Property Expo
×

အိုက္အက္စ္စစ္ေသြးၾကြေတြကို လက္နက္ကုိင္တိုက္ပြဲဝင္ေနၾကတဲ့ သူေတြအထဲမွာ အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ အၾကမ္းသမားေတြ ေၾကာက္ရသူအျဖစ္ နာမည္ေက်ာ္ပါတယ္။

သူမဟာ ၂၀၀၄ ခုႏွစ္ကတည္းက အၾကမ္းဖက္သမားေတြကို တိုက္ခိုက္ေနခဲ့သူျဖစ္ၿပီး အႀကိမ္ႀကိမ္အခါခါ အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈက လြတ္ေျမာက္လာသူျဖစ္ပါတယ္။ နာမည္အရင္းက ဝါဟီဒါမိုဟာမက္ျဖစ္ေပမယ့္ သူမကို အမ္ဟာနာဒီလို႔ လူသိမ်ားပါတယ္။ အိုင္အက္စ္ အၾကမ္းဖက္သမားေတြရဲ႕ အလိုအရွိဆံုး စာရင္းမွာပါဝင္ေနတဲ့သူမဟာ စုစုေပါင္း ေျခာက္ႀကိမ္တိတိ လုပ္ႀကံမႈ ခံရၿပီးၿပီျဖစ္ေပမယ့္ အသက္ရွင္ တိုက္ပြဲဝင္ေနဆဲ ျဖစ္ပါတယ္။


" သူတို႔ကို ေတြ႔တာနဲ႔ ကၽြန္မတိုက္ေတာ့တာပဲ။ ၿပီးရင္ ေခါင္းျဖတ္တယ္။ ေခါင္းကိုဟင္းခ်က္အိုးထဲ ထည့္ပစ္ၿပီးေတာ့ က်န္တဲ့ကိုယ္လံုးကို မီး႐ိႈ႕ပစ္လိုက္တာပဲ" လို႔ ဟာနာဒီက CNN သတင္းဌာနကို ေျပာပါတယ္။

သူမဟာ အၾကမ္းဖက္သမားေတြေၾကာင့္ ဘဝတဆစ္ခ်ိဳး ေျပာင္းလဲခဲ့သူျဖစ္ပါတယ္။ အယ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႔ဆိုတဲ့ နာမည္နဲ႔ အၾကမ္းဖက္သမားေတြေၾကာင့္ သူမမိသားစုဟာ အသက္ဆံုး႐ံႈးခဲ့ရပါတယ္။ သူမရဲ႕ခင္ပြန္းႏွစ္ဦး၊ ဖခင္နဲ႔ အစ္ကိုသံုးဦးတို႔ဟာ အၾကမ္းဖက္သမားေတြ လက္ခ်က္နဲ႔ အသက္ေသဆံုးခဲ့ရတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အိုက်အက်စ်စစ်သွေးကြွတွေကို လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ သူတွေအထဲမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အကြမ်းသမားတွေ ကြောက်ရသူအဖြစ် နာမည်ကျော်ပါတယ်။

သူမဟာ ၂၀၀၄ ခုနှစ်ကတည်းက အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေခဲ့သူဖြစ်ပြီး အကြိမ်ကြိမ်အခါခါ အသက်အန္တရာယ် ခြိမ်းခြောက်မှုက လွတ်မြောက်လာသူဖြစ်ပါတယ်။ နာမည်အရင်းက ဝါဟီဒါမိုဟာမက်ဖြစ်ပေမယ့် သူမကို အမ်ဟာနာဒီလို့ လူသိများပါတယ်။ အိုင်အက်စ် အကြမ်းဖက်သမားတွေရဲ့ အလိုအရှိဆုံး စာရင်းမှာပါဝင်နေတဲ့သူမဟာ စုစုပေါင်း ခြောက်ကြိမ်တိတိ လုပ်ကြံမှု ခံရပြီးပြီဖြစ်ပေမယ့် အသက်ရှင် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

" သူတို့ကို တွေ့တာနဲ့ ကျွန်မတိုက်တော့တာပဲ။ ပြီးရင် ခေါင်းဖြတ်တယ်။ ခေါင်းကိုဟင်းချက်အိုးထဲ ထည့်ပစ်ပြီးတော့ ကျန်တဲ့ကိုယ်လုံးကို မီးရှို့ပစ်လိုက်တာပဲ" လို့ ဟာနာဒီက CNN သတင်းဌာနကို ပြောပါတယ်။

သူမဟာ အကြမ်းဖက်သမားတွေကြောင့် ဘဝတဆစ်ချိုး ပြောင်းလဲခဲ့သူဖြစ်ပါတယ်။ အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ဆိုတဲ့ နာမည်နဲ့ အကြမ်းဖက်သမားတွေကြောင့် သူမမိသားစုဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူမရဲ့ခင်ပွန်းနှစ်ဦး၊ ဖခင်နဲ့ အစ်ကိုသုံးဦးတို့ဟာ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ အသက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top