Property Expo
×

လူတစ္ဦး ပိုမိုခ်မ္းသာေလ ဆဲြေဆာင္မႈရွိေသာ လက္တဲြေဖာ္ကို ေရြးခ်ယ္ႏိုင္ေျခ ပိုမ်ားေလျဖစ္ေၾကာင္း ေလ့လာမႈတစ္ခုတြင္ ေဖာ္ျပထားသည္။

သိပၸံပညာရွင္မ်ားသည္ ၿဗိတိန္ရွိ လက္တဲြေဖာ္ ေရြးခ်ယ္မႈဆိုင္ရာ ေလ့လာမႈႀကီးႏွစ္ခုကို အေျခခံၿပီးအသက္ (၁၈) ႏွစ္မွ (၇၅) ႏွစ္ၾကား လူ (၂၈၀၀၀) နီးပါးတို႔အား စိတ္ကူးထဲက အိမ္  ေထာင္ဘက္ႏွင့္ ပတ္သက္ၿပီး ေမးျမန္းမႈမ်ားကို ျပဳလုပ္ခဲ့သည္။

လူတုိင္းလုိလားသည့္ အရည္အေသြးမ်ား ရွိသူမ်ားသည္ လက္တဲြေဖာ္ ေရြးခ်ယ္ရာတြင္ ပိုမိုဇီဇာေၾကာင္ေလ့ ရွိေၾကာင္း သုေတသနအရ သိရွိခဲ့ရသည္။ ဆဲြေဆာင္မႈႏွင့္ အရင္းအျမစ္မ်ားသည္ အမ်ဳိးသားႏွင့္ အမ်ဳိးသမီးမ်ား လက္တဲြေဖာ္ ေရြးခ်ယ္ရာတြင္ မည္မွ် အေရးပါသည္ကို ေလ့လာခဲ့ျခင္း ျဖစ္ေၾကာင္း ခ်တ္မန္းတကၠသိုလ္မွ စိတ္ပညာပါေမာကၡ ေဒါက္တာေဒးဗစ္ ဖရက္ဒရစ္က ေျပာဆုိခဲ့သည္။

အမ်ဳိးသားမ်ားသည္ အမ်ဳိးသမီးႏွင့္ ႏႈိင္းယွဥ္လွ်င္ ႐ုပ္ရည္ေခ်ာေမာၿပီး ပိန္သြယ္သူကုိ လက္တဲြေဖာ္ အျဖစ္ ေရြးခ်ယ္ႏုိင္ေျခ ပိုမ်ားေသာ္လည္း အမ်ဳိးသားေရာ အမ်ဳိးသမီးမ်ားပါ ဆဲြေဆာင္မႈရွိသူကို ေရြးခ်ယ္ခ်င္ၾကေၾကာင္း ေတြ႕ရွိခဲ့သည္။ အမ်ဳိးသား (၉၂) ရာခိုင္ႏႈန္းက လက္တြဲေဖာ္သည္ လံုး၀ကုိ ႐ုပ္ရည္ ေခ်ာေမာရန္ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ၿပီး (၈၀) ရာခိုင္ႏႈန္းက ပိန္သြယ္ရန္ လိုအပ္ေၾကာင္း ေျပာဆုိခဲ့သည္။

အမ်ဳိးသမီး (၈၄) ရာခိုင္ႏႈန္းက ႐ုပ္ရည္ေခ်ာေမာမႈ ရွိမရိွကို အဓိက ထားေၾကာင္း ေျပာဆုိခဲ့ကာ (၅၈) ရာခိုင္ႏႈန္းက လက္တဲြေဖာ္သည္ ပိန္သြယ္ရမည္ ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

အမ်ဳိးသား (၇၄) ရာခုိင္ႏႈန္းက လက္တဲြေဖာ္သည္ ၀င္ေငြပုံမွန္ ရွိသည့္သူျဖစ္ရမည္ ျဖစ္ေၾကာင္း ေျပာဆုိခဲ့ကာ အမ်ဳိးသမီး (၉၇) ရာခိုင္ႏႈန္းက အလားတူ ေျပာဆိုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger News Journal

#Unicode Version
လူတစ်ဦး ပိုမိုချမ်းသာလေ ဆွဲဆောင်မှုရှိသော လက်တွဲဖော်ကို ရွေးချယ်နိုင်ခြေ ပိုများလေဖြစ်ကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များသည် ဗြိတိန်ရှိ လက်တွဲဖော် ရွေးချယ်မှုဆိုင်ရာ လေ့လာမှုကြီးနှစ်ခုကို အခြေခံပြီးအသက် (၁၈) နှစ်မှ (၇၅) နှစ်ကြား လူ (၂၈၀၀၀) နီးပါးတို့အား စိတ်ကူးထဲက အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်။

လူတိုင်းလိုလားသည့် အရည်အသွေးများ ရှိသူများသည် လက်တွဲဖော် ရွေးချယ်ရာတွင် ပိုမိုဇီဇာကြောင်လေ့ ရှိကြောင်း သုတေသနအရ သိရှိခဲ့ရသည်။ ဆွဲဆောင်မှုနှင့် အရင်းအမြစ်များသည် အမျိုးသားနှင့် အမျိုးသမီးများ လက်တွဲဖော် ရွေးချယ်ရာတွင် မည်မျှ အရေးပါသည်ကို လေ့လာခဲ့ခြင်း ဖြစ်ကြောင်း ချတ်မန်းတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာဒေးဗစ် ဖရက်ဒရစ်က ပြောဆိုခဲ့သည်။

အမျိုးသားများသည် အမျိုးသမီးနှင့် နှိုင်းယှဉ်လျှင် ရုပ်ရည်ချောမောပြီး ပိန်သွယ်သူကို လက်တွဲဖော် အဖြစ် ရွေးချယ်နိုင်ခြေ ပိုများသော်လည်း အမျိုးသားရော အမျိုးသမီးများပါ ဆွဲဆောင်မှုရှိသူကို ရွေးချယ်ချင်ကြကြောင်း တွေ့ရှိခဲ့သည်။ အမျိုးသား (၉၂) ရာခိုင်နှုန်းက လက်တွဲဖော်သည် လုံးဝကို ရုပ်ရည် ချောမောရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပြီး (၈၀) ရာခိုင်နှုန်းက ပိန်သွယ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

အမျိုးသမီး (၈၄) ရာခိုင်နှုန်းက ရုပ်ရည်ချောမောမှု ရှိမရှိကို အဓိက ထားကြောင်း ပြောဆိုခဲ့ကာ (၅၈) ရာခိုင်နှုန်းက လက်တွဲဖော်သည် ပိန်သွယ်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အမျိုးသား (၇၄) ရာခိုင်နှုန်းက လက်တွဲဖော်သည် ဝင်ငွေပုံမှန် ရှိသည့်သူဖြစ်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကာ အမျိုးသမီး (၉၇) ရာခိုင်နှုန်းက အလားတူ ပြောဆိုခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top