Kantharyar Centre
×

ရဲ၀န္ထမ္း ၄ ဦးကို အလုပ္ျပဳတ္ေထာင္က်ေစခဲ့တဲ့ အခ်ဳပ္က ထြက္ေျပးသူ အမ်ိဳးသမီးကို ၃ ႏွစ္ေက်ာ္ ၾကာၿပီးေနာက္မွ ျပန္လည္ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။ DVB သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ထြက္ေျပးသူ ေဒၚဇန္ခန္းဒိန္ကို ၃ ႏွစ္ေက်ာ္ၾကာျပီးမွာ ကေလးၿမိဳ႕ရဲတပ္ဖြဲ႔က ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

ကေလးၿမိဳ႕နယ္ တရား႐ံုး အခ်ဳပ္ခန္းကေန အဆုိပါအခ်ဳပ္သားထြက္ေျပးလြတ္ေျမာက္မႈေၾကာင့္ ရဲဝန္ထမ္းေလးဦး အလုပ္ျပဳတ္ ေထာင္က်ခဲ့ရတာ ျဖစ္ပါတယ္။ အခ်ဳပ္ကေန အိမ္သာတက္ခ်င္တယ္ဆိုၿပီး အိမ္သာကအထြက္မွာ သားျဖစ္သူက ဆိုင္ကယ္နဲ႔ တင္ေျပးသြားတာျဖစ္ျပီး ရဲေတြက အသိေနာက္က်သြားလို႔ မမီေတာ့ဘဲ လြတ္သြားခဲ့တာျဖစ္ေၾကာင္း  နယ္ထိန္းရဲတပ္ၾကပ္ႀကီး ထန္းလြင္က ေျပာၾကားထားတယ္လို႔ သိရပါတယ္။

ေဒၚဇန္ခန္းဒိမ္ကို ထြက္ေျပးၿပီး သံုးႏွစ္ေက်ာ္အၾကာ ေအာက္တိုဘာ ၁ ရက္ေန႔က ခ်င္းျပည္နယ္ တီးတိန္နယ္ ေမာင္လာန္းရြာမွာ ဖမ္းဆီးမိခဲ့တာ ျဖစ္တယ္လို႔လည္း DVB ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရဲဝန်ထမ်း ၄ ဦးကို အလုပ်ပြုတ်ထောင်ကျစေခဲ့တဲ့ အချုပ်က ထွက်ပြေးသူ အမျိုးသမီးကို ၃ နှစ်ကျော် ကြာပြီးနောက်မှ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ DVB သတင်းဌာနရဲ့ ဖော်ပြချက်အရ ထွက်ပြေးသူ ဒေါ်ဇန်ခန်းဒိန်ကို ၃ နှစ်ကျော်ကြာပြီးမှာ ကလေးမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ကလေးမြို့နယ် တရားရုံး အချုပ်ခန်းကနေ အဆိုပါအချုပ်သားထွက်ပြေးလွတ်မြောက်မှုကြောင့် ရဲဝန်ထမ်းလေးဦး အလုပ်ပြုတ် ထောင်ကျခဲ့ရတာ ဖြစ်ပါတယ်။ အချုပ်ကနေ အိမ်သာတက်ချင်တယ်ဆိုပြီး အိမ်သာကအထွက်မှာ သားဖြစ်သူက ဆိုင်ကယ်နဲ့ တင်ပြေးသွားတာဖြစ်ပြီး ရဲတွေက အသိနောက်ကျသွားလို့ မမီတော့ဘဲ လွတ်သွားခဲ့တာဖြစ်ကြောင်း  နယ်ထိန်းရဲတပ်ကြပ်ကြီး ထန်းလွင်က ပြောကြားထားတယ်လို့ သိရပါတယ်။

ဒေါ်ဇန်ခန်းဒိမ်ကို ထွက်ပြေးပြီး သုံးနှစ်ကျော်အကြာ အောက်တိုဘာ ၁ ရက်နေ့က ချင်းပြည်နယ် တီးတိန်နယ် မောင်လာန်းရွာမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့လည်း DVB ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top