဉ်မောင်းနှင်သူ ဦးဝင်းလှိုင်၊ (၅၀)နှစ်ဖြစ်ကြောင်းပြီး၊ သေဆုံးသူရဲ့ဇနီးဖြစ်သူမှ တိုင်တန်းချက်အရ မရမ်းကုန်းမြို့မရဲစခန်း(ပ)၇၉၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။


 အမှုစစ် အထူးအဖွဲ့မှ အခင်းဖြစ်ယာဉ်ရဲ့ အနောက်ဘက် ၂၅ ပေခန့်အကွာ မြောင်းဘေးခြုံပုတ်အတွင်းမှ သွေးများ ပေကျံနေတဲ့ အရိုးအသွား ၁၀ လက်မခန့်ရှိ အဝါရောင်ကော်ရိုးတပ် ဓားဦးချွန်တစ်ချောင်းအား စတင် တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါအပြင် ယာဉ်ရဲ့နောက်ခန်း အတွင်းမှ တိတ်နဲ့ကပ်ထားတဲ့ ဓားထည့်တဲ့ စက္ကူ အိတ်နဲ့သွေးများသုတ်ထားတဲ့ မျက်နှာသုတ်ပုဝါ ၁ ထည်ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူမှာ မရမ်းကုန်းမြို့နယ်နေ ဇာနည်ထွန်းဖြစ်ကြောင်းသိရှိရကာ ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေစဉ် အောက်တိုဘာလ (၂၂)ရက်နေ့ညနေ (၆)နာရီခန့်က  မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချော်တွင်းကုန်း မီးပွိုင့်အနီးမှ တွေ့ရှိဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


ပြစ်မှုကျူးလွန်သူ ဇာနည်ထွန်းအား စစ်ဆေးချက်အရ ၎င်းသည် ငွေကြေး သုံးစွဲရန်လိုအပ်နေတာကြောင့် လုယက်ရန်အတွက် အခင်းဖြစ်နေ့က စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စတိုးဆိုင်တစ်ဆိုင်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဝါရောင်ကော်ရိုးတပ် ဓားဦးချွန် ၁ ချောင်းအား ငွေကျပ် ၃၀၀ နဲ့ဝယ်ယူခဲ့ကာ ပြည်လမ်း၊ ဒဂုံစင်တာ ၂ ရှေ့မှ အငှားယာဉ်တစ်စီးအား မရမ်းကုန်းမြို့နယ်၊ ဦးဘဟန်လမ်းသွယ်သို့ ငှားရမ်းခဲ့ပြီး အခင်းဖြစ် နေရာအရောက် အမှုမှသေဆုံးသူ အငှားယာဉ်မောင်းအား ဓားဖြင့်ထောက်ကာ ငွေကြေးတောင်းခံရာမရရှိတကြောင့် ဓားဖြင့်ထိုးကာ အငှားယာဉ်မောင်းထံမှ Oppo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးအား ယူဆောင်သွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဇာနည်ထွန်း၊ (၂၈)နှစ်၊ မရမ်းကုန်းမြို့နယ်နေသူအား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပြီး အခြားအမှုများကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင် ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top