Property Expo
×

အမ်ဳိးသမီးတစ္ဦးဟာ သူမရဲ႕ မဂၤလာဝတ္စံုကို အခ်ည္းႏွီးမျဖစ္ေစတဲ့ နည္းလမ္းတစ္ခုကို ရွာေတြ႕ခဲ့ပါတယ္။ အဲဒါကေတာ့ အဲဒီဝတ္စံုကို ခဏခဏ ၀တ္ျခင္းပါပဲ။

မန္ဆက္ခ်ဴးဆက္ျပည္နယ္၊ ကိန္းဘရစ္ခ်္ၿမိဳ႕မွာ ေနထုိင္တဲ့ ဆမန္သာဘန္းစ္ဟာ သူမရဲ႕ သတုိ႔သမီးဝတ္စံုကို ေဂါက္႐ိုက္ခ်ိန္၊ အိမ္အလုပ္လုပ္ခ်ိန္၊ ပန္ကိတ္စားခ်ိန္၊ အေပ်ာ္စီးသေဘၤာေပၚမွာ ကခ်ိန္နဲ႔ မဂၤလာႏွစ္ပတ္လည္ေန႔တုိင္း ဝတ္ပါတယ္။

အသက္ ၃၀ ႏွစ္အရြယ္ စမန္သာဟာ ဒါရန္္ဆုိတဲ့အမ်ဳိးသားနဲ႔ ၂၀၁၄ ခုႏွစ္ ၾသဂုတ္လအတြင္းက လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေန႔နဲ႔ အဲဒီဝတ္စံုက သူမအတြက္ သီးသန္႔ေပ်ာ္ရႊင္မႈေလး ရရွိေစခဲ့တဲ့အတြက္ အဲဒီခံစားခ်က္ကို သူမက လက္မလႊတ္ခ်င္ပါဘူး။

"မဂၤလာေဆာင္တဲ့ေန႔က မဂၤလာဝတ္စံုကို ခၽြတ္မယ္လုပ္ေတာ့ အဲဒီစိတ္္ကူးကို ရခဲ့တာပါ။ ကၽြန္မတုိ႔ရဲ႕အထူးျခားဆံုးေန႔ေလးရဲ႕ ၾကက္ႏူးမႈကို ဆက္ၿပီး ရွိိေနေစခ်င္တယ္" လို႔ သူမက ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ မင်္ဂလာဝတ်စုံကို အချည်းနှီးမဖြစ်စေတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ အဲဒီဝတ်စုံကို ခဏခဏ ဝတ်ခြင်းပါပဲ။

မန်ဆက်ချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ချ်မြို့မှာ နေထိုင်တဲ့ ဆမန်သာဘန်းစ်ဟာ သူမရဲ့ သတို့သမီးဝတ်စုံကို ဂေါက်ရိုက်ချိန်၊ အိမ်အလုပ်လုပ်ချိန်၊ ပန်ကိတ်စားချိန်၊ အပျော်စီးသင်္ဘောပေါ်မှာ ကချိန်နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်း ဝတ်ပါတယ်။

အသက် ၃၀ နှစ်အရွယ် စမန်သာဟာ ဒါရန်ဆိုတဲ့အမျိုးသားနဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့နဲ့ အဲဒီဝတ်စုံက သူမအတွက် သီးသန့်ပျော်ရွှင်မှုလေး ရရှိစေခဲ့တဲ့အတွက် အဲဒီခံစားချက်ကို သူမက လက်မလွှတ်ချင်ပါဘူး။

"မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာဝတ်စုံကို ချွတ်မယ်လုပ်တော့ အဲဒီစိတ်ကူးကို ရခဲ့တာပါ။ ကျွန်မတို့ရဲ့အထူးခြားဆုံးနေ့လေးရဲ့ ကြက်နူးမှုကို ဆက်ပြီး ရှိနေစေချင်တယ်" လို့ သူမက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top