Property Expo
×

 အေျခအျမစ္ မရွိသည့္ စကားမ်ား နားမခံသာေအာင္ ညည္းညဴေနမႈမ်ိဳးကို ေဒၚနယ္လ္ထရမ့္ အေနျဖင့္ ရပ္တန္႔သင့္ၿပီဟု အေမရိကန္ သမၼတ ဘာရတ္ အိုဘားမားက ေျပာၾကားလုိက္သည္။


ဒီမုိကရက္ ပါတီကို ကိုယ္စားျပဳၿပီး သမၼတ ျဖစ္လာသည့္ အိုဘားမားက လာမည့္ ေရြးေကာက္ပြဲတြင္ ၿပိဳင္ဘက္ ရီပတ္ဘလစ္ကန္ ပါတီ၏ သမၼတေလာင္း အေနျဖင့္ ပါဝင္ယွဉ္ၿပိဳင္မည့္ ဘီလီယံနာ သူေဌးႀကီး၏ အျငင္းပြားဖြယ္ မွတ္ခ်က္မ်ားအေပၚ ယခုလို တံု႔ျပန္ခဲ့ျခင္း ျဖစ္သည္။

ထရမ့္က ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲတြင္ မဲရလဒ္ကို ၿပိဳင္ဘက္ သမၼတေလာင္း ဟီလာရီ ကလင္တန္ အသာရေစရန္အတြက္ မသမာေသာ နည္းလမ္းမ်ားျဖင့္ ေျပာင္းလဲထားမႈမ်ား ရွိလာႏုိင္ေၾကာင္း စြပ္စြဲထားသည္။

ဝါရွင္တန္သို႔ အလည္အပတ္ ေရာက္ရွိေနသည့္ အီတလီ ဝန္ႀကီးခ်ဳပ္ မက္တီယိုရန္ဇီႏွင့္အတူ ေအာက္တိုဘာ ၁၈ ရက္က အိမ္ျဖဴေတာ္၌ သတင္းေထာက္မ်ားကို ေတြ႕ဆံုရာတြင္ အိုဘားမားက “မစၥတာထရမ့္ အေနနဲ႔ မဲရခ်င္ လုိ႔ဆိုၿပီး နားမခံသာေအာင္ ေလွ်ာက္ညည္းေနတာေတြ ရပ္သင့္ၿပီလုိ႔ ကၽြန္ေတာ္ အႀကံျပဳလုိက္ခ်င္တယ္”ဟု ေျပာၾကားခဲ့သည္။

၎က “စကားမစပ္ ေျပာလုိက္ဦးမယ္။ အခု သူလုပ္ေနတာေတြက သမၼတ တစ္ေယာက္အျဖစ္ ထုိက္တန္ေၾကာင္း ျပသဖို႔ လိုအပ္တဲ့ ဦးေဆာင္မႈနဲ႔ မာေၾကာမႈမ်ိဳးေတြ မဟုတ္ဘူး။ ပြဲမစခင္ကတည္းက ညည္းညဴေနတယ္ ဆိုရင္ေတာ့ ပြဲၿပီးသြားၿပီလုိ႔ေတာင္ ႀကိဳေျပာႏုိင္တယ္။ ကိုယ့္အတြက္ အေျခအေန မေကာင္းရင္ တစ္ေယာက္ေယာက္ကို စၿပီး ျပစ္တင္ေဝဖန္ေနၿပီ ဆိုရင္ေတာ့ ဒီရာထူး၊ ဒီတာဝန္အတြက္ အလုပ္ျဖစ္မွာ မဟုတ္ဘူး”ဟုလည္း ဆိုသည္။

ထရမ့္သည္ ယခင္က ကလင္တန္ႏွင့္ အႀကိတ္အနယ္ အၿပိဳင္အဆိုင္ ျဖစ္ေနခဲ့ေသာ္လည္း ၂၀၀၅ ခုႏွစ္အတြင္း အမ်ိဳးသမီးမ်ားကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားေျပာဆိုထားသည့္ ဗီဒီယိုတစ္ခု ထြက္ေပၚလာသည့္ေနာက္ပိုင္း လူထုေထာက္ခံမႈ သိသာစြာ က်ဆင္းလာသည့္ အေျခအေနႏွင့္ ရင္ဆုိင္ေနရေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

 အခြေအမြစ် မရှိသည့် စကားများ နားမခံသာအောင် ညည်းညူနေမှုမျိုးကို ဒေါ်နယ်လ်ထရမ့် အနေဖြင့် ရပ်တန့်သင့်ပြီဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။


ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ဖြစ်လာသည့် အိုဘားမားက လာမည့် ရွေးကောက်ပွဲတွင် ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီ၏ သမ္မတလောင်း အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ဘီလီယံနာ သူဌေးကြီး၏ အငြင်းပွားဖွယ် မှတ်ချက်များအပေါ် ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲရလဒ်ကို ပြိုင်ဘက် သမ္မတလောင်း ဟီလာရီ ကလင်တန် အသာရစေရန်အတွက် မသမာသော နည်းလမ်းများဖြင့် ပြောင်းလဲထားမှုများ ရှိလာနိုင်ကြောင်း စွပ်စွဲထားသည်။

ဝါရှင်တန်သို့ အလည်အပတ် ရောက်ရှိနေသည့် အီတလီ ဝန်ကြီးချုပ် မက်တီယိုရန်ဇီနှင့်အတူ အောက်တိုဘာ ၁၈ ရက်က အိမ်ဖြူတော်၌ သတင်းထောက်များကို တွေ့ဆုံရာတွင် အိုဘားမားက “မစ္စတာထရမ့် အနေနဲ့ မဲရချင် လို့ဆိုပြီး နားမခံသာအောင် လျှောက်ညည်းနေတာတွေ ရပ်သင့်ပြီလို့ ကျွန်တော် အကြံပြုလိုက်ချင်တယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “စကားမစပ် ပြောလိုက်ဦးမယ်။ အခု သူလုပ်နေတာတွေက သမ္မတ တစ်ယောက်အဖြစ် ထိုက်တန်ကြောင်း ပြသဖို့ လိုအပ်တဲ့ ဦးဆောင်မှုနဲ့ မာကြောမှုမျိုးတွေ မဟုတ်ဘူး။ ပွဲမစခင်ကတည်းက ညည်းညူနေတယ် ဆိုရင်တော့ ပွဲပြီးသွားပြီလို့တောင် ကြိုပြောနိုင်တယ်။ ကိုယ့်အတွက် အခြေအနေ မကောင်းရင် တစ်ယောက်ယောက်ကို စပြီး ပြစ်တင်ဝေဖန်နေပြီ ဆိုရင်တော့ ဒီရာထူး၊ ဒီတာဝန်အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။

ထရမ့်သည် ယခင်က ကလင်တန်နှင့် အကြိတ်အနယ် အပြိုင်အဆိုင် ဖြစ်နေခဲ့သော်လည်း ၂၀၀၅ ခုနှစ်အတွင်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုထားသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည့်နောက်ပိုင်း လူထုထောက်ခံမှု သိသာစွာ ကျဆင်းလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top