Property Expo
×

႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ မင္းရာဇာသည္ မႏၲေလး ၿမိဳ႕ ရွမ္းကေလးကြၽန္းတြင္ ဗီဒီယို ဇာတ္၀င္ခန္း႐ိုက္ကူးေနစဥ္ ေႁမြ ကိုက္ခံရ၍ မႏၲေလးျပည္သူ႕ေဆး ႐ုံႀကီး၌ ေဆးကုသမႈခံယူေနေၾကာင္း သတင္းရရွိသည္။

‘‘ဇာတ္ကားက လယ္ကြင္း ထဲမွာ မင္းသမီးကို ကယ္လာရင္း မင္းသမီးက ပိုးထိေတာ့ ပါးစပ္နဲ႔ စုပ္ေပးတယ္။ အဲဒီခ်ိန္မွာ ရြာသား ေတြက မင္းသမီးကို အတင္း အဓမၼျပဳက်င့္တယ္ဆိုၿပီး ၀ိုင္း ႐ုိက္ေတာ့ ထြက္ေျပးတယ္။ ေႁမြအဆိပ္က ပါးစပ္ကေနတစ္ဆင့္ ခႏၶာကိုယ္ထဲေရာက္ၿပီး ေသတဲ့ အခန္း႐ိုက္မွာေပါ့ေနာ္။ အဲဒီမွာ တကယ္ေႁမြေပါက္ခံရတာ။ မင္း သမီးမျဖစ္ဘဲ အစ္ကိုက တကယ္ ျဖစ္သြားတာေပါ့’’ဟု မင္းရာဇာက ေျပာသည္။

မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ရွိ ရွမ္းကေလးကြၽန္းတြင္ ‘‘ႏွလံုး ေသြးနဲ႔ရင္းသည့္ ကဗ်ည္း’’အမည္ ရွိ ဇာတ္ကားကို ေအာက္တိုဘာ ၄ ရက္ နံနက္ ၁၀ နာရီက သ႐ုပ္ ေဆာင္ စိုးနႏၵာေက်ာ္ႏွင့္ ႐ိုက္ကူး ေနစဥ္ ဘယ္ဘက္ေျခသလံုးကို ေႁမြကိုက္ခံခဲ့ရျခင္း ျဖစ္သည္။

‘‘ေျခေထာက္ေတြေရာင္လာ ၿပီး ႏွစ္နာရီျခားတစ္ခါေသြးေဖာက္စစ္ေဆးေနတယ္။ ဆရာ၀န္က ေတာ့ စိုးရိမ္ရတဲ့အေျခအေနမရွိ ေပမယ့္ ေစာင့္ၾကည့္ေနရေသး တယ္။ ပရိသတ္ႀကီးအတြက္ ႐ိုက္ ရင္းနဲ႔ တကယ္ျဖစ္ခဲ့တဲ့အတြက္ ဒီကားေလးကိုလည္း အားေပးေစ ခ်င္ပါတယ္။ ပင္ပန္းခံၿပီး ႐ိုက္ ထားပါတယ္။ အၿမဲတမ္းအားေပး ေနတဲ့ ပရိသတ္ေတြအတြက္လည္းျမန္မာကားကို ခ်စ္ၿပီး အားေပးတဲ့ ပရိသတ္ေတြအတြက္ အမ်ားႀကီး ႀကိဳးစားထားပါတယ္။ စိတ္ပူေပး ၾကတဲ့အတြက္လည္း ေက်းဇူးတင္ ပါတယ္’’ဟု သ႐ုပ္ေဆာင္ မင္းရာ ဇာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းရာဇာသည် မန္တလေး မြို့ ရှမ်းကလေးကျွန်းတွင် ဗီဒီယို ဇာတ်ဝင်ခန်းရိုက်ကူးနေစဉ် မြွေ ကိုက်ခံရ၍ မန္တလေးပြည်သူ့ဆေး ရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

‘‘ဇာတ်ကားက လယ်ကွင်း ထဲမှာ မင်းသမီးကို ကယ်လာရင်း မင်းသမီးက ပိုးထိတော့ ပါးစပ်နဲ့ စုပ်ပေးတယ်။ အဲဒီချိန်မှာ ရွာသား တွေက မင်းသမီးကို အတင်း အဓမ္မပြုကျင့်တယ်ဆိုပြီး ဝိုင်း ရိုက်တော့ ထွက်ပြေးတယ်။ မြွေအဆိပ်က ပါးစပ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲရောက်ပြီး သေတဲ့ အခန်းရိုက်မှာပေါ့နော်။ အဲဒီမှာ တကယ်မြွေပေါက်ခံရတာ။ မင်း သမီးမဖြစ်ဘဲ အစ်ကိုက တကယ် ဖြစ်သွားတာပေါ့’’ဟု မင်းရာဇာက ပြောသည်။

မန္တလေးမြို့ အမရပူရမြို့နယ် ရှိ ရှမ်းကလေးကျွန်းတွင် ‘‘နှလုံး သွေးနဲ့ရင်းသည့် ကဗျည်း’’အမည် ရှိ ဇာတ်ကားကို အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီက သရုပ် ဆောင် စိုးနန္ဒာကျော်နှင့် ရိုက်ကူး နေစဉ် ဘယ်ဘက်ခြေသလုံးကို မြွေကိုက်ခံခဲ့ရခြင်း ဖြစ်သည်။

‘‘ခြေထောက်တွေရောင်လာ ပြီး နှစ်နာရီခြားတစ်ခါသွေးဖောက်စစ်ဆေးနေတယ်။ ဆရာဝန်က တော့ စိုးရိမ်ရတဲ့အခြေအနေမရှိ ပေမယ့် စောင့်ကြည့်နေရသေး တယ်။ ပရိသတ်ကြီးအတွက် ရိုက် ရင်းနဲ့ တကယ်ဖြစ်ခဲ့တဲ့အတွက် ဒီကားလေးကိုလည်း အားပေးစေ ချင်ပါတယ်။ ပင်ပန်းခံပြီး ရိုက် ထားပါတယ်။ အမြဲတမ်းအားပေး နေတဲ့ ပရိသတ်တွေအတွက်လည်းမြန်မာကားကို ချစ်ပြီး အားပေးတဲ့ ပရိသတ်တွေအတွက် အများကြီး ကြိုးစားထားပါတယ်။ စိတ်ပူပေး ကြတဲ့အတွက်လည်း ကျေးဇူးတင် ပါတယ်’’ဟု သရုပ်ဆောင် မင်းရာ ဇာက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top