Property Expo
×

၁။ အခက္အခဲၾကံဳရင္ ဝိုင္းဝန္းအၾကံေပးႏိုင္တဲ့ မိတ္ေဆြေကာင္း မိတ္ဖြဲ႔ထားသင့္တယ္။

၂။ ဘယ္လိုအခက္အခဲမ်ိဳးကမွ ကိုယ့္ရဲ႕ လက္ရွိေမွ်ာ္လင့္ခ်က္၊ ရည္ရြယ္ခ်က္၊ ပန္းတိုင္ကို ယိုင္လဲပ်က္စီးသြားေအာင္ မလုပ္ႏိုင္ဘူးဆိုတဲ့ ခံယူခ်က္၊ ဆံုးျဖတ္ခ်က္ျဖင့္ တက္ၾကြေနရမယ္။

၃။ အခက္အခဲ ေပၚေပါက္လာျပီဆိုရင္ ျပဳလုပ္သူနဲ႔ ခံရသူ ရွိစျမဲမို႔ မိမိကို ခက္ခဲေစတဲ့ အေျခခံဇစ္ျမစ္ကို နာနာနင္းျပီး အျမတ္ထြက္ေအာင္ ရသေလာက္ သည္းခံလုပ္ယူသြားႏိုင္ရမယ္။

၄။ ေခါင္းရႈပ္ကုန္လို႔၊ ပင္ပန္းလြန္းအားၾကီးလို႔၊ အဆိုးအညံ့ေတြ တစ္စုတည္း ဝင္ေရာက္လာလို႔ မြန္းၾကပ္ေနတဲ့ အခါ ငိုခ်င္ရင္ ငိုခ်လိုက္ပါ၊ မငိုနဲ႔လို႔ မတားလိုက္ပါနဲ႔။ မငိုပဲ ေအာင့္အီးထားတာက အသိဥာဏ္ကို ပိတ္ဆို႔မႈ ပိုတိုးေစပါတယ္။

၅။ အဓိကအခ်က္ အေနနဲ႔ အခက္အခဲၾကံဳရင္ မိဘနဲ႔ ဘုရားကို မေမ့ပါနဲ႔။ မိမိကို ဦးစားေပးတဲ့ မိမိက အေလးထားတဲ့ မိဘကဲ့သို႔ ပုဂၢိဳလ္ဆီကို ခ်ဥ္းကပ္ျပီး အေၾကာင္းစံု ရင္ဖြင့္တိုင္ပင္သင့္ပါတယ္။ ေခါင္းရႈပ္ရတာေတြ စိတ္မၾကည့္၊ စိတ္ရႈပ္ရတာေတြ မိမိဆီမွာ ကပ္ျငိေနခ်ိန္မ်ိဳးမွာ သတိထားၾကည့္ပါ။ အဲဒီရက္ပိုင္းမွာ ဘုရား၊တရား၊အလွဴအတန္းကို ျပီးျပီေရာ လုပ္ေနမိပါလိမ့္မယ္။
အဲဒီလို ျဖစ္ေနခဲ့ရင္ အပူေတြ အားလံုးကို ခဏလႊတ္ခ်ျပီး တရားထိုင္ျခင္း၊ ေဝယ်ာဝစၥ ဂရုတစိုက္လုပ္ျခင္း၊ ေလးနက္တဲ့ စိတ္ထားနဲ႔ ဘုရားကို အာရံုျပဳ ကန္ေတာ့ျခင္းတို႔ ျပဳလုပ္မယ္ဆို အၾကာခင္ အေကာင္းဆံုး ေျဖရွင္းနည္းနဲ႔ ရလဒ္ေကာင္းတစ္ခု ထြက္လာမွာ အေသအခ်ာပါ။

ေသခ်ာတာတစ္ခုအေနနဲ႔ ေျပာရမယ္ဆိုရင္ အပူဟာလဲ ၾကာရွည္ မပူႏိုင္သလို၊ ေလေအးဟာလည္း တစ္သတ္မတ္တည္း ရွိမေနတာကို သတိရပါ။ ဘာေၾကာင့္ဆို အပူထဲ ၾကာၾကာမေနႏိုင္သလို၊ အေအးထဲမွာလည္း ၾကာၾကာမေနႏိုင္တဲ့ ေျပာင္းလဲေနတဲ့ လူေတြရဲ႕ ပင္ကိုယ္စိတ္ေၾကာင့္ပဲ ျဖစ္ပါတယ္။

‪ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon Life

#Unicode Version
၁။ အခက်အခဲကြုံရင် ဝိုင်းဝန်းအကြံပေးနိုင်တဲ့ မိတ်ဆွေကောင်း မိတ်ဖွဲ့ထားသင့်တယ်။

၂။ ဘယ်လိုအခက်အခဲမျိုးကမှ ကိုယ့်ရဲ့ လက်ရှိမျှော်လင့်ချက်၊ ရည်ရွယ်ချက်၊ ပန်းတိုင်ကို ယိုင်လဲပျက်စီးသွားအောင် မလုပ်နိုင်ဘူးဆိုတဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်ဖြင့် တက်ကြွနေရမယ်။

၃။ အခက်အခဲ ပေါ်ပေါက်လာပြီဆိုရင် ပြုလုပ်သူနဲ့ ခံရသူ ရှိစမြဲမို့ မိမိကို ခက်ခဲစေတဲ့ အခြေခံဇစ်မြစ်ကို နာနာနင်းပြီး အမြတ်ထွက်အောင် ရသလောက် သည်းခံလုပ်ယူသွားနိုင်ရမယ်။

၄။ ခေါင်းရှုပ်ကုန်လို့၊ ပင်ပန်းလွန်းအားကြီးလို့၊ အဆိုးအညံ့တွေ တစ်စုတည်း ဝင်ရောက်လာလို့ မွန်းကြပ်နေတဲ့ အခါ ငိုချင်ရင် ငိုချလိုက်ပါ၊ မငိုနဲ့လို့ မတားလိုက်ပါနဲ့။ မငိုပဲ အောင့်အီးထားတာက အသိဉာဏ်ကို ပိတ်ဆို့မှု ပိုတိုးစေပါတယ်။

၅။ အဓိကအချက် အနေနဲ့ အခက်အခဲကြုံရင် မိဘနဲ့ ဘုရားကို မမေ့ပါနဲ့။ မိမိကို ဦးစားပေးတဲ့ မိမိက အလေးထားတဲ့ မိဘကဲ့သို့ ပုဂ္ဂိုလ်ဆီကို ချဉ်းကပ်ပြီး အကြောင်းစုံ ရင်ဖွင့်တိုင်ပင်သင့်ပါတယ်။ ခေါင်းရှုပ်ရတာတွေ စိတ်မကြည့်၊ စိတ်ရှုပ်ရတာတွေ မိမိဆီမှာ ကပ်ငြိနေချိန်မျိုးမှာ သတိထားကြည့်ပါ။ အဲဒီရက်ပိုင်းမှာ ဘုရား၊တရား၊အလှူအတန်းကို ပြီးပြီရော လုပ်နေမိပါလိမ့်မယ်။
အဲဒီလို ဖြစ်နေခဲ့ရင် အပူတွေ အားလုံးကို ခဏလွှတ်ချပြီး တရားထိုင်ခြင်း၊ ဝေယျာဝစ္စ ဂရုတစိုက်လုပ်ခြင်း၊ လေးနက်တဲ့ စိတ်ထားနဲ့ ဘုရားကို အာရုံပြု ကန်တော့ခြင်းတို့ ပြုလုပ်မယ်ဆို အကြာခင် အကောင်းဆုံး ဖြေရှင်းနည်းနဲ့ ရလဒ်ကောင်းတစ်ခု ထွက်လာမှာ အသေအချာပါ။

သေချာတာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အပူဟာလဲ ကြာရှည် မပူနိုင်သလို၊ လေအေးဟာလည်း တစ်သတ်မတ်တည်း ရှိမနေတာကို သတိရပါ။ ဘာကြောင့်ဆို အပူထဲ ကြာကြာမနေနိုင်သလို၊ အအေးထဲမှာလည်း ကြာကြာမနေနိုင်တဲ့ ပြောင်းလဲနေတဲ့ လူတွေရဲ့ ပင်ကိုယ်စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

‪ဖိုးသူတော် (www.phothutaw.com)
Credit:Yangon Life
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top