Property Expo
×

ဆေးမတိုးသော ဗက်တီးရီးယားများကြောင့် ပြင်းထန်သော ကျောက်ကပ်ရောဂါကို ကုသရန် ပိုမိုခက်ခဲကြောင်း လေ့လာမှုတစ် ခုက ဖော်ပြသည်။









Credit:7Day Daily

Unicode Version

ဆးမတိုးသော ဗက်တီးရီးယားများကြောင့် ပြင်းထန်သော ကျောက်ကပ်ရောဂါကို ကုသရန် ပိုမိုခက်ခဲကြောင်း လေ့လာမှုတစ် ခုက ဖော်ပြသည်။

E-coli ဟုခေါ်သော ဗက်တီးရီးယားကြောင့် ဆီးလမ်းကြောင်း ရောဂါအဖြစ် စတင်ဖြစ်ပွားသည့် Pyelonephritis ဟုခေါ်သော ကျောက်ကပ်ရောဂါကြောင့် အဖျားတက်ခြင်း၊ ကျောကုန်းနာကျင် ခြင်းနှင့် အော့အန်ခြင်းများ ဖြစ်နိုင်သည်။


ပဋိဇီဝဆေးမတိုးသော ဗက်တီးရီးယားအသစ်များကြောင့် ရောဂါပိုးဝင်ရောက်မှုကို ကုသရာတွင် ကြီးမားသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာရသည်ဟု ကယ်လီဖိုးနီးယား ဆေးတက္ကသိုလ်မှ သုတေ သီများက ပြောသည်။

ယခင် လေ့လာမှုတွင် ကျောက်ကပ်ရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိသူများ၏ ၁၂ ရာခိုင်နှုန်းသည် ယင်းရောဂါကုသရာ တွင် အသုံးပြုသော ပဋိဇီဝဆေးမတိုးခြင်းနှင့် ကြုံတွေ့ရကြောင်း စောစောပိုင်းလေ့လာမှုတစ်ခုက ဖော်ပြသည်။

ယင်းအရေအတွက်မှာ လွန်ခဲ့သော ၁၀ နှစ်က ပြုလုပ်ခဲ့သည့် အလားတူလေ့လာမှုအတွင်း တွေ့ရှိခဲ့သောအရေအတွက်ထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

ESBL ဟုခေါ်သော ပဋိဇီဝဆေးများကို တိုက်ဖျက်သည့် အင် ဇိုင်းတစ်မျိုးကြောင့် ကျောက်ကပ်ရောဂါအတွက် ကုသရန် ပဋိဇီ၀ ဆေးများ အကန့်အသတ်ရှိလာပြီး သောက်ဆေးများ ထိရောက်ခြင်း မရှိကြောင်း သိရသည်။

ကျောက်ကပ်ရောဂါပိုးဝင်ခြင်း စစ်ဆေးတွေ့ရှိသူ ထက်ဝက် ခန့် ဆေးရုံတက်ရန် လိုအပ်ပြီး ထိရောက်သည့် ပဋိဇီဝဆေးများဖြင့် ကုသခြင်းမရှိပါက  သွေးထဲသို့ ရောဂါပိုးဝင်ရောက်ကာ အသက် သေဆုံးမှုဖြစ်နိုင်သည်။

ယင်းရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူ လေးဦးတွင် သုံး ဦးသည် ကနဦးပဋိဇီဝဆေးများဖြင့် ကုသမှုခံယူရာ၌ ထိရောက်မှု မရှိဘဲ မကောင်းသောရလဒ်များ ထွက်ပေါ်လာနိုင်သည်ဟု သုတေ သီများက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top