Kantharyar Centre
×

ဒဏ္ရာရရွိခဲ့ၿပီး ေဆးကုသမႈခံယူေနေသာ ကေလးငယ္ (ဓာတ္ပံု − စိတၱသုခလူမႈကူညီေရးအသင္း ေဖ့စ္ဘြတ္ခ္)


တြံေတးၿမိဳ႕နယ္ ပသီ ကုန္းေက်းရြာေန အသက္(၅)ႏွစ္ ေအာက္ ကေလးငယ္ေလးဦးကို သရဲဝင္ပူးသည္ဆိုကာ ပေယာဂ ဆရာဆိုသူက ႐ိုက္ႏွက္ကုသရာမွ ကေလးငယ္သံုးဦး ေသဆံုး၍ တစ္ဦးဒဏ္ရာမ်ား ရရွိေၾကာင္း သတင္းရရွိသည္။

‘‘အခုေသသြားတဲ့ကေလး ေတြနဲ႔ သူ႔မိဘေတြကေတာ့ ရြာထဲ မွာေနတာမဟုတ္ဘူး။ ရြာအျပင္ မွာေနတာ။ အိမ္ ေလး ေလးလံုး တန္းစီေဆာက္ထားတာ။ ေလး အိမ္တန္းေလးေပါ့’’ဟု တြံေတး ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦး က ဆိုသည္။

ကေလးငယ္မ်ားကို ႐ိုက္ ႏွက္ကာ ပေယာဂ ကုေပးသည့္ အမ်ဳိးသားသည္ မအူပင္ၿမိဳ႕နယ္ရွိ ေက်းရြာတစ္ရြာမွျဖစ္ၿပီး အသက္(၃၀) အရြယ္ ထြန္းထြန္းႏိုင္ဆိုသူ ျဖစ္သည္။ ၎သည္ ပသီေက်းရြာသားဦးစိုးမင္းဆိုသူႏွင့္ ယင္းရြာသို႔ အလည္လိုက္လာခ်ိန္ ကေလးငယ္မ်ားကို သရဲပူးသည္ဆိုကာ ႐ိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း တြံ ေတးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ရဲအရာရွိတစ္ဦးက ဆိုသည္။

‘‘သူက ပေယာဂဆရာလိုလို ေဗဒင္ဆရာလိုလိုပဲ။ အဲဒီရြာကို အလည္လိုက္လာတာ။ ၿပီးေတာ့ ရြာမွာ မေကာင္းဆိုးရြားေတြရွိ တယ္။ ထုတ္ေပးမယ္။ မထုတ္ရင္ အားလံုးေသကုန္မယ္ေျပာၿပီး ကေလးေရာ၊ လူႀကီးေရာ အေယာက္ ၂၀ ေလာက္္ကို ႀကိဳးဝိုင္းထဲထိုင္ခိုင္းထားၿပီး အျပင္ထြက္ရင္ ေသကုန္မယ္လို႔ေျပာတယ္။ ၿပီးေတာ့မွ ကေလးေတြကုိ အရင္စလုပ္တာ’’ဟု ၎ကဆိုသည္။

‘‘အဲဒီမွာ (ပသီေခ်ာင္းအနီး ေလးအိမ္တန္း)ေနတဲ့သူေတြက ငါးကန္ အလုပ္သမားေတြ။ သူတို႔ သူေဌးက အဲဒီဆရာဆီမွာ ေဗဒင္ သြားတြက္တာ။ လိုက္သြားတဲ့သူ ကိုလည္း လကၡဏာ ၾကည့္ေပး ေတာ့ မွန္တယ္ဆိုၿပီး ရြာကိုပင့္ လာတာ။ ရြာေရာက္ေတာ့ ရြာမွာ မေကာင္းဆိုးဝါးေတြရွိေနတယ္။ အေမြးေတြရွည္ေနၿပီ၊ အစြယ္ေတြ ထြက္ေနၿပီဆုိၿပီး ေျခာက္ၿပီးေတာ့ ကုတာ’’ ဟု အခင္းျဖစ္ပြားသည့္ ေက်းရြာသို႔ ကိုယ္တိုင္သြားေရာက္ကူညီခဲ့သည့္ အမ်ဳိးသားတစ္ဦးက ေျပာၾကားသည္။

ပေယာဂ ဝင္သည္ဆိုကာ (၃)ႏွစ္အရြယ္ ေယာက္်ားေလး ကို ေအာက္တိုဘာ ၁၉ ရက္ည ၁၂ နာရီက စတင္၍ ေျခေထာက္ ႏွင့္နင္းကာ ေရမန္းျဖင့္ပက္ျခင္း၊ ရြတ္ဖတ္ျခင္းမ်ား ျပဳလုပ္ၿပီး ယင္းကေလးငယ္မွာ ႏွစ္နာရီ အၾကာ တြင္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း ရဲအရာရွိက ေျပာသည္။

‘‘အဲဒီပထမဆံုးေသသြားတဲ့ ကေလးကို ရြာနဲ႔တစ္မိုင္ေလာက္ ေဝးတဲ့ ေခ်ာင္းထဲမွာ ကိုယ္တိုင္ သြားပစ္တယ္။ ႀကိဳးဝိုင္းထဲကလူ ေတြကိုလည္း ထမင္းလည္း မေကြၽး၊ ေရလည္းမတိုက္ဘဲထား တာ။ မိဘေတြကလည္း ေဆးမိ ထားတဲ့ပံုစံမ်ဳိး။ သားသမီးကို လုပ္ေနတာေတာင္ ေၾကာင္ၿပီး ၾကည့္ေနၾကတာ’’ဟု ၿမိဳ႕နယ္ ရဲ တပ္ဖြဲ႕မွဴးကဆိုသည္။

ထုိ႔ေနာက္ ေအာက္တိုဘာ ၂၀ ရက္ ည ၁၂ နာရီကစတင္ကာ ရွစ္လအရြယ္မိန္းကေလးတစ္ဦး ႏွင့္ (၂)ႏွစ္အရြယ္ မိန္းကေလး တစ္ဦးတို႔ကို ႐ိုက္ႏွက္ကန္ေက်ာက္ကာ ငယ္ထိပ္ကို လက္ဝါးျဖင့္႐ိုက္ျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး အဆိုပါကေလးႏွစ္ဦးမွာလည္း ေသဆံုးခဲ့ေၾကာင္း ၎က ဆက္လက္ရွင္းျပသည္။

‘‘ေနာက္ ေသတဲ့ကေလးႏွစ္ ေယာက္က်ေတာ့ ဆာလာအိတ္နဲ႔ ထုပ္ၿပီး ေခ်ာင္းကမ္းစပ္က ႏြံထဲ မွာ က်င္းတူးၿပီး ျမႇဳပ္လုိက္တယ္။ အဲဒီအထဲက (၂) ႏွစ္သမီးက ကိုစိုးမင္းရဲ႕ သမီး။ ေနာက္ဆံုး တစ္ႏွစ္အရြယ္ ကေလးကိုလုပ္ ေတာ့မွ ကေလးက ဒဏ္ရာေတြနဲ႔ဆိုေတာ့ ေဆးခန္းလာျပရင္း ဆရာမက ေမးရင္းနဲ႔ ရဲတိုင္ဘာ ညာနဲ႔ေပၚတာ’’ ဟု ၎က ဆို သည္။ေသဆံုးကေလးငယ္သံုးဦး အနက္ ေျမျမႇဳပ္ထားသည့္ ကေလးငယ္ႏွစ္ဦး၏ အေလာင္းမ်ားကို ျပန္လည္ေတြ႕ရွိထားၿပီး ေခ်ာင္းအတြင္း ေမ်ာခ်ခဲ့သည့္ (၃)ႏွစ္အရြယ္ကေလးငယ္ အေလာင္းမွာ ျပန္လည္ မေတြ႕ရွိေသးေၾကာင္း သိရသည္။  ပေယာဂဝင္သည္ဆိုကာ ေနာက္ဆံုးကုသခံခဲ့ရသည့္ တစ္ ႏွစ္သမီးအရြယ္ ကေလးငယ္မွာ ဒဏ္ရာမ်ား ရရွိထားသျဖင့္ ရန္ ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ အတြင္းလူနာအျဖစ္ တင္ပို႔ကုသ ထားၿပီး အသက္အႏၲရာယ္ စိုးရိမ္ စရာမရွိေၾကာင္း တြံေတးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးမွ သိရသည္။

ေဆး႐ံုသို႔ တင္ပို႔ခဲ့သည့္ ကေလးငယ္သည္ ထုိးႀကိတ္ထား ျခင္းေၾကာင့္ မ်က္စိႏွစ္ဖက္ပိတ္ ေနၿပီး လက္ျပန္ႀကိဳးတုပ္ခံရသျဖင့္ ႀကိဳးဒဏ္ရာ၊ ႐ိုက္ႏွက္ထားသည့္ဒဏ္ရာမ်ား ရရွိထားေသာ္ လည္း အတြင္းဒဏ္ရာမရွိေၾကာင္း ေဆး႐ံုသို႔  လိုက္ပါ  ပို႔ေဆာင္ေပးသည့္ စိတၱသုခ ကုသိုလ္ျပဳ အသင္း(တြံေတး)မွ ကိုပီတာက ေျပာသည္။

‘‘ကေလးကို တြံေတးေဆး႐ံု ကေန ရန္ကုန္ကိုေခၚလာေတာ့ ကားေပၚမွာ ေဆးထုိးအပ္ေတြ၊ ပိုက္ေတြ တပ္ထားေတာ့ နည္း နည္း႐ုန္းတာမ်ဳိးေတာ့ရွိတယ္။ ရန္ကုန္ေရာက္ေတာ့ ေဆးထုိး ဘာညာနဲ႔ အိပ္ေပ်ာ္သြားၿပီး ျပန္ ႏိုးလာေတာ့ နည္းနည္းၿငိမ္သြား တယ္။ ကေလးက အရမ္းေတာ့ ေၾကာက္ေနတယ္’’ ဟု ၎ကဆို သည္။ သရဲဝင္ပူးသည္ဆုိကာ ကေလးငယ္မ်ားအား ႐ိုက္ႏွက္ ကုသခဲ့သည့္ ပေယာဂဆရာဆိုသူ ထြန္းထြန္းႏိုင္ကို တြံေတးၿမိဳ႕မရဲ စခန္းက လူသတ္မႈပုဒ္မ ၃၀၂ အ ျပင္ ပုဒ္မ ၃၂၅ အျပင္းအထန္နာက်င္ေစမႈ ပုဒ္မ ၂၀၁ သက္ေသခံကို ေဖ်ာက္ဖ်က္ျခင္းတို႔ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသော ကလေးငယ် (ဓာတ်ပုံ − စိတ္တသုခလူမှုကူညီရေးအသင်း ဖေ့စ်ဘွတ်ခ်)

တွံတေးမြို့နယ် ပသီ ကုန်းကျေးရွာနေ အသက်(၅)နှစ် အောက် ကလေးငယ်လေးဦးကို သရဲဝင်ပူးသည်ဆိုကာ ပယောဂ ဆရာဆိုသူက ရိုက်နှက်ကုသရာမှ ကလေးငယ်သုံးဦး သေဆုံး၍ တစ်ဦးဒဏ်ရာများ ရရှိကြောင်း သတင်းရရှိသည်။

‘‘အခုသေသွားတဲ့ကလေး တွေနဲ့ သူ့မိဘတွေကတော့ ရွာထဲ မှာနေတာမဟုတ်ဘူး။ ရွာအပြင် မှာနေတာ။ အိမ်လေး လေးလုံး တန်းစီဆောက်ထားတာ။ လေး အိမ်တန်းလေးပေါ့’’ဟု တွံတေး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး က ဆိုသည်။

ကလေးငယ်များကို ရိုက် နှက်ကာ ပယောဂ ကုပေးသည့် အမျိုးသားသည် မအူပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှဖြစ်ပြီး အသက်(၃၀) အရွယ် ထွန်းထွန်းနိုင်ဆိုသူ ဖြစ်သည်။ ၎င်းသည် ပသီကျေးရွာသားဦးစိုးမင်းဆိုသူနှင့် ယင်းရွာသို့ အလည်လိုက်လာချိန် ကလေးငယ်များကို သရဲပူးသည်ဆိုကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း တွံ တေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘သူက ပယောဂဆရာလိုလို ဗေဒင်ဆရာလိုလိုပဲ။ အဲဒီရွာကို အလည်လိုက်လာတာ။ ပြီးတော့ ရွာမှာ မကောင်းဆိုးရွားတွေရှိ တယ်။ ထုတ်ပေးမယ်။ မထုတ်ရင် အားလုံးသေကုန်မယ်ပြောပြီး ကလေးရော၊ လူကြီးရော အယောက် ၂၀ လောက်ကို ကြိုးဝိုင်းထဲထိုင်ခိုင်းထားပြီး အပြင်ထွက်ရင် သေကုန်မယ်လို့ပြောတယ်။ ပြီးတော့မှ ကလေးတွေကို အရင်စလုပ်တာ’’ဟု ၎င်းကဆိုသည်။

‘‘အဲဒီမှာ (ပသီချောင်းအနီး လေးအိမ်တန်း)နေတဲ့သူတွေက ငါးကန် အလုပ်သမားတွေ။ သူတို့ သူဌေးက အဲဒီဆရာဆီမှာ ဗေဒင် သွားတွက်တာ။ လိုက်သွားတဲ့သူ ကိုလည်း လက္ခဏာ ကြည့်ပေး တော့ မှန်တယ်ဆိုပြီး ရွာကိုပင့် လာတာ။ ရွာရောက်တော့ ရွာမှာ မကောင်းဆိုးဝါးတွေရှိနေတယ်။ အမွေးတွေရှည်နေပြီ၊ အစွယ်တွေ ထွက်နေပြီဆိုပြီး ခြောက်ပြီးတော့ ကုတာ’’ ဟု အခင်းဖြစ်ပွားသည့် ကျေးရွာသို့ ကိုယ်တိုင်သွားရောက်ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ပယောဂ ဝင်သည်ဆိုကာ (၃)နှစ်အရွယ် ယောက်ျားလေး ကို အောက်တိုဘာ ၁၉ ရက်ည ၁၂ နာရီက စတင်၍ ခြေထောက် နှင့်နင်းကာ ရေမန်းဖြင့်ပက်ခြင်း၊ ရွတ်ဖတ်ခြင်းများ ပြုလုပ်ပြီး ယင်းကလေးငယ်မှာ နှစ်နာရီ အကြာ တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။

‘‘အဲဒီပထမဆုံးသေသွားတဲ့ ကလေးကို ရွာနဲ့တစ်မိုင်လောက် ဝေးတဲ့ ချောင်းထဲမှာ ကိုယ်တိုင် သွားပစ်တယ်။ ကြိုးဝိုင်းထဲကလူ တွေကိုလည်း ထမင်းလည်း မကျွေး၊ ရေလည်းမတိုက်ဘဲထား တာ။ မိဘတွေကလည်း ဆေးမိ ထားတဲ့ပုံစံမျိုး။ သားသမီးကို လုပ်နေတာတောင် ကြောင်ပြီး ကြည့်နေကြတာ’’ဟု မြို့နယ် ရဲ တပ်ဖွဲ့မှူးကဆိုသည်။

ထို့နောက် အောက်တိုဘာ ၂၀ ရက် ည ၁၂ နာရီကစတင်ကာ ရှစ်လအရွယ်မိန်းကလေးတစ်ဦး နှင့် (၂)နှစ်အရွယ် မိန်းကလေး တစ်ဦးတို့ကို ရိုက်နှက်ကန်ကျောက်ကာ ငယ်ထိပ်ကို လက်ဝါးဖြင့်ရိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါကလေးနှစ်ဦးမှာလည်း သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

‘‘နောက် သေတဲ့ကလေးနှစ် ယောက်ကျတော့ ဆာလာအိတ်နဲ့ ထုပ်ပြီး ချောင်းကမ်းစပ်က နွံထဲ မှာ ကျင်းတူးပြီး မြှုပ်လိုက်တယ်။ အဲဒီအထဲက (၂) နှစ်သမီးက ကိုစိုးမင်းရဲ့ သမီး။ နောက်ဆုံး တစ်နှစ်အရွယ် ကလေးကိုလုပ် တော့မှ ကလေးက ဒဏ်ရာတွေနဲ့ဆိုတော့ ဆေးခန်းလာပြရင်း ဆရာမက မေးရင်းနဲ့ ရဲတိုင်ဘာ ညာနဲ့ပေါ်တာ’’ ဟု ၎င်းက ဆို သည်။သေဆုံးကလေးငယ်သုံးဦး အနက် မြေမြှုပ်ထားသည့် ကလေးငယ်နှစ်ဦး၏ အလောင်းများကို ပြန်လည်တွေ့ရှိထားပြီး ချောင်းအတွင်း မျောချခဲ့သည့် (၃)နှစ်အရွယ်ကလေးငယ် အလောင်းမှာ ပြန်လည် မတွေ့ရှိသေးကြောင်း သိရသည်။  ပယောဂဝင်သည်ဆိုကာ နောက်ဆုံးကုသခံခဲ့ရသည့် တစ် နှစ်သမီးအရွယ် ကလေးငယ်မှာ ဒဏ်ရာများ ရရှိထားသဖြင့် ရန် ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသ ထားပြီး အသက်အန္တရာယ် စိုးရိမ် စရာမရှိကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ သိရသည်။

ဆေးရုံသို့ တင်ပို့ခဲ့သည့် ကလေးငယ်သည် ထိုးကြိတ်ထား ခြင်းကြောင့် မျက်စိနှစ်ဖက်ပိတ် နေပြီး လက်ပြန်ကြိုးတုပ်ခံရသဖြင့် ကြိုးဒဏ်ရာ၊ ရိုက်နှက်ထားသည့်ဒဏ်ရာများ ရရှိထားသော် လည်း အတွင်းဒဏ်ရာမရှိကြောင်း ဆေးရုံသို့  လိုက်ပါ  ပို့ဆောင်ပေးသည့် စိတ္တသုခ ကုသိုလ်ပြု အသင်း(တွံတေး)မှ ကိုပီတာက ပြောသည်။

‘‘ကလေးကို တွံတေးဆေးရုံ ကနေ ရန်ကုန်ကိုခေါ်လာတော့ ကားပေါ်မှာ ဆေးထိုးအပ်တွေ၊ ပိုက်တွေ တပ်ထားတော့ နည်း နည်းရုန်းတာမျိုးတော့ရှိတယ်။ ရန်ကုန်ရောက်တော့ ဆေးထိုး ဘာညာနဲ့ အိပ်ပျော်သွားပြီး ပြန် နိုးလာတော့ နည်းနည်းငြိမ်သွား တယ်။ ကလေးက အရမ်းတော့ ကြောက်နေတယ်’’ ဟု ၎င်းကဆို သည်။ သရဲဝင်ပူးသည်ဆိုကာ ကလေးငယ်များအား ရိုက်နှက် ကုသခဲ့သည့် ပယောဂဆရာဆိုသူ ထွန်းထွန်းနိုင်ကို တွံတေးမြို့မရဲ စခန်းက လူသတ်မှုပုဒ်မ ၃၀၂ အ ပြင် ပုဒ်မ ၃၂၅ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၂၀၁ သက်သေခံကို ဖျောက်ဖျက်ခြင်းတို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top