Property Expo
×

ဘိုင္ယန္ျမဴးနစ္ ေတာင္ပံကစားသမား အာဂ်န္ ေရာ္ဘင္သည္ ဒဏ္ရာျပႆနာ မ်ား  ဆက္လက္ႀကံဳေတြ႕ေနရၿပီး နယ္သာလန္အသင္း၏ လာ မည့္ကမၻာ့ဖလားေျခစစ္ပြဲႏွစ္ပြဲ ႏွင့္ လြဲေခ်ာ္မည္ျဖစ္ေၾကာင္း နယ္ သာလန္နည္းျပ ဒန္နီဘလိုင္းက ေျပာၾကားသည္။

နယ္သာလန္သည္ လာမည့္ ရက္မ်ားအတြင္း ဘီလာ႐ုစ္၊ ျပင္သစ္အသင္းတို႔ႏွင့္ ရင္ဆိုင္ရန္ ရွိေနသည္။

ေရာ္ဘင္သည္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ကိုလုန္း အသင္းႏွင့္ပြဲတြင္ ပါ၀င္ကစားခဲ့ ေသာ္လည္း တံေတာက္ေၾကာ ဒဏ္ရာေၾကာင့္ ၄၅ မိနစ္သာ ကစားႏိုင္ခဲ့ၿပီး လူစားလဲခံခဲ့ရ သည္။

ဘိုင္ယန္နည္းျပကားလို႔စ္ အန္ဆယ္ေလာ့တီက ေရာ္ဘင္ သည္ မႀကီးမားေသာ နံ႐ိုးျပႆ နာလည္း ရင္ဆိုင္ေနရသည္ဟု ေျပာသည္။

‘‘ေရာ္ဘင္နဲ႔ကြၽန္ေတာ္္ ဒီေန႔ မနက္စကားေျပာခဲ့ပါတယ္။ သူ ႀကံ႕ခိုင္မႈမျပည့္ဘူးလို႔ေျပာပါ တယ္’’ဟု နယ္သာလန္နည္းျပ ဘလိုင္းကေျပာၾကားသည္။

သို႔ေသာ္ ဘလိုင္းက ဂါလာ တာစာေရးကြင္းလယ္လူ၀ီဆေလ ရွႏိုက္ဒါသည္ ဘီလာ႐ုစ္ႏွင့္ပြဲအ တြက္ အဆင္သင့္ျဖစ္ေနမည္ဟု ေျပာၾကားသည္။

နယ္သာလန္သည္ ေျခစစ္ပြဲ အဖြင့္ပြဲတြင္ ဆီြဒင္ကို ၁-၁ ဂိုးစီ သေရက်ခဲ့ၿပီး ဘီလာ႐ုစ္ကိုအႏိုင္ ကစားႏိုင္မည္ဟု ေမွ်ာ္လင့္ထား ေၾကာင္း ဘလိုင္းကေျပာၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား အာဂျန် ရော်ဘင်သည် ဒဏ်ရာပြဿနာ များ  ဆက်လက်ကြုံတွေ့နေရပြီး နယ်သာလန်အသင်း၏ လာ မည့်ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ နှင့် လွဲချော်မည်ဖြစ်ကြောင်း နယ် သာလန်နည်းပြ ဒန်နီဘလိုင်းက ပြောကြားသည်။

နယ်သာလန်သည် လာမည့် ရက်များအတွင်း ဘီလာရုစ်၊ ပြင်သစ်အသင်းတို့နှင့် ရင်ဆိုင်ရန် ရှိနေသည်။

ရော်ဘင်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကိုလုန်း အသင်းနှင့်ပွဲတွင် ပါဝင်ကစားခဲ့ သော်လည်း တံတောက်ကြော ဒဏ်ရာကြောင့် ၄၅ မိနစ်သာ ကစားနိုင်ခဲ့ပြီး လူစားလဲခံခဲ့ရ သည်။

ဘိုင်ယန်နည်းပြကားလို့စ် အန်ဆယ်လော့တီက ရော်ဘင် သည် မကြီးမားသော နံရိုးပြဿ နာလည်း ရင်ဆိုင်နေရသည်ဟု ပြောသည်။

‘‘ရော်ဘင်နဲ့ကျွန်တော် ဒီနေ့ မနက်စကားပြောခဲ့ပါတယ်။ သူ ကြံ့ခိုင်မှုမပြည့်ဘူးလို့ပြောပါ တယ်’’ဟု နယ်သာလန်နည်းပြ ဘလိုင်းကပြောကြားသည်။

သို့သော် ဘလိုင်းက ဂါလာ တာစာရေးကွင်းလယ်လူဝီဆလေ ရှနိုက်ဒါသည် ဘီလာရုစ်နှင့်ပွဲအ တွက် အဆင်သင့်ဖြစ်နေမည်ဟု ပြောကြားသည်။

နယ်သာလန်သည် ခြေစစ်ပွဲ အဖွင့်ပွဲတွင် ဆွီဒင်ကို ၁-၁ ဂိုးစီ သရေကျခဲ့ပြီး ဘီလာရုစ်ကိုအနိုင် ကစားနိုင်မည်ဟု မျှော်လင့်ထား ကြောင်း ဘလိုင်းကပြောကြား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top