Kantharyar Centre
×

ဓာတုနည္းျဖင့္ သင္းကြပ္ျပစ္ဒဏ္ေပးမႈကို ခြင့္ျပဳသည့္ အင္ဒိုနီးရွား ဥပေဒသစ္သည္ သက္ငယ္မုဒိမ္းမႈ အပါအဝင္ လိင္ရာဇဝတ္မႈမ်ားကို အျမစ္ျဖဳတ္ႏိုင္လိမ့္မည္ဟု သမၼတ ဂ်ဳိကိုဝီဒိုဒိုက BBC သတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။

အစိုးရက တင္သြင္းခဲ့ေသာ ယင္းဥပေဒမွာ ယခုလအေစာပိုင္းတြင္ တင္သြင္းႏိုင္ခဲ့ၿပီး ကေလးသူငယ္မ်ားအေပၚ လိင္အၾကမ္းဖက္သူမ်ားကို ျပင္းထန္သည့္ ျပစ္ဒဏ္မ်ား ေပးအပ္ေရးကို အတည္ျပဳႏိုင္ခဲ့သည္။

“ကြၽန္ေတာ္တို႔ အေျခခံဥပေဒက လူ႔အခြင့္အေရးကို အေလးထားပါတယ္။ ဒါေပမဲ့ လိင္ရာဇဝတ္မႈေတြနဲ႔ ပတ္သက္လာရင္ေတာ့ အေလွ်ာ့ေပးမွာ မဟုတ္ပါဘူး” ဟု သမၼတ ဂ်ဳိကိုဝီက ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ ခိုင္ခိုင္မာမာ လုပ္သြားမွာပါ။ လိင္ရာဇဝတ္မႈေတြ အတြက္ အျမင့္ဆုံးျပစ္ဒဏ္ပဲ ေပးသြားမွာပါ။ ကြၽန္ေတာ့အျမင္အရေတာ့ ဓာတုနည္းနဲ႔ သင္းကြတ္တာဟာ ကြၽန္ေတာ္တို႔ တစ္သတ္မတ္တည္း လုပ္ေဆာင္သြားႏိုင္မယ္ဆိုရင္ လိင္ရာဇဝတ္မႈေတြ ေလ်ာ့က်လာၿပီး ေနာင္မွာ အျမစ္ျဖတ္သြားႏိုင္မယ္လို႔ ထင္ပါတယ္” ဟု အင္ဒိုနီးရွား သမၼတက ေျပာၾကားသည္။

ဥပေဒသစ္အရ ျပစ္ဒဏ္မ်ားတြင္ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေသဒဏ္အထိ ပါဝင္ၿပီး ဓာတုနည္းျဖင့္ သင္းကြပ္ၿပီး အျမင့္ဆုံး ေထာင္ဒဏ္ႏွစ္ႏွစ္ ထပ္ေပါင္းေပးျခင္းလည္း ပါဝင္သည္။

ဧၿပီလအတြင္းက ဆူမားၾတားကြၽန္း၊ ဘန္ကူလူတြင္ ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသူေလးတစ္ဦးကို ရက္စက္စြာ စုဖြဲ႔မုဒိမ္းက်င့္ၿပီး သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ လူထု၏ ေတာင္းဆိုမႈမ်ားေၾကာင့္ သမၼတ ဂ်ဳိကိုဝီက အဆိုပါ ဥပေဒကို ေမလတြင္ လက္မွတ္ထိုးေပးခဲ့သည္။

အင္တာဗ်ဴးတြင္ သမၼတက ေတာင္တ႐ုတ္ပင္လယ္အေရး၊ အက်င့္ပ်က္ျခစားမႈ၊ အခြန္လြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ လိင္တူအခြင့္အေရးအေပၚ အစိုးရ၏ အျမင္မ်ားကို ေျပာၾကားခဲ့သည္။

ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ ပတ္သက္ၿပီး စစ္ဘက္က တရားမဝင္ ငါးဖမ္းမႈမ်ားကို ႏွိမ္နင္းေနသည္ဟု ေျပာၾကားခဲ့သည္။

“ဒီအရာေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ သဘာဝသယံဇာတေတြပါ။ အင္ဒိုနီးရွားရဲ႕ ႂကြယ္ဝမႈေတြပါ။ အခုကစလို႔ ကြၽန္ေတာ္တို႔ အနီးမွာ တရားမဝင္ ငါးဖမ္းေလွေတြ လာကစားလို႔ မရေတာ့ပါဘူး” ဟု သမၼတက ေျပာၾကားခဲ့သည္။

“ဒုတိယအခ်က္က နာတူနာဟာ ကြၽန္ေတာ္တို႔ရဲ႕ ပိုင္နက္ပါ။ နာတူနာဟာ အင္ဒိုနီးရွားပိုင္ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ စစ္ဆင္ေရးေတြ လုပ္ခ်င္ရင္ လုပ္မယ္၊  စစ္ေရးေလ့က်င့္ရင္ က်င့္မယ္။ ဒါကြၽန္ေတာ္တို႔ အခြင့္အေရးပါ။ အခ်ဳပ္အျခာအာဏာပိုင္မႈနဲ႔ ပတ္သက္လာရင္ ကြၽန္ေတာ္ ဘယ္ေတာ့မွ အေလွ်ာ့ေပးမွာ မဟုတ္ပါဘူး” ဟု ဂ်ဳိကိုဝီက ေျပာၾကားခဲ့သည္။

အက်င့္ပ်က္ျခစားမႈ ျပႆနာႏွင့္ ပတ္သက္ၿပီး ေမးျမန္းသည့္ အခါတြင္မူ သမၼတက “ျပင္းထန္တင္းက်ပ္သည့္ ခ်ဥ္းကပ္ပုံ” ျဖင့္ ေျဖရွင္းေနေၾကာင္း ေျဖဆိုခဲ့သည္။

“ဝန္ႀကီးကိုးေယာက္၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ၁၉  ဦး၊ ေဒသေခါင္းေဆာင္ ၃၀၀ ေက်ာ္နဲ႔ လႊတ္ေတာ္အမတ္ ၁၀၀ ေလာက္ဟာ ျခစားမႈနဲ႔ ေထာင္ထဲမွာပါ” ဟု ဂ်ဳိကိုဝီက ေျဖဆိုခဲ့သည္။

ယခုလ အေစာပိုင္းတြင္ အစိုးရက လူငယ္သံတမန္ရာထူး ေနရာတစ္ခုအတြက္ အလုပ္ေခၚခဲ့ရာတြင္ “လိင္ပိုင္းဆိုင္ရာအရ  ကိုယ့္က်င့္စံေသြမႈရွိသူ” မ်ားကို လက္မခံဆိုေသာ သတ္မွတ္ခ်က္ႏွင့္ ပတ္သက္၍လည္း သမၼတက ေျဖၾကားခဲ့သည္။

ႏိုင္ငံတြင္းရွိ လူနည္းစုမ်ားကို ခြဲျခားဆက္ဆံမႈ မရွိေၾကာင္းလည္း အင္ဒိုနီးရွား သမၼတက ေျဖၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ဟာ ကမာၻမွာ အႀကီးဆုံး မြတ္ဆလင္ႏိုင္ငံပါ။ ကြၽန္ေတာ္တို႔မွာ ဘာသာေရးစံေတြ ရွိပါတယ္။ အဲဒါေတြကို အမွတ္ရေနရမယ္၊ သိေနရမယ္။ လူမႈေရး စံသတ္မွတ္ခ်က္ေတြလည္း ရွိပါတယ္” ဟု ဂ်ဳိကိုဝီက ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheVoice

#Unicode Version

ဓာတုနည်းဖြင့် သင်းကွပ်ပြစ်ဒဏ်ပေးမှုကို ခွင့်ပြုသည့် အင်ဒိုနီးရှား ဥပဒေသစ်သည် သက်ငယ်မုဒိမ်းမှု အပါအဝင် လိင်ရာဇဝတ်မှုများကို အမြစ်ဖြုတ်နိုင်လိမ့်မည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အစိုးရက တင်သွင်းခဲ့သော ယင်းဥပဒေမှာ ယခုလအစောပိုင်းတွင် တင်သွင်းနိုင်ခဲ့ပြီး ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်သူများကို ပြင်းထန်သည့် ပြစ်ဒဏ်များ ပေးအပ်ရေးကို အတည်ပြုနိုင်ခဲ့သည်။

“ကျွန်တော်တို့ အခြေခံဥပဒေက လူ့အခွင့်အရေးကို အလေးထားပါတယ်။ ဒါပေမဲ့ လိင်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လာရင်တော့ အလျှော့ပေးမှာ မဟုတ်ပါဘူး” ဟု သမ္မတ ဂျိုကိုဝီက ပြောကြားသည်။

“ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ခိုင်ခိုင်မာမာ လုပ်သွားမှာပါ။ လိင်ရာဇဝတ်မှုတွေ အတွက် အမြင့်ဆုံးပြစ်ဒဏ်ပဲ ပေးသွားမှာပါ။ ကျွန်တော့အမြင်အရတော့ ဓာတုနည်းနဲ့ သင်းကွတ်တာဟာ ကျွန်တော်တို့ တစ်သတ်မတ်တည်း လုပ်ဆောင်သွားနိုင်မယ်ဆိုရင် လိင်ရာဇဝတ်မှုတွေ လျော့ကျလာပြီး နောင်မှာ အမြစ်ဖြတ်သွားနိုင်မယ်လို့ ထင်ပါတယ်” ဟု အင်ဒိုနီးရှား သမ္မတက ပြောကြားသည်။

ဥပဒေသစ်အရ ပြစ်ဒဏ်များတွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ပါဝင်ပြီး ဓာတုနည်းဖြင့် သင်းကွပ်ပြီး အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ် ထပ်ပေါင်းပေးခြင်းလည်း ပါဝင်သည်။

ဧပြီလအတွင်းက ဆူမားတြားကျွန်း၊ ဘန်ကူလူတွင် ၁၄ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို ရက်စက်စွာ စုဖွဲ့မုဒိမ်းကျင့်ပြီး သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူထု၏ တောင်းဆိုမှုများကြောင့် သမ္မတ ဂျိုကိုဝီက အဆိုပါ ဥပဒေကို မေလတွင် လက်မှတ်ထိုးပေးခဲ့သည်။

အင်တာဗျူးတွင် သမ္မတက တောင်တရုတ်ပင်လယ်အရေး၊ အကျင့်ပျက်ခြစားမှု၊ အခွန်လွတ်ငြိမ်းချမ်းသာခွင့်နှင့် လိင်တူအခွင့်အရေးအပေါ် အစိုးရ၏ အမြင်များကို ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး စစ်ဘက်က တရားမဝင် ငါးဖမ်းမှုများကို နှိမ်နင်းနေသည်ဟု ပြောကြားခဲ့သည်။

“ဒီအရာတွေဟာ ကျွန်တော်တို့ရဲ့ သဘာဝသယံဇာတတွေပါ။ အင်ဒိုနီးရှားရဲ့ ကြွယ်ဝမှုတွေပါ။ အခုကစလို့ ကျွန်တော်တို့ အနီးမှာ တရားမဝင် ငါးဖမ်းလှေတွေ လာကစားလို့ မရတော့ပါဘူး” ဟု သမ္မတက ပြောကြားခဲ့သည်။

“ဒုတိယအချက်က နာတူနာဟာ ကျွန်တော်တို့ရဲ့ ပိုင်နက်ပါ။ နာတူနာဟာ အင်ဒိုနီးရှားပိုင်ပါ။ ဒါကြောင့် ကျွန်တော်တို့ စစ်ဆင်ရေးတွေ လုပ်ချင်ရင် လုပ်မယ်၊  စစ်ရေးလေ့ကျင့်ရင် ကျင့်မယ်။ ဒါကျွန်တော်တို့ အခွင့်အရေးပါ။ အချုပ်အခြာအာဏာပိုင်မှုနဲ့ ပတ်သက်လာရင် ကျွန်တော် ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ပါဘူး” ဟု ဂျိုကိုဝီက ပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားမှု ပြဿနာနှင့် ပတ်သက်ပြီး မေးမြန်းသည့် အခါတွင်မူ သမ္မတက “ပြင်းထန်တင်းကျပ်သည့် ချဉ်းကပ်ပုံ” ဖြင့် ဖြေရှင်းနေကြောင်း ဖြေဆိုခဲ့သည်။

“ဝန်ကြီးကိုးယောက်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၉  ဦး၊ ဒေသခေါင်းဆောင် ၃၀၀ ကျော်နဲ့ လွှတ်တော်အမတ် ၁၀၀ လောက်ဟာ ခြစားမှုနဲ့ ထောင်ထဲမှာပါ” ဟု ဂျိုကိုဝီက ဖြေဆိုခဲ့သည်။

ယခုလ အစောပိုင်းတွင် အစိုးရက လူငယ်သံတမန်ရာထူး နေရာတစ်ခုအတွက် အလုပ်ခေါ်ခဲ့ရာတွင် “လိင်ပိုင်းဆိုင်ရာအရ  ကိုယ့်ကျင့်စံသွေမှုရှိသူ” များကို လက်မခံဆိုသော သတ်မှတ်ချက်နှင့် ပတ်သက်၍လည်း သမ္မတက ဖြေကြားခဲ့သည်။

နိုင်ငံတွင်းရှိ လူနည်းစုများကို ခွဲခြားဆက်ဆံမှု မရှိကြောင်းလည်း အင်ဒိုနီးရှား သမ္မတက ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ကမ္ဘာမှာ အကြီးဆုံး မွတ်ဆလင်နိုင်ငံပါ။ ကျွန်တော်တို့မှာ ဘာသာရေးစံတွေ ရှိပါတယ်။ အဲဒါတွေကို အမှတ်ရနေရမယ်၊ သိနေရမယ်။ လူမှုရေး စံသတ်မှတ်ချက်တွေလည်း ရှိပါတယ်” ဟု ဂျိုကိုဝီက ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: TheVoice
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top