Property Expo
×

ရန္ကုန္ၿမိဳ႕ထဲက ၿမိဳ႕နယ္ေလးခုမွာ စက္ေလွကားပါတဲ့ လူကူးခုံးေက်ာ္တံတားငါးစင္းကို လာမယ့္ ဘ႑ာႏွစ္အတြင္း ေဆာက္လုပ္သြားမယ္လုိ႔ ရန္ကုန္တုိင္း ေဒသႀကီး စည္ပင္သာယာေရး၀န္ႀကီး ဦးေမာင္ေမာင္စုိးက ေအာက္တိုဘာလ ၅ ရက္မွာ ျပဳလုပ္ခဲ့တဲ့ တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းမွာ ေျပာလိုက္ပါတယ္။

တည္ေဆာက္မယ့္ တံတားငါးစင္းကုိ ဗုိလ္တေထာင္ ေစတီ၀င္ေပါက္ေနရာ၊ စဥ့္အုိးတန္းသေဘၤာဆိပ္ ၀င္ထြက္ေပါက္ေနရာ၊ စမ္းေခ်ာင္းၿမိဳ႕နယ္ ျပည္လမ္းရွိ မဟာၿမိဳင္ေဆး႐ုံနဲ႔ အထက(၂)စမ္းေခ်ာင္းကို ဆက္သြယ္ေပးသည့္ေနရာ၊ ဗဟန္းၿမိဳ႕နယ္ ဦး၀ိစာရလမ္းမေပၚရွိ ေရႊတိဂုံေစတီသုိ႔ သြားေရာက္မည့္ေနရာနဲ႔  မရမ္းကုန္းၿမိဳ႕နယ္ ရွစ္မုိင္ခုံး ေက်ာ္တံတားအဆင္း၊ ေျမာက္ ဘက္အျခမ္းရွိေနရာတုိ႔မွာ ေဆာက္လုပ္ေပးသြားမယ္လုိ႔ သိရပါတယ္။

ခုံးေက်ာ္တံတား ေဆာက္လုပ္ရာမွာ လူအမ်ား အမွန္တကယ္ အသုံးျပဳႏုိင္မယ့္ ေနရာမ်ဳိးကို ေရြးခ်ယ္ေဆာက္လုပ္ေပးေစလုိၿပီး အရင္ခံုးေက်ာ္တံတားေတြလုိ  အျဖစ္သေဘာမျပဳလုပ္ေစလုိေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အႀကံျပဳခဲ့ပါတယ္။

လူကူးခုံးေက်ာ္တံတားေတြမွာ စက္ေလွကားေတြတပ္ဆင္ ေဆာက္လုပ္မယ္ဆိုရင္ ၂၄ နာရီ လွ်ပ္စစ္မီးရရွိမႈ၊ စက္ခံႏုိင္၀န္၊  ေနာက္ပုိင္္း ျဖစ္ေပၚလာႏုိင္တဲ့ ျပင္ဆင္ကုန္က်တာေတြအတြက္ပါ တြက္ခ်က္လုပ္ေဆာင္ရမယ့္အျပင္ မသန္စြမ္းေတြအတြက္ပါ အသုံး၀င္ႏုိင္မယ့္ တံတားတည္ေဆာက္မႈနဲ႔  လူကူးအခ်က္ျပစနစ္ေတြကိုပါ ထည့္သြင္းလုပ္ေဆာင္သြားရမယ္လုိ႔ ၀န္ႀကီးဦးေမာင္ေမာင္စုိးက ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : duwun

#Unicode Version

ရန်ကုန်မြို့ထဲက မြို့နယ်လေးခုမှာ စက်လှေကားပါတဲ့ လူကူးခုံးကျော်တံတားငါးစင်းကို လာမယ့် ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

တည်ဆောက်မယ့် တံတားငါးစင်းကို ဗိုလ်တထောင် စေတီဝင်ပေါက်နေရာ၊ စဥ့်အိုးတန်းသင်္ဘောဆိပ် ဝင်ထွက်ပေါက်နေရာ၊ စမ်းချောင်းမြို့နယ် ပြည်လမ်းရှိ မဟာမြိုင်ဆေးရုံနဲ့ အထက(၂)စမ်းချောင်းကို ဆက်သွယ်ပေးသည့်နေရာ၊ ဗဟန်းမြို့နယ် ဦးဝိစာရလမ်းမပေါ်ရှိ ရွှေတိဂုံစေတီသို့ သွားရောက်မည့်နေရာနဲ့  မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခုံး ကျော်တံတားအဆင်း၊ မြောက် ဘက်အခြမ်းရှိနေရာတို့မှာ ဆောက်လုပ်ပေးသွားမယ်လို့ သိရပါတယ်။

ခုံးကျော်တံတား ဆောက်လုပ်ရာမှာ လူအများ အမှန်တကယ် အသုံးပြုနိုင်မယ့် နေရာမျိုးကို ရွေးချယ်ဆောက်လုပ်ပေးစေလိုပြီး အရင်ခုံးကျော်တံတားတွေလို  အဖြစ်သဘောမပြုလုပ်စေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုခဲ့ပါတယ်။

လူကူးခုံးကျော်တံတားတွေမှာ စက်လှေကားတွေတပ်ဆင် ဆောက်လုပ်မယ်ဆိုရင် ၂၄ နာရီ လျှပ်စစ်မီးရရှိမှု၊ စက်ခံနိုင်ဝန်၊  နောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ ပြင်ဆင်ကုန်ကျတာတွေအတွက်ပါ တွက်ချက်လုပ်ဆောင်ရမယ့်အပြင် မသန်စွမ်းတွေအတွက်ပါ အသုံးဝင်နိုင်မယ့် တံတားတည်ဆောက်မှုနဲ့  လူကူးအချက်ပြစနစ်တွေကိုပါ ထည့်သွင်းလုပ်ဆောင်သွားရမယ်လို့ ဝန်ကြီးဦးမောင်မောင်စိုးက ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top