Kantharyar Centre
×

 ငယ္ရြယ္ေသာ အမ်ိဳးသမီးမ်ား ရင္သားကင္ဆာျဖစ္ပြားရသည့္ အေၾကာင္းရင္းကို မည္သူတစ္ဦးမွ် အေသအခ်ာမသိေသာ္လည္း ၎တို႔ၾကား ရင္သားကင္ဆာျဖစ္ပြားမႈ ပိုမ်ားလာျခင္းမွာ ကမၻာလံုးဆုိင္ရာ ျပႆနာႀကီးတစ္ခုျဖစ္ေနေၾကာင္း သုေတသီမ်ားကေျပာသည္။

ရင္သားကင္ဆာေရာဂါသည္ ကမၻာတစ္၀န္း ျဖစ္ပြားမႈအမ်ား ဆံုးကင္ဆာေရာဂါမ်ားအနက္ တစ္ခုျဖစ္ၿပီး ယခုႏွစ္တစ္ႏွစ္တည္း မွာပင္ ေနာက္ထပ္ေရာဂါသည္ ၂၄၆,၆၆၀ ဦး စစ္ေဆးေတြ႕ရွိႏုိင္ သည္ဟု သုေတသီမ်ားက ခန္႔မွန္းထားသည္။

မ်ားစြာေသာ အမ်ိဳးသမီးမ်ားသည္ ရင္သားကင္ဆာ၏ လကၡ ဏာမ်ားကို ဂ႐ုမစိုက္ၾက (သုိ႔မဟုတ္) သတိမထားမိျဖစ္ေနၾက ေၾကာင္း သိရသည္။

လက္ခ်ိဳင္ၾကား (သို႔မဟုတ္) ရင္သားတြင္ အက်ိတ္ေတြ႕ျခင္း၊ ႏုိ႔သီးေခါင္းပံုမွန္မဟုတ္ဘဲ ေျပာင္းလဲျခင္း၊ နာက်င္ျခင္းႏွင့္ အရြယ္ အစားပံုမွန္မဟုတ္ဘဲ ေျပာင္းလဲျခင္းမ်ားအပါအ၀င္ လကၡဏာမ်ား ကို အၿမဲေစာင့္ၾကည့္ရန္လိုသည္။

မိသားစု၀င္တစ္ဦးဦးတြင္ ရင္သားကင္ဆာရွိပါကလည္း အ ထူးသတိထားရန္လိုၿပီး ပံုမွန္စစ္ေဆးမႈခံယူသင့္သည္။ ရင္သားကင္ ဆာအတြက္ ပံုမွန္စစ္ေဆးမႈခံယူျခင္းျဖင့္ ေရာဂါျဖစ္ေနေၾကာင္း ေစာေစာစီးစီးစစ္ေဆးေတြ႕ရွိပါက အသက္ရွင္ႏုိင္ေျခပိုမ်ားသည္။

အမ်ိဳးသမီးမ်ားအသက္အရြယ္ႀကီးၿပီးမွ ကေလးေမြးျခင္း၊ သေႏၶတားေဆးမ်ားေသာက္သံုးျခင္း စေသာ ေဟာ္မုန္းအေျပာင္း အလဲႏွင့္ဆုိင္ေသာ ကိစၥမ်ားႏွင့္ရင္သားကင္ဆာျဖစ္ပြားမႈၾကား ဆက္စပ္ႏုိင္သည္ဟု ဆရာ၀န္မ်ားက ေျပာသည္။

ရင္သားကင္ဆာအတြက္ မိမိကုိယ္ကိုစစ္ေဆးမႈမွာ မ်ားစြာအ ေရးႀကီးသည္ဟု ကၽြမ္းက်င္သူမ်ားက ေျပာသည္။ ရင္သားကင္ဆာ ကို ေစာေစာပိုင္းတြင္ ကုသမည္ဆိုပါက ေအာင္ျမင္စြာ ကုသေပ်ာက္ ကင္းႏုိင္သည္။ လစဥ္ ဓမၼတာလာၿပီးေနာက္ ရင္သားကုိ ပံုမွန္စစ္ ေဆးသင့္သည္။ အသက္ (၄၀) ျပည့္ၿပီးေသာ အမ်ိဳးသမီးမ်ားအေန ျဖင့္ ရင္သားကင္ဆာစစ္ေဆးမႈပံုမွန္ခံယူရန္လိုသည္။ သို႔ေသာ္ ငယ္ ရြယ္ေသာ အမ်ိဳးသမီးမ်ားၾကား ရင္သားကင္ဆာျဖစ္ပြားမႈပိုမ်ားလာ ျခင္းႏွင့္အတူ အသက္ငယ္ေသာ အမ်ိဳးသမီးမ်ားလည္း ရင္သားကင္ ဆာ စစ္ေဆးမႈျပဳလုပ္သင့္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 ငယ်ရွယ်သော အမျိုးသမီးများ ရင်သားကင်ဆာဖြစ်ပွားရသည့် အကြောင်းရင်းကို မည်သူတစ်ဦးမျှ အသေအချာမသိသော်လည်း ၎င်းတို့ကြား ရင်သားကင်ဆာဖြစ်ပွားမှု ပိုများလာခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခုဖြစ်နေကြောင်း သုတေသီများကပြောသည်။


ရင်သားကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားမှုအများ ဆုံးကင်ဆာရောဂါများအနက် တစ်ခုဖြစ်ပြီး ယခုနှစ်တစ်နှစ်တည်း မှာပင် နောက်ထပ်ရောဂါသည် ၂၄၆,၆၆၀ ဦး စစ်ဆေးတွေ့ရှိနိုင် သည်ဟု သုတေသီများက ခန့်မှန်းထားသည်။

များစွာသော အမျိုးသမီးများသည် ရင်သားကင်ဆာ၏ လက္ခ ဏာများကို ဂရုမစိုက်ကြ (သို့မဟုတ်) သတိမထားမိဖြစ်နေကြ ကြောင်း သိရသည်။

လက်ချိုင်ကြား (သို့မဟုတ်) ရင်သားတွင် အကျိတ်တွေ့ခြင်း၊ နို့သီးခေါင်းပုံမှန်မဟုတ်ဘဲ ပြောင်းလဲခြင်း၊ နာကျင်ခြင်းနှင့် အရွယ် အစားပုံမှန်မဟုတ်ဘဲ ပြောင်းလဲခြင်းများအပါအဝင် လက္ခဏာများ ကို အမြဲစောင့်ကြည့်ရန်လိုသည်။

မိသားစုဝင်တစ်ဦးဦးတွင် ရင်သားကင်ဆာရှိပါကလည်း အ ထူးသတိထားရန်လိုပြီး ပုံမှန်စစ်ဆေးမှုခံယူသင့်သည်။ ရင်သားကင် ဆာအတွက် ပုံမှန်စစ်ဆေးမှုခံယူခြင်းဖြင့် ရောဂါဖြစ်နေကြောင်း စောစောစီးစီးစစ်ဆေးတွေ့ရှိပါက အသက်ရှင်နိုင်ခြေပိုများသည်။

အမျိုးသမီးများအသက်အရွယ်ကြီးပြီးမှ ကလေးမွေးခြင်း၊ သန္ဓေတားဆေးများသောက်သုံးခြင်း စသော ဟော်မုန်းအပြောင်း အလဲနှင့်ဆိုင်သော ကိစ္စများနှင့်ရင်သားကင်ဆာဖြစ်ပွားမှုကြား ဆက်စပ်နိုင်သည်ဟု ဆရာဝန်များက ပြောသည်။

ရင်သားကင်ဆာအတွက် မိမိကိုယ်ကိုစစ်ဆေးမှုမှာ များစွာအ ရေးကြီးသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ရင်သားကင်ဆာ ကို စောစောပိုင်းတွင် ကုသမည်ဆိုပါက အောင်မြင်စွာ ကုသပျောက် ကင်းနိုင်သည်။ လစဉ် ဓမ္မတာလာပြီးနောက် ရင်သားကို ပုံမှန်စစ် ဆေးသင့်သည်။ အသက် (၄၀) ပြည့်ပြီးသော အမျိုးသမီးများအနေ ဖြင့် ရင်သားကင်ဆာစစ်ဆေးမှုပုံမှန်ခံယူရန်လိုသည်။ သို့သော် ငယ် ရွယ်သော အမျိုးသမီးများကြား ရင်သားကင်ဆာဖြစ်ပွားမှုပိုများလာ ခြင်းနှင့်အတူ အသက်ငယ်သော အမျိုးသမီးများလည်း ရင်သားကင် ဆာ စစ်ဆေးမှုပြုလုပ်သင့်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top