iGREEN Promotion Singapore
×

စေနေန႔တြင္ ကစားမည့္ေမာ္လ္တာႏွင့္ ကမၻာ့ဖလားေျခ စစ္ပြဲသည္ ခက္ခဲေသာ လအနည္းငယ္ ႀကံဳေတြ႕ခဲ့သည့္ အဂၤလန္လက္ေရြးစင္အသင္းအတြက္ အသစ္တစ္ဖန္ ျပန္လည္စတင္မႈဟု ေနာက္တန္းလူ ဂြၽန္စတုန္းက ေျပာၾကားသည္။


 ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲတြင္(၁၆)သင္းအဆင့္၌ အိုက္စလန္ ကို ရွက္ဖြယ္႐ႈံးနိမ့္ခဲ့ၿပီးေနာက္ အဂၤလန္အသင္းသည္ သတင္း စာတစ္ေစာင္၏ လွ်ိဳ႕ဝွက္စံုစမ္းမႈျဖင့္ မန္ေနဂ်ာဆမ္အလာဒိုက္စ္ႏွင့္ လမ္းခြဲခဲ့သည္။

အလာဒိုက္စ္ ကိုင္တြယ္ခဲ့ သည့္ တစ္ခုတည္းေသာပြဲတြင္ အဂၤလန္က ဆလိုဗက္ကီးယားကို အဒမ္လယ္လာနာ၏ ေနာက္က် ဂိုးျဖင့္ အႏုိင္ရရွိခဲ့သည္။

‘‘ေမာ္လ္တာနဲ႔ပြဲဟာ ကြၽန္ ေတာ့္အတြက္ ႀကီးက်ယ္တဲ့အခ်ိန္ အခါပါ။ အိမ္ကြင္းမွာ မန္ေနဂ်ာ သစ္နဲ႔ ကစားသမားေတြအတြက္ လည္း စိတ္လႈပ္ရွားစရာအခ်ိန္ပါ။ ဒါဟာ အရင္နဲ႔မတူတဲ့ အစိတ္အ ပိုင္းတစ္ခုနဲ႔ ေျခစစ္ပြဲေအာင္ဖို႔ စိန္ ေခၚမႈအသစ္လည္း ရွိေနပါတယ္’’ ဟု စတုန္းကေျပာသည္။

ကမၻာ့ဖလားဆီသို႔ ဦးတည္ သြားမည့္ သစ္လြင္ေသာ စတင္မႈ ဟု ဂြၽန္စတုန္း(၂၂)ႏွစ္က ေျပာ ၾကားၿပီး ရြန္းေနကဲ့သို႔ ဝါရင့္ကစားသမားမ်ားလည္း အသင္းတြင္ လုိအပ္သည္ဟု ဂြၽန္စတုန္းကေျပာသည္။

ယာယီနည္းျပ ေဆာက္သ္ဂိတ္အား လက္ေရြးစင္၏ နည္းျပသစ္အျဖစ္ အၿမဲတမ္းခန္႔အပ္ရန္ စတုန္းက ေထာက္ခံေျပာဆုိ သည္။

 ယူ-၂၁ အသင္းကို ေဆာက္သ္ဂိတ္က အေကာင္းဆံုး ကိုင္တြယ္ႏုိင္ခဲ့ၿပီး ဆုဖလားရယူခဲ့ ျခင္းအေပၚ စတုန္းက ေထာက္ျပ ေျပာဆုိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day daily

Unicode Version

စနေနေ့တွင် ကစားမည့်မော်လ်တာနှင့် ကမ္ဘာ့ဖလားခြေ စစ်ပွဲသည် ခက်ခဲသော လအနည်းငယ် ကြုံတွေ့ခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အသစ်တစ်ဖန် ပြန်လည်စတင်မှုဟု နောက်တန်းလူ ဂျွန်စတုန်းက ပြောကြားသည်။


 ယူရို ၂၀၁၆ ပြိုင်ပွဲတွင်(၁၆)သင်းအဆင့်၌ အိုက်စလန် ကို ရှက်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်အသင်းသည် သတင်း စာတစ်စောင်၏ လျှို့ဝှက်စုံစမ်းမှုဖြင့် မန်နေဂျာဆမ်အလာဒိုက်စ်နှင့် လမ်းခွဲခဲ့သည်။

အလာဒိုက်စ် ကိုင်တွယ်ခဲ့ သည့် တစ်ခုတည်းသောပွဲတွင် အင်္ဂလန်က ဆလိုဗက်ကီးယားကို အဒမ်လယ်လာနာ၏ နောက်ကျ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

‘‘မော်လ်တာနဲ့ပွဲဟာ ကျွန် တော့်အတွက် ကြီးကျယ်တဲ့အချိန် အခါပါ။ အိမ်ကွင်းမှာ မန်နေဂျာ သစ်နဲ့ ကစားသမားတွေအတွက် လည်း စိတ်လှုပ်ရှားစရာအချိန်ပါ။ ဒါဟာ အရင်နဲ့မတူတဲ့ အစိတ်အ ပိုင်းတစ်ခုနဲ့ ခြေစစ်ပွဲအောင်ဖို့ စိန် ခေါ်မှုအသစ်လည်း ရှိနေပါတယ်’’ ဟု စတုန်းကပြောသည်။

ကမ္ဘာ့ဖလားဆီသို့ ဦးတည် သွားမည့် သစ်လွင်သော စတင်မှု ဟု ဂျွန်စတုန်း(၂၂)နှစ်က ပြော ကြားပြီး ရွန်းနေကဲ့သို့ ဝါရင့်ကစားသမားများလည်း အသင်းတွင် လိုအပ်သည်ဟု ဂျွန်စတုန်းကပြောသည်။

ယာယီနည်းပြ ဆောက်သ်ဂိတ်အား လက်ရွေးစင်၏ နည်းပြသစ်အဖြစ် အမြဲတမ်းခန့်အပ်ရန် စတုန်းက ထောက်ခံပြောဆို သည်။

 ယူ-၂၁ အသင်းကို ဆောက်သ်ဂိတ်က အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပြီး ဆုဖလားရယူခဲ့ ခြင်းအပေါ် စတုန်းက ထောက်ပြ ပြောဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day daily










 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top