Kantharyar Centre
×



တွက်နည်း



၂ + ၁ + ၄ + ၁ + ၂ + ၃ + (၂ + ၀ + ၁ + ၆) = ၂၂
၂ + ၂ = ၎

အဖြေ = ၎









၎. အေးအေးဆေးဆေးနေနိုင်မည့် နှစ်ယောက်















Credit:Chelmo Team

#Unicode Version
၂၀၁၆ နှစ်သစ်မှာသူနဲ့ ပိုပြီး နီးနီးကပ်ကပ်နေချင်သူ၊ သူငယ်ချင်းကနေ ရည်စားအဆင့်တတ်ချင်သူ၊ ချစ်သူဘဝမှ လက်ထပ်ချင်သူများအတွက်ဖြစ်ပါတယ်။

နှစ်ယောက်ဟာ လိုက်ဖက်ညီလား မညီဘူးလားကို ဗေဒင်လေးမေးကြည့်လိုက်ရအောင်နော်။

တွက်နည်း


၁. သင်နဲ့ သင်ကကြိုက်နှစ်သက်သူရဲ့ မွေးနေ့ကို ပေါင်းပြီး၊ နောက်ဆုံးတွင် ၂၀၁၆ ကိုထပ်ပေါင်းပါ။

ဥပမာ - သင်က ၂လ၁၄ရက် နှင့် သူက ၁၂လ၃ရက် ဆိုရင်

၂ + ၁ + ၄ + ၁ + ၂ + ၃ + (၂ + ၀ + ၁ + ၆) = ၂၂
၂ + ၂ = ၄

အဖြေ = ၄

အကယ်၍ အဖြေက ၁၀ ဖြစ်ခဲ့ရင် ၁ ဖြစ်ပါမည်။

ကဲစာဖတ်ပရိသတ်ကြီးရဲ့ အရေးကြီးဆုံးသောသူနဲ့ လိုက်ဖက်ညီလားကို ကြည့်လိုက်ရအောင်လား။

၁. ဘာမဆိုတိုင်ပင်ပြီး ရှေ့ဆက်သွားနိုင်မည်

အတူတူနေရင် ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပါ။ အတွေးအခေါ်တွေမတူတာကြောင့် တခါတလေတော့ ရန်ဖြစ်ရပါလိမ့်မယ်။ ရည်မှန်းချက်ပန်းတိုင်တခုကို ဦးတည်ပြီး ကြိုးစားနိုင်ပါလိမ့်မယ်။
ချစ်သူတွေဖြစ်နေကြပြီဆိုရင်တော့ ဘဝလက်တွဲဖော်ဖြစ်မှာ မလွဲပါ။ လုပ်ငန်း (သို့) အလုပ်အသစ်ကို စရင်ကောင်းပါမည်။ တစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်နေပြီး ပတ်ဝန်းကျင်ကိုလည်း သတိထားဖို့မမေ့နဲ့နော်။

၂. လူကြီးဆန်သော နှစ်ယောက်

သိတာ ကြိုက်တာကြာပြီဆိုရင် နှစ်ယောက်စလုံးဟာ တဖြည်းဖြည်းလူကြီးဆန်လာပါလိမ့်မယ်။ တစ်ယောက်အနားမှာ တစ်ယောက်ရှိနေတယ်ဆိုရင်ပဲ စိတ်အေးချမ်းဖြင့် နေထိုင်နိုင်မှာပါ။
တစ်ယောက်နဲ့တစ်ယောက် တည့်တိုးပြောခြင်းထက် အေးအေးဆေးဆေး တိုင်ပင်နိုင်မှသာလျှင် အဆင်ပြေပါလိမ့်မယ်။

၃. အမြဲတမ်း ပြုံးပျော်ရွှင်နေနိုင်မည့် နှစ်ယောက်

တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းနဲ့တောင် ရယ်ချင်စိတ်တွေပေါ်လာသည်အထိ အမြဲတမ်း ပြုံးပျော်ရွှင်နိုင်မယ့် အတွဲဖြစ်ပါလိမ့်မယ်။ သူ့အကြောင်းကိုတွေးယုံနဲ့စိတ်ထဲမှာပျော်နေမှာပါ။
ဘယ်လောက်ပဲအခက်အခဲတွေနဲ့ကြုံတွေ့နေပါစေ နှစ်ယောက်စလုံးဟာ အဆုံးထဲကအကောင်းကိုရှာဖွေပြီး ပျော်အောင်နေတတ်မဲ့သူ နှစ်ယောက်ပါ။

၄. အေးအေးဆေးဆေးနေနိုင်မည့် နှစ်ယောက်

တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ပြီး အလုပ်လုပ်သွားနိုင်မည့် နှစ်ယောက်ဖြစ်မှာပါ။ ချက်ချင်းဆိုသလို ယုံကြည်မူကိုရရှိနိုင်မယ်လို့မထင်ပင်မဲ့ အချိန်ကစကားပြောပါလိမ့်မယ်။
ရည်စားတွေဖြစ်နေကြပြီဆိုရင်တော့ အနာဂတ်အတွက် လိုက်ဖက်ညီသော အတွဲဖြစ်မှာပါ။

၅. ဘာဖြစ်မလဲဆိုတာကို ကြိုတွေးလို့မရနိုင်သော နှစ်ယောက်

နှစ်ယောက်အတူတူရှိတယ်ဆိုရင်ပဲ အင်အားတွေရှီတာပြီး ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့အတွေးတွေနဲ့ စိန်ခေါ်မူတွေကို ရင်ဆိုင်နိုင်မှာပါ။ တက်တက်ကြွကြွ သွားလာလှုပ်ရှားနိုင်သူများဖြစ်ပါလိမ့်မယ်။
အမြဲတမ်း တက်တက်ကြွကြွရှိတာကြောင့် အခွင့်အရေးရရင် ထိုအခွင့်အရေးကို လက်လွတ်မခံပဲ အမိအရ ဆုပ်ကိုင်နိုင်မှာပါ။ ရည်စားတွေဖြစ်နေကြပြီဆိုရင်တော့ အချစ်မလွန်စေရန် သတိထားပါ။

၆. ပျော်ပျော်နေတတ်သော နှစ်ယောက်

လူငယ်တွေလို လေးလေးပင်ပင် မတွေးပဲ ပျော်ပျော်နေတတ်သူများဖြစ်ပါလိမ့်မယ်။ ငယ်တုန်းကအကြောင်းတွေကို ပြန်တွေးပြီး စိတ်ကူးယဉ်နေတတ်သူလဲဖြစ်ပါတယ်။
စွန်းစားရမဲ့အကြောင်းကိစ္စတွေကို စိတ်ဝင်စားပြီး ဘာဖြစ်လာမလဲဆိုတာကို တွေးပြီးပျော်နေတတ်သူပါ။ ရည်စားတွေဖြစ်နေပြီဆိုရင်တော့ ပတ်ဝန်းကျင်ကတော့ ကြောင်တောင်တောင်အတွဲလို့ ထင်ပါလိမ့်မယ်။

၇. ထူးခြားသော အတွေးအခေါ်ရှိသော နှစ်ယောက်

နှစ်ယောက်ကြားထဲမှာသာရှိသော လျို့ဝှက်ထားရမဲ့အကြောင်းလေးတွေရှိနေတတ်ပါတယ်။ တစ်ယောက် တစ်နေရာမှာရှိနေရင်လည်း တန်ဖိုးထားတဲ့အရာက အတူတူဖြစ်နေတာကြောင့် စိတ်ပူစရာမလိုပါ။
အကြောင်းကြောင်းကြောင့် ဝေးကွာနေရင်လည်း ရည်မှန်းချက်က အတူတူဖြစ်တာကြောင့် ယုံကြည်မူတွေရှိနေမှာပါ။

၈. ခွဲခွာရန် မလွယ်သော နှစ်ယောက်

ချစ်သူငယ်ချင်း၊ ရည်စားတွေပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာနိုင်သူများဖြစ်ပါလိမ့်မယ်။ ဘာတွေပဲဖြစ်ဖြစ် နှစ်ယောက်အတူရှိနေတာကို သဘောကျလက်ခံမည့်သူများပါ။
ဒါကြောင့် နှစ်ယောက်အတူတူရှိရန်ကို အလေးပေး စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။

၉. သစ္စာရှိသော နှစ်ယောက်

တစ်ယောက်ကို တစ်ယောက် အားပေးအားမြှောက်လုပ်ပေးနိုင်ခြင်း၊ လေးစားမူရှိခြင်းတွေကြောင့် ရေရှည်လက်တွဲသွားနိုင်မဲ့ အတွဲတွေဖြစ်ပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူတွေရှိနေတာကြောင့်
ကြိုးစားမူတွေကို ချုပ်ချယ်ခြင်းမပြုပဲ အမြဲတမ်း အားပေးနေနိုင်သောသူများဖြစ်ပါလိမ့်မယ်။

နံဂိုးအနေဖြင့် လူလောကကြီးထဲမှာ အချိန်အပေါ်မှာမူတည်ပြီး သွားလာလှုပ်ရှားနေရတဲ့အတွက် အခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲမူတွေနဲ့ ကြုံတွေ့ရမှာ မလွဲပါ။ ဒီအခက်အခဲတွေကို မကြောက်မရွံ့ပဲ ရင်ဆိုင်သွားနိုင်ဖို့သာ အဓိကပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top