Property Expo
×

ကိုယ့္ရဲ႕၀တ္စားဆင္ယင္မႈစတိုင္လ္၊ ဖက္ရွင္ဆုိတာဟာ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေတြအတြက္ပါ ကုိယ့္ကိုလူေတြ ပိုသတိျပဳမိေစတဲ့အရာပါ။ ဖက္ရွင္ဆိုလို႕ အမ်ိဳးသမီးေတြနဲ႕သာ သက္ဆိုင္တယ္လို႕ ထင္ရင္မွားသြားပါလိမ့္မယ္။ အရြယ္ေရာက္ျပီးသူတုိင္းဟာ သူတုိ႕ရဲ႕ကိုယ္ပိုင္စတိုင္လ္၊ ကိုယ္ပိုင္ဖက္ရွင္ေတာ့ ရွိသင့္ပါတယ္။ ကုိယ့္ရဲ႕ဖက္ရွင္ကတစ္ဆင့္ ကိုယ့္ အလုပ္၊ ရံုး ဒါမွမဟုတ္ စီးပြားေရးလုပ္ငန္းေတြနဲ႕ပတ္သက္လာတဲ့အခါမွာေတာင္ အျခားလူေတြရဲ႕ သင့္ေတာ္ေကာင္းမြန္တဲ့ အာရံုစိုက္မႈကို လက္ခံရရွိတတ္ၾကျပီး သင့္ရုပ္သြင္ကိုလည္း ေတာ္ေတာ္ေလး အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္အတြင္း အမ်ိဳးသားေတြရဲ႕ ၀တ္စားဆင္ယင္မႈအေၾကာင္း နည္းနည္းေျပာျပေပးခ်င္ပါတယ္။

မိမိမ်က္ႏွာပုံစံအလုိက္ အက်ၤီေကာ္လာ ေရြးခ်ယ္ပါ

မ်က္ႏွာဝုိင္းသူေတြအတြက္ ေကာ္လာခၽြန္ရွပ္အက်ီၤကို ေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။ အဲဒါက ေမးေစ့ေပၚလြင္ေစပါလိမ့္မယ္။ မ်က္ႏွာခြ်န္တဲ့အမ်ဳိးသားေတြအေနနဲ႕ေတာ့ ေကာ္လာပိုေပ်ာ့တာေလးတစ္ခုခု ဝတ္ဆင္သင့္ပါတယ္။

အေျခအေနနဲ႔ သဟဇာတျဖစ္ပါေစ

အစားအဝတ္ေရြးတဲ့အခါ ဘယ္လုိပဲြမ်ဳိးတက္မယ္ဆိုတာ အျမဲတမ္းထည့္စားစဥ္းပါ။ သာမာန္အားျဖင့္ အသားခပ္ၾကမ္းၾကမ္း အထည္နဲ႔ ပုိမိုေပၚလြင္ထင္ရွားတဲ့ ဒီဇုိင္းေတြသာ အမ်ိဳးသားေတြ ေရြးခ်ယ္တတ္ၾကေပမယ့္ အေရးၾကီးအစည္းအေဝးေတြ ရိွတဲ့အခ်ိန္မ်ိဳးေတြမွာေတာ့  ရည္မြန္တဲ့ အဝတ္အစားမ်ဳိးကိုသာ ေရြးခ်ယ္ပါ။

လည္စည္းေသခ်ာတပ္ပါ

လည္စည္းကို  ေကာ္လာေအာက္မွာ အျမဲတမ္း ဖုံးထားသင့္ပါတယ္။ က်က်နနတပ္ထားျပီဆုိတာ ေသခ်ာေစဖုိ႔ အာဒမ္ပန္းသီးေနရာကေန အက်ီၤနဲ႔ လည္စည္းကို အသာေလးဆြဲေပးပါ။

လည္စည္းရဲ႕အရွည္ကို ဂရုစုိက္ပါ

လည္စည္းထိပ္ဟာ ခါးနဲ႔တစ္ေျပးညီ ရိွရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုစတိုင်လ်၊ ဖက်ရှင်ဆိုတာဟာ အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ ကိုယ့်ကိုလူတွေ ပိုသတိပြုမိစေတဲ့အရာပါ။ ဖက်ရှင်ဆိုလို့ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ အရွယ်ရောက်ပြီးသူတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင်ဖက်ရှင်တော့ ရှိသင့်ပါတယ်။ ကိုယ့်ရဲ့ဖက်ရှင်ကတစ်ဆင့် ကိုယ့် အလုပ်၊ ရုံး ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာတောင် အခြားလူတွေရဲ့ သင့်တော်ကောင်းမွန်တဲ့ အာရုံစိုက်မှုကို လက်ခံရရှိတတ်ကြပြီး သင့်ရုပ်သွင်ကိုလည်း တော်တော်လေး အထောက်အကူဖြစ်စေပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်း အမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်မှုအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

မိမိမျက်နှာပုံစံအလိုက် အကျၤီကော်လာ ရွေးချယ်ပါ

မျက်နှာဝိုင်းသူတွေအတွက် ကော်လာချွန်ရှပ်အကျီၤကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အဲဒါက မေးစေ့ပေါ်လွင်စေပါလိမ့်မယ်။ မျက်နှာချွန်တဲ့အမျိုးသားတွေအနေနဲ့တော့ ကော်လာပိုပျော့တာလေးတစ်ခုခု ဝတ်ဆင်သင့်ပါတယ်။

အခြေအနေနဲ့ သဟဇာတဖြစ်ပါစေ

အစားအဝတ်ရွေးတဲ့အခါ ဘယ်လိုပွဲမျိုးတက်မယ်ဆိုတာ အမြဲတမ်းထည့်စားစဉ်းပါ။ သာမာန်အားဖြင့် အသားခပ်ကြမ်းကြမ်း အထည်နဲ့ ပိုမိုပေါ်လွင်ထင်ရှားတဲ့ ဒီဇိုင်းတွေသာ အမျိုးသားတွေ ရွေးချယ်တတ်ကြပေမယ့် အရေးကြီးအစည်းအဝေးတွေ ရှိတဲ့အချိန်မျိုးတွေမှာတော့  ရည်မွန်တဲ့ အဝတ်အစားမျိုးကိုသာ ရွေးချယ်ပါ။

လည်စည်းသေချာတပ်ပါ

လည်စည်းကို  ကော်လာအောက်မှာ အမြဲတမ်း ဖုံးထားသင့်ပါတယ်။ ကျကျနနတပ်ထားပြီဆိုတာ သေချာစေဖို့ အာဒမ်ပန်းသီးနေရာကနေ အကျီၤနဲ့ လည်စည်းကို အသာလေးဆွဲပေးပါ။

လည်စည်းရဲ့အရှည်ကို ဂရုစိုက်ပါ

လည်စည်းထိပ်ဟာ ခါးနဲ့တစ်ပြေးညီ ရှိရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top