Kantharyar Centre
×

ကၽြန္ေတာ္တုိ႔စားေသာက္ေနတဲ့ အစားအေသာက္ေတြမွာလည္း သူတုိ႔သမုိင္းေၾကာင္း အစ၊ တီထြင္စားေသာက္ခဲ့ၾကတဲ့ အခ်ိန္နဲ႔ အေၾကာင္းအရာေတြ ရွိေနၾကပါတယ္။ ဘယ္အခ်ိန္တုန္းက စတင္ ၿပီး စားသံုးခဲ့ၾကတယ္။ ဘယ္လုိစားသုံးခ့ဲၾကတယ္။ ဘယ္လုိမ်ိဳးတီ ထြင္ခဲ့ၾကသလဲဆုိတဲ့ စိတ္ဝင္စားစရာ သမုိင္းေၾကာင္းေတြပါပဲ။

တစ္ခါစား လက္ကုိင္ ကေတာ့ခြက္ကေလးနဲ႔ စားသံုးရတဲ့ေရခဲ မုန္႔ေတြကုိေတာ့ လူတုိင္းႀကိဳက္ႏွစ္သက္စားသံုးၾကမွာပါ။ ေရခဲမုန္႔  ကေတာ့ခြက္ကေလးနဲ႔ စားသံုးျခင္းက ေရခဲမုန္႔တီထြင္ဖန္တီးတဲ့ သမုိင္းေၾကာင္းထဲမွာေတာ့ ထူးထူးျခားျခားေျပာင္းလဲဆန္းသစ္မႈေတြ ျပဳလုပ္ခဲ့တဲ့ စားစရာတစ္ခုပါပဲ။

ေရခဲမုန႔္ေတြကုိ ကေတာ့ခၽြန္ေလးေတြနဲ႔ မလုပ္ခင္တုန္းက ဖန္ခြက္၊ စကၠဴရြက္ကေလးေတြနဲ႔အုပ္ၿပီး စားသံုးၾကရတာျဖစ္ပါတယ္။ ဒီလုိ ဖန္ခြက္ေတြနဲ႔ ထည့္ၿပီးစားသံုးၾကရလုိ႔ စားသံုးသူေတြလည္းအဆင္ မေျပသလုိ ေရာင္းခ်သူလည္း ျပန္ၿပီးေတာ့ ေဆးေၾကာရတာမ်ိဳးေတြ ျပဳလုပ္ရလုိ႔ အခ်ိန္ပုိကုန္ၿပီး ပင္ပန္းပါတယ္။

ဒါနဲ႔ ဒီလုိမ်ိဳး ကေတာ့ခၽြန္လက္ကုိင္ ေရခဲမုန္႔ေလးေတြကုိ ၁၉၀၄ ခုႏွစ္မွာ စတင္ၿပီးေတာ့ တီထြင္လာခဲ့တာက ေရခဲမုန္႔ႀကိဳက္ႏွစ္ သက္သူေတြကုိ အဆင္ေျပေစခဲ့ပါတယ္။ ဆီးရီးယားအမ်ိဳးသားတစ္ ဦး အန္းနက္ ေအ ဟန္မ္ဝီဆုိသူက မုန္႔ညက္ဖုတ္ထားတဲ့ ေဝဖာမုန္႔ ၾကြပ္ Zalabis လုိ႔အမည္ေပးထားတဲ့ မုန္႔ေတြကုိ သူ႔ရဲ႕ဆိုင္နီးခ်င္း ေရခဲမုန္႔ဆုိင္ေတြကုိ ကမ္းလွမ္းေပးၿပီးေတာ့ ေရခဲမုန္႔နဲ႔တြဲဖက္ၿပီး အသံုးျပဳစားသံုးဖုိ႔ အႀကံေပးခဲ့လုိက္တာကေန စတင္ၿပီးေတာ့ ေဝဖာ ကေတာ့ခၽြန္ခြက္နဲ႔ ေရခဲမုန္႔ေတြကုိ စားသံုးခဲ့ၾကတာ ျဖစ္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။


#Unicode Version

ကျွန်တော်တို့စားသောက်နေတဲ့ အစားအသောက်တွေမှာလည်း သူတို့သမိုင်းကြောင်း အစ၊ တီထွင်စားသောက်ခဲ့ကြတဲ့ အချိန်နဲ့ အကြောင်းအရာတွေ ရှိနေကြပါတယ်။ ဘယ်အချိန်တုန်းက စတင် ပြီး စားသုံးခဲ့ကြတယ်။ ဘယ်လိုစားသုံးခဲ့ကြတယ်။ ဘယ်လိုမျိုးတီ ထွင်ခဲ့ကြသလဲဆိုတဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေပါပဲ။

တစ်ခါစား လက်ကိုင် ကတော့ခွက်ကလေးနဲ့ စားသုံးရတဲ့ရေခဲ မုန့်တွေကိုတော့ လူတိုင်းကြိုက်နှစ်သက်စားသုံးကြမှာပါ။ ရေခဲမုန့်  ကတော့ခွက်ကလေးနဲ့ စားသုံးခြင်းက ရေခဲမုန့်တီထွင်ဖန်တီးတဲ့ သမိုင်းကြောင်းထဲမှာတော့ ထူးထူးခြားခြားပြောင်းလဲဆန်းသစ်မှုတွေ ပြုလုပ်ခဲ့တဲ့ စားစရာတစ်ခုပါပဲ။

ရေခဲမုန့်တွေကို ကတော့ချွန်လေးတွေနဲ့ မလုပ်ခင်တုန်းက ဖန်ခွက်၊ စက္ကူရွက်ကလေးတွေနဲ့အုပ်ပြီး စားသုံးကြရတာဖြစ်ပါတယ်။ ဒီလို ဖန်ခွက်တွေနဲ့ ထည့်ပြီးစားသုံးကြရလို့ စားသုံးသူတွေလည်းအဆင် မပြေသလို ရောင်းချသူလည်း ပြန်ပြီးတော့ ဆေးကြောရတာမျိုးတွေ ပြုလုပ်ရလို့ အချိန်ပိုကုန်ပြီး ပင်ပန်းပါတယ်။

ဒါနဲ့ ဒီလိုမျိုး ကတော့ချွန်လက်ကိုင် ရေခဲမုန့်လေးတွေကို ၁၉၀၄ ခုနှစ်မှာ စတင်ပြီးတော့ တီထွင်လာခဲ့တာက ရေခဲမုန့်ကြိုက်နှစ် သက်သူတွေကို အဆင်ပြေစေခဲ့ပါတယ်။ ဆီးရီးယားအမျိုးသားတစ် ဦး အန်းနက် အေ ဟန်မ်ဝီဆိုသူက မုန့်ညက်ဖုတ်ထားတဲ့ ဝေဖာမုန့် ကြွပ် Zalabis လို့အမည်ပေးထားတဲ့ မုန့်တွေကို သူ့ရဲ့ဆိုင်နီးချင်း ရေခဲမုန့်ဆိုင်တွေကို ကမ်းလှမ်းပေးပြီးတော့ ရေခဲမုန့်နဲ့တွဲဖက်ပြီး အသုံးပြုစားသုံးဖို့ အကြံပေးခဲ့လိုက်တာကနေ စတင်ပြီးတော့ ဝေဖာ ကတော့ချွန်ခွက်နဲ့ ရေခဲမုန့်တွေကို စားသုံးခဲ့ကြတာ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top