Property Expo
×

ဗိုလ္ခ်ဳပ္ေဟာင္း ဦးေနဝင္းရဲ့ ေျမးႏွစ္ဦးျဖစ္တဲ့ ဦးဇြဲေနဝင္းနဲ႔ ဦးေက်ာ္ေနဝင္းတုိ႔ဟာ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ ေလယာဥ္ကြင္းတည္ေဆာက္လိုေၾကာင္းနဲ႔ ဆုိလာစနစ္နဲ႔ လွ်ပ္စစ္ျဖန္႔ေဝေရး လုပ္ငန္းေတြ ေဆာင္ရြက္လိုေၾကာင္း ျပည္နယ္အစိုးရအဖဲြ႔ထံ တင္ျပထားတယ္လို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ စီမံကိန္းနဲ႔ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၂၇ ရက္ေန႔က ေတာင္ႀကီးၿမိဳ႕မွာရွိတဲ့ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ရံုးကို လာၿပီး တင္ျပခဲ့တာျဖစ္တယ္လို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ဝင္ စီမံကိန္းနဲ႔ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာပါတယ္။

"ေလယာဥ္ကြင္း မူဆယ္မွာတည္ေဆာက္ဖို႔ကိစၥကို လာေရာက္တင္ျပတာေပါ့ေနာ္၊ ေနာက္သူတို႔ လက္ရွိ ဘာလုပ္ငန္းေတြ လုပ္ကိုင္ေနတယ္ဆိုတာကိုလည္း ရွင္းလင္းတင္ျပတယ္၊ သူတို႔ကေတာ့ လုပ္ခ်င္တယ္ပဲ ေျပာမွာေပါ့၊ ဒီဘက္က သံုးသပ္ေပးရမွာက စီမံကိန္းတစ္ခုရဲ႕ ရည္ရြယ္ခ်က္ရွိရမယ္၊ အက်ိဳးအျမတ္ေတြရွိရမယ္၊ ေနာက္ၿပီးေတာ့ impact area ေတြ ဘယ္ေလာက္သြားမလဲ အဲဒါေတြ အကုန္လံုးတြက္ခ်က္ရမယ္၊ ေနာက္ investor ေတြက ဘယ္သူေတြလဲ၊ ေနာက္ၿပီးေတာ့ ေငြေရး ေၾကးေရးက ဘယ္ကလာလဲ၊ အဲဒါေတြကို ေသခ်ာတြက္ခ်က္ၿပီးေတာ့မွ လုပ္ရတာေလ၊ အလုပ္တစ္ခုက အင္းအင္း အင္းအင္း ဆိုၿပီးေတာ့ ဇြတ္လက္မွတ္ထိုးလို႔မရဘူးေလ"

ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ ေလယာဥ္ကြင္းတည္ေဆာက္ဖို႔အတြက္ စီးပြားေရးလုပ္ငန္းရွင္ ဦးေတဇရဲ႕ ထူးကုမၸဏီ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ဝန္ႀကီးေဟာင္း ဦးစိုင္းအိုက္ေပါင္းရဲ႕ ေရႊရွမ္းျပည္ကုမၸဏီ တုိ႔ကလည္း တင္ျပထားတယ္လို႔ ေျပာပါတယ္။

လတ္တေလာမွာ မူဆယ္ၿမိဳ႕နယ္အတြင္း ေလယာဥ္ကြင္း တည္ေဆာက္ဖို႔ ေလေၾကာင္းဦးစီးဌာနမွာ အစီအစဥ္မရွိေသးေၾကာင္း၊ စီမံကိန္းအႀကီးစားေတြကို ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔သာ ခြင့္ျပဳရတာျဖစ္ေၾကာင္း၊ လုပ္ငန္းျဖစ္ႏိုင္ေျခနဲ႔ ေဒသခံေတြရဲ႕ အျမင္သေဘာထားကုိသာ ရွမ္းျပည္နယ္အစိုးရအဖြဲ႔က ျပည္ေထာင္စုအစိုးရထံ တင္ျပရတာျဖစ္ေၾကာင္း ျပန္လည္ရွင္းျပ ခဲ့တယ္လို႔လည္း ေျပာပါတယ္။

မူဆယ္ၿမိဳ႕ဟာ တရုတ္-ျမန္မာ နယ္စပ္ၿမိဳ႕ျဖစ္တာေၾကာင့္ ေလယာဥ္ကြင္းတည္ေဆာက္မယ္ဆိုရင္ စစ္ေရးနဲ႔ ကာကြယ္ေရး သေဘာထားအျမင္ေတြ လိုအပ္တာေၾကာင့္ တပ္မေတာ္တာဝန္ရွိသူေတြနဲ႔လည္း ညိွႏိႈင္းေဆာင္ရြက္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:RFA Burmese

#Unicode Version
ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက်လိုကြောင်းနဲ့ ဆိုလာစနစ်နဲ့ လျှပ်စစ်ဖြန့်ဝေရေး လုပ်ငန်းတွေ ဆောင်ရွက်လိုကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို လာပြီး တင်ပြခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

"လေယာဉ်ကွင်း မူဆယ်မှာတည်ဆောက်ဖို့ကိစ္စကို လာရောက်တင်ပြတာပေါ့နော်၊ နောက်သူတို့ လက်ရှိ ဘာလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာကိုလည်း ရှင်းလင်းတင်ပြတယ်၊ သူတို့ကတော့ လုပ်ချင်တယ်ပဲ ပြောမှာပေါ့၊ ဒီဘက်က သုံးသပ်ပေးရမှာက စီမံကိန်းတစ်ခုရဲ့ ရည်ရွယ်ချက်ရှိရမယ်၊ အကျိုးအမြတ်တွေရှိရမယ်၊ နောက်ပြီးတော့ impact area တွေ ဘယ်လောက်သွားမလဲ အဲဒါတွေ အကုန်လုံးတွက်ချက်ရမယ်၊ နောက် investor တွေက ဘယ်သူတွေလဲ၊ နောက်ပြီးတော့ ငွေရေး ကြေးရေးက ဘယ်ကလာလဲ၊ အဲဒါတွေကို သေချာတွက်ချက်ပြီးတော့မှ လုပ်ရတာလေ၊ အလုပ်တစ်ခုက အင်းအင်း အင်းအင်း ဆိုပြီးတော့ ဇွတ်လက်မှတ်ထိုးလို့မရဘူးလေ"

ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဦးစိုင်းအိုက်ပေါင်းရဲ့ ရွှေရှမ်းပြည်ကုမ္ပဏီ တို့ကလည်း တင်ပြထားတယ်လို့ ပြောပါတယ်။

လတ်တလောမှာ မူဆယ်မြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ဖို့ လေကြောင်းဦးစီးဌာနမှာ အစီအစဉ်မရှိသေးကြောင်း၊ စီမံကိန်းအကြီးစားတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ခွင့်ပြုရတာဖြစ်ကြောင်း၊ လုပ်ငန်းဖြစ်နိုင်ခြေနဲ့ ဒေသခံတွေရဲ့ အမြင်သဘောထားကိုသာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ တင်ပြရတာဖြစ်ကြောင်း ပြန်လည်ရှင်းပြ ခဲ့တယ်လို့လည်း ပြောပါတယ်။

မူဆယ်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တာကြောင့် လေယာဉ်ကွင်းတည်ဆောက်မယ်ဆိုရင် စစ်ရေးနဲ့ ကာကွယ်ရေး သဘောထားအမြင်တွေ လိုအပ်တာကြောင့် တပ်မတော်တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top