Kantharyar Centre
×

ေဒၚနယ္လ္ထရမ့္ အေနျဖင့္ ၁၈ ႏွစ္တာ ဝင္ေငြခြန္ေဆာင္ရန္ ပ်က္ကြက္ခဲ့ေၾကာင္း စြပ္စြဲမႈမ်ား ထြက္ေပၚလာၿပီးေနာက္ ၎၏ သမၼတေလာင္း ၿပိဳင္ဘက္ ဟီလာရီ ကလင္တန္က ယင္းသည္ ေဖာက္ျပန္မႈ၏ ျပယုဂ္တစ္ခုအျဖစ္ စြပ္စြဲ ေဝဖန္လိုက္သည္။

New York Times သတင္းစာက ထရမ့္သည္ ၁၉၉၅ ခုႏွစ္တြင္ ေဒၚလာ တစ္ဘီလီယံနီးပါး အ႐ံႈးေပၚခဲ့သည္ကို အေၾကာင္းျပကာ ဥပေဒႏွင့္ လုိက္ေလ်ာညီေထြ က်င့္ႀကံၿပီး ႏွစ္စဉ္ ဝင္ေငြခြန္ ေရွာင္ခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။ ထရမ့္အေနျဖင့္ ၎၏ အခြန္ေဆာင္မႈ မွတ္တမ္းမ်ားကို ထုတ္မျပႏိုင္ေသးရာ New York Times၏ စြပ္စြဲခ်က္ကို ေျဖရွင္းႏုိင္မႈ မရွိေသးေပ။

ထိုသို႔ေသာ အေျခအေနတြင္ ဒီမုိကရက္ပါတီ ကိုယ္စားျပဳ သမၼတေလာင္း ကလင္တန္က သူမ၏ၿပိဳင္ဘက္ ဘီလီယံနာ သူေဌးႀကီးကို ျပင္းထန္စြာ ေဝဖန္ထိုးႏွက္လုိက္သည္။ ကလင္တန္က ရီပတ္ဘလစ္ကန္ ကိုယ္စားျပဳ သမၼတေလာင္း ထရမ့္ကဲ့သို႔ သူမ်ိဳးသည္ စနစ္၏ ေဖာက္ျပန္မႈမ်ားကို ကိုယ္စားျပဳေနေၾကာင္း ဆိုသည္။

“အခု ထရမ့္က ပထမဆံုး ျဖစ္လာရင္ ေနာက္ဆို လူတိုင္းလူတိုင္း သူ႔လို လိုက္လုပ္ၾကလိမ့္မယ္”ဟု အိုဟိုင္ယုိ မဲဆြယ္ပြဲ တစ္ခုတြင္ ကလင္တန္က ေျပာၾကားသြားခဲ့သည္။

သို႔ေသာ္ ထရမ့္ကမူ မိမိသည္ အခြန္ေရွာင္ခဲ့ျခင္း မဟုတ္ဘဲ အခြန္ဥပေဒမ်ားကို အလြန္ပါးနပ္စြာ ကိုင္တြယ္ အသံုးခ်ခဲ့ျခင္းဟု ေျဖရွင္းခဲ့သည္။ “အခြန္ဥပေဒေတြနဲ႔ ပတ္သက္ရင္ ရွိသမွ်လူ အားလံုးနီးပါးထက္ က်ဳပ္ပိုသိတယ္။ ဒါေၾကာင့္ အခြန္ဥပေဒေတြကို ဥပေဒ သတ္မွတ္ခ်က္နဲ႔အညီ က်ဳပ္အတြက္ အခြင့္ေကာင္းျဖစ္ေအာင္၊ က်ဳပ္ရဲ႕ကုမၸဏီအတြက္ ေကာင္းက်ိဳးျဖစ္ေအာင္ အသံုးခ်ခဲ့တာသာ ျဖစ္တယ္”ဟုလည္း ၎က ဆိုသည္။

မည္သို႔ပင္ျဖစ္ေစ ေရြးေကာက္ပြဲ စတင္ရန္ တစ္လမွ်သာ လိုေတာ့သည့္ အခ်ိန္တြင္ ယခုသတင္း ထြက္ေပၚလာျခင္းမွာ ထရမ့္အတြက္ အထိုက္အေလ်ာက္ အထိနာေစမည္ ျဖစ္သည္။ အထူးသျဖင့္ အေမရိကန္ ျပည္သူအမ်ားစုက ၎တို႔၏ ဝင္ေငြကို ခြဲေဝကာ အခြန္ေဆာင္ေနခ်ိန္တြင္ ဘီလီယံနာ သူေဌးႀကီး တစ္ဦးက အခြန္ေရွာင္ေနသည္ဆိုေသာ အခ်က္သည္ စက္ဆုပ္စရာ ျဖစ္ေနသည္။

“ကၽြန္မနဲ႔ ရွင္တို႔အပါအဝင္ အေမရိကန္ မိသားစု သန္းေပါင္းမ်ားစြာက အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္ၿပီး အစိုးရအတြက္ သင့္တင့္တဲ့ အခြန္ေငြကို ခြဲေပးေနရတယ္။ အဲဒီအခ်ိန္မွာ ထရမ့္ကေတာ့ ဘာအခြန္မွ ေပးခဲ့ပံု မရဘူး။ ထရမ့္ဟာ သူကိုယ္တိုင္ ေျပာင္းလဲပစ္မယ္လုိ႔ ေႂကြးေၾကာ္ထားတဲ့ စနစ္လိုပဲ ေဖာက္ျပန္ေနၿပီ ဆိုတာကို ထင္ထင္ရွားရွား ကိုယ္စားျပဳလုိက္တာပါပဲ”ဟု ကလင္တန္က ေဝဖန္သြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဒါ်နယ်လ်ထရမ့် အနေဖြင့် ၁၈ နှစ်တာ ဝင်ငွေခွန်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် ၎င်း၏ သမ္မတလောင်း ပြိုင်ဘက် ဟီလာရီ ကလင်တန်က ယင်းသည် ဖောက်ပြန်မှု၏ ပြယုဂ်တစ်ခုအဖြစ် စွပ်စွဲ ဝေဖန်လိုက်သည်။

New York Times သတင်းစာက ထရမ့်သည် ၁၉၉၅ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလီယံနီးပါး အရှုံးပေါ်ခဲ့သည်ကို အကြောင်းပြကာ ဥပဒေနှင့် လိုက်လျောညီထွေ ကျင့်ကြံပြီး နှစ်စဉ် ဝင်ငွေခွန် ရှောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထရမ့်အနေဖြင့် ၎င်း၏ အခွန်ဆောင်မှု မှတ်တမ်းများကို ထုတ်မပြနိုင်သေးရာ New York Times၏ စွပ်စွဲချက်ကို ဖြေရှင်းနိုင်မှု မရှိသေးပေ။

ထိုသို့သော အခြေအနေတွင် ဒီမိုကရက်ပါတီ ကိုယ်စားပြု သမ္မတလောင်း ကလင်တန်က သူမ၏ပြိုင်ဘက် ဘီလီယံနာ သူဌေးကြီးကို ပြင်းထန်စွာ ဝေဖန်ထိုးနှက်လိုက်သည်။ ကလင်တန်က ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း ထရမ့်ကဲ့သို့ သူမျိုးသည် စနစ်၏ ဖောက်ပြန်မှုများကို ကိုယ်စားပြုနေကြောင်း ဆိုသည်။

“အခု ထရမ့်က ပထမဆုံး ဖြစ်လာရင် နောက်ဆို လူတိုင်းလူတိုင်း သူ့လို လိုက်လုပ်ကြလိမ့်မယ်”ဟု အိုဟိုင်ယို မဲဆွယ်ပွဲ တစ်ခုတွင် ကလင်တန်က ပြောကြားသွားခဲ့သည်။

သို့သော် ထရမ့်ကမူ မိမိသည် အခွန်ရှောင်ခဲ့ခြင်း မဟုတ်ဘဲ အခွန်ဥပဒေများကို အလွန်ပါးနပ်စွာ ကိုင်တွယ် အသုံးချခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။ “အခွန်ဥပဒေတွေနဲ့ ပတ်သက်ရင် ရှိသမျှလူ အားလုံးနီးပါးထက် ကျုပ်ပိုသိတယ်။ ဒါကြောင့် အခွန်ဥပဒေတွေကို ဥပဒေ သတ်မှတ်ချက်နဲ့အညီ ကျုပ်အတွက် အခွင့်ကောင်းဖြစ်အောင်၊ ကျုပ်ရဲ့ကုမ္ပဏီအတွက် ကောင်းကျိုးဖြစ်အောင် အသုံးချခဲ့တာသာ ဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲ စတင်ရန် တစ်လမျှသာ လိုတော့သည့် အချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းမှာ ထရမ့်အတွက် အထိုက်အလျောက် အထိနာစေမည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန် ပြည်သူအများစုက ၎င်းတို့၏ ဝင်ငွေကို ခွဲဝေကာ အခွန်ဆောင်နေချိန်တွင် ဘီလီယံနာ သူဌေးကြီး တစ်ဦးက အခွန်ရှောင်နေသည်ဆိုသော အချက်သည် စက်ဆုပ်စရာ ဖြစ်နေသည်။

“ကျွန်မနဲ့ ရှင်တို့အပါအဝင် အမေရိကန် မိသားစု သန်းပေါင်းများစွာက အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး အစိုးရအတွက် သင့်တင့်တဲ့ အခွန်ငွေကို ခွဲပေးနေရတယ်။ အဲဒီအချိန်မှာ ထရမ့်ကတော့ ဘာအခွန်မှ ပေးခဲ့ပုံ မရဘူး။ ထရမ့်ဟာ သူကိုယ်တိုင် ပြောင်းလဲပစ်မယ်လို့ ကြွေးကြော်ထားတဲ့ စနစ်လိုပဲ ဖောက်ပြန်နေပြီ ဆိုတာကို ထင်ထင်ရှားရှား ကိုယ်စားပြုလိုက်တာပါပဲ”ဟု ကလင်တန်က ဝေဖန်သွားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top