Shwe Zabu River View Condominium Promotion
×

Washington State တကၠသုိလ္က သုေတသီေတြဟာ ကင္ဆာေရာဂါစူးစမ္းစမတ္ဖုန္းေရာင္စဥ္တိုင္း ကိရိယာတစ္ခုကို တီထြင္ဖန္တီးခဲ့ၾကျပီး ေရာဂါစစ္ေဆးေဖာ္ထုတ္မႈ အလြန္ျမန္ဆန္လိမ့္မယ့္အေၾကာင္း ေျပာဆုိလုိက္ပါတယ္။ အဲဒီတန္ဖုိးနည္း စမတ္ဖုန္းကို ဓာတ္ခြဲခန္းအဆင့္မီ ရလဒ္အေျဖေတြ ထုတ္ေပးေနစဥ္မွာပဲ သယ္ျပဳရလြယ္ကူေအာင္လည္း ဒီဇုိင္းဖန္တီးထားပါတယ္။

ဒီကိရိယာသစ္အေနနဲ႔ ကပၸါယ္၊ အသည္း၊ ရင္သား၊ တိရိစာၦန္တစ္ရွဴးကင္ဆာေရာဂါအႏၱရာယ္ေတြနဲ႔ ဆက္စပ္လ်က္ရိွေသာ biomaker တစ္ခုျဖစ္တဲ့ interleukin-6 ပမာဏတုိင္းတာျခင္းျဖင့္ လည္ပတ္လုပ္ေဆာင္ေၾကာင္း စမတ္ဖုန္းဖန္တီးသူေတြက ဆုိပါတယ္။ ဖုန္းမွာ အလင္းေရာင္စဥ္ စစ္ေဆးျခင္းျဖင့္ ဓာတုပစၥည္းေတြရဲ႕ အမ်ဳိးအစားနဲ႔ ပမာဏကို ခြဲျခမ္းေလ့လာတဲ့ ေရာင္စဥ္တုိင္း ကိရိယာ တပ္ဆင္ထားပါတယ္။ ကိရိယာသစ္အေနနဲ႔ အေရးေပၚလူနာခန္း၊ လူနာတင္ယာဥ္ သို႔မဟုတ္ ဆရာဝန္ရုံးခန္းအပါအဝင္ အခ်ိန္တုိအတြင္း ေရာဂါရွာေဖြေဖာ္ထုတ္မႈ ေဆာင္ရြက္ေပးႏုိင္မွာ ျဖစ္တယ္လုိ႔ သုေတသီအဖြဲ႕က ေျပာဆုိခဲ့ပါတယ္။

ေရာင္စဥ္တုိင္း ကိရိယာအေနနဲ႔ အထူးသျဖင့္ ဓာတ္ခြဲခန္းတြဲလ်က္မပါတဲ့ ေဆးခန္းနဲ႔ ေဆးရုံေတြ သုိ႔မဟုတ္ ေဝးလံေခါင္ဖ်ား အရပ္ေဒသေတြမွာ အလုပ္လုပ္ေနၾကတဲ့ ဆရာဝန္ေတြအတြက္ အသုံးတည့္ပါလိမ့္မယ္လုိ႔ ဦးစီးသုေတသီ Lei Li က သတင္းထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာဆုိခဲ့ပါတယ္။ လက္ေတြ႔စမ္းသပ္ခန္းတစ္ခုလုံး ကိုယ္နဲ႔တစ္ပါတည္း ယူေဆာင္သြားလုိ႔မရပါဘူး။ သူတုိ႔မွာ သယ္ရလြယ္ျပီး ထိေရာက္တဲ့ ကိရိယာတစ္ခု လုိအပ္တယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။

လက္ရိွကိရိယာဟာ iPhone 5 နဲ႔ အလုပ္လုပ္ျပီး ၉၉% တိက်ေသခ်ာမႈ မွတ္တမ္းရိွပါတယ္။ အခုအခ်ိန္မွာ အဆုိပါကိရိယာကို သုေတသနအဖြဲ႔ လက္ေတြ႔အသုံးခ်လ်က္ရိွပါတယ္။ ဘယ္စမတ္ဖုန္းနဲ႔မဆုိ ခ်ိတ္ဆက္သုံးစြဲႏုိင္ေသာ အလုိက္သင့္ျပဳျပင္ႏုိင္တဲ့ ဒီဇုိင္းပုံစံအတြက္လည္း တီထြင္ဖန္တီးလ်က္ရိွပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

Washington State တက္ကသိုလ်က သုတေသီတွေဟာ ကင်ဆာရောဂါစူးစမ်းစမတ်ဖုန်းရောင်စဉ်တိုင်း ကိရိယာတစ်ခုကို တီထွင်ဖန်တီးခဲ့ကြပြီး ရောဂါစစ်ဆေးဖော်ထုတ်မှု အလွန်မြန်ဆန်လိမ့်မယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။ အဲဒီတန်ဖိုးနည်း စမတ်ဖုန်းကို ဓာတ်ခွဲခန်းအဆင့်မီ ရလဒ်အဖြေတွေ ထုတ်ပေးနေစဉ်မှာပဲ သယ်ပြုရလွယ်ကူအောင်လည်း ဒီဇိုင်းဖန်တီးထားပါတယ်။

ဒီကိရိယာသစ်အနေနဲ့ ကပ္ပါယ်၊ အသည်း၊ ရင်သား၊ တိရိစ္ဆာန်တစ်ရှူးကင်ဆာရောဂါအန္တရာယ်တွေနဲ့ ဆက်စပ်လျက်ရှိသော biomaker တစ်ခုဖြစ်တဲ့ interleukin-6 ပမာဏတိုင်းတာခြင်းဖြင့် လည်ပတ်လုပ်ဆောင်ကြောင်း စမတ်ဖုန်းဖန်တီးသူတွေက ဆိုပါတယ်။ ဖုန်းမှာ အလင်းရောင်စဉ် စစ်ဆေးခြင်းဖြင့် ဓာတုပစ္စည်းတွေရဲ့ အမျိုးအစားနဲ့ ပမာဏကို ခွဲခြမ်းလေ့လာတဲ့ ရောင်စဉ်တိုင်း ကိရိယာ တပ်ဆင်ထားပါတယ်။ ကိရိယာသစ်အနေနဲ့ အရေးပေါ်လူနာခန်း၊ လူနာတင်ယာဉ် သို့မဟုတ် ဆရာဝန်ရုံးခန်းအပါအဝင် အချိန်တိုအတွင်း ရောဂါရှာဖွေဖော်ထုတ်မှု ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ သုတေသီအဖွဲ့က ပြောဆိုခဲ့ပါတယ်။

ရောင်စဉ်တိုင်း ကိရိယာအနေနဲ့ အထူးသဖြင့် ဓာတ်ခွဲခန်းတွဲလျက်မပါတဲ့ ဆေးခန်းနဲ့ ဆေးရုံတွေ သို့မဟုတ် ဝေးလံခေါင်ဖျား အရပ်ဒေသတွေမှာ အလုပ်လုပ်နေကြတဲ့ ဆရာဝန်တွေအတွက် အသုံးတည့်ပါလိမ့်မယ်လို့ ဦးစီးသုတေသီ Lei Li က သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ လက်တွေ့စမ်းသပ်ခန်းတစ်ခုလုံး ကိုယ်နဲ့တစ်ပါတည်း ယူဆောင်သွားလို့မရပါဘူး။ သူတို့မှာ သယ်ရလွယ်ပြီး ထိရောက်တဲ့ ကိရိယာတစ်ခု လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိကိရိယာဟာ iPhone 5 နဲ့ အလုပ်လုပ်ပြီး ၉၉% တိကျသေချာမှု မှတ်တမ်းရှိပါတယ်။ အခုအချိန်မှာ အဆိုပါကိရိယာကို သုတေသနအဖွဲ့ လက်တွေ့အသုံးချလျက်ရှိပါတယ်။ ဘယ်စမတ်ဖုန်းနဲ့မဆို ချိတ်ဆက်သုံးစွဲနိုင်သော အလိုက်သင့်ပြုပြင်နိုင်တဲ့ ဒီဇိုင်းပုံစံအတွက်လည်း တီထွင်ဖန်တီးလျက်ရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top