Kantharyar Centre
×

ဥပုသ္ ရဲ ့အက်ိဳးေက်းဇူးဟာ ဘယ္ေလာက္မ်ားသလဲ လို ့ဆိုလို ့ရွိရင္
အင္ မတန္မွ အက်ိဳးေက်းဇူးမ်ားတယ္တဲ့၊ဘုရားက နားလည္ေအာင္ ဘယ္လိုေဟာတုန္းဆိုေတာ့ ကမ႓ာေလာကႀကီးအတြင္းမွာရွိတဲ့ အဖိုးတန္ ရတနာေတြကိုစုလိုက္အဲဒီအဖိုးတန္ ရတနာေတြရဲ ့
တန္ဖိုးနဲ ့တစ္ႀကိမ္တစ္ခါ ေစာင့္လိုက္ ရတဲ့ အခုလိုမြန္ျမတ္တဲ့ စည္းစနစ္က်တဲ့ဥပုသ္ အဓိပၸါယ္ရွိရွိ ေစာင့္လိုက္ တဲ့ဥပုသ္နဲ ့ ႏႈိင္းယွဥ္ႀကည့္လိုက္မယ္ ဆိုလို ့ရွိရင္ ရတနာေတြရဲ ့တန္ဖိုးဟာ ဥပုသ္တစ္ခါေစာင့္ရတဲ့ကုသိုလ္တန္ဖိုးရဲ ့၁၆-ပံုပံု ၁-ပံု ေတာင္မရွိဘူးလို ့ေျပာတယ္ေနာ္။

ဘာျဖစ္လို ့ ဒီလိုေျပာရတုန္းလို ့ဆိုလို ့ရွိရင္ဥပုသ္တစ္ႀကိမ္တစ္ခါေစာင့္
လိုက္ လို ့ရွိရင္လူ ့စည္းစိမ္မ ေျပာနဲ ့ နတ္စည္းစိမ္ နတ္ခ်မ္းသာေတြ
ေပးႏိုုင္ တယ္။နတ္ခ်မ္းသာေတြဆိုတာ အဲဒီ ရတနာေတြရဲ ့တန္ဖိုး
ထက္ ႀကီးတယ္။ဥပုသ္က ေလး တစ္ခါေစာင့္လိုက္တာနဲ ့ဒီပုဂၢိဳလ္ဟာ လူခ်မ္းသာထက္ သာလြန္တဲ့ နတိခ်မ္းသာ၊လူခ်မ္းသာဆိုတာ နတ္ခ်မ္းသာနဲ ့ႏိႈင္းယွဥ္လိုက္လို ့ရွိရင္ ဘာမွ မ ေျပာပ ေလာက္ေတာ့ဘူး။

လူခ်မ္းသာသုခလို ့ေတာင္ မဆိုႏိုင္ေတာ့ဘူး။ဘာျဖစ္လို ့တုန္းဆိုေတာ့ စဥ္းစားႀကည့္ေလ-လူ ့ျပည္မွာ အႏွစ္-၅၀မွ စတုမဟာရာဇ္နတ္ျပည္မွာ၁-ရက္ပဲ ရွိေသးတာ၊သက္တမ္းျခင္းအား့ျဖင့္လည္းကြာတယ္၊
စည္းစိမ္ခ်မ္းသာျခင္းအားျဖင့္လည္း ကြာတယ္၊လူ ့ျပည္မွာ အႏွစ္-၁၀၀
ဆိုရင္တာဝတိ ံသာနတ္ျပည္မွာ ၁-ရက္ပဲရွိေသးတယ္ေနာ္၊အဲဒီ ရက္ေတြနဲ ့တြက္လိုက္တဲဲ့ အႏွစ္-၅၀၀ဟာ စတုမဟာရာဇ္နတ္ ျပည္ ရဲ ့သက္တမ္းတစ္ခုပဲ၊အဲဒီ ရက္ေတြနဲ ့တြက္လိုက္တဲ့ အႏွစ္-၁၀၀၀ ဟာတာဝတိ ံ
နတ္ျပည္ ရဲ ့အသက္ပဲ။

နတ္သက္ဟာတျဖည္းျဖည္းတစ္ဆတစ္ဆတိုးသြားတာနည္းတဲ့အသက္ေတြမဟုတ္ဘူး၊ရွည္လ်ားတယ္
၊ခ်မ္းသာသုခကလည္း အလြန္တရာႀကီးမားတယ္ဆိုေတာ့ လူ ့ခ်မ္းသာနဲ ့နတ္ခ်မ္းသာ ႏႈိင္းယွဥ္ႀကည့္လိုက္မယ္ဆိုရင္ မႏႈိင္းယွဥ္ႏိုင္ေလာက္ေအာင္ နတ္ခ်မ္းသာက သာလြန္ေနတယ္၊လူဆိုလို ့ရွိရင္ အသက္-၅၀ေလာက္ဆို မအိုဘူးလား၊ဟိုမွာ တစ္ ရက္ပဲ ရွိေသးတယ္ေလ၊စည္းစိမ္ခ်မ္းသာ ခံစားရတာျခင္းကလည္း တအားကြာတယ္၊သက္တမ္းကလည္း တအားကြာတယ္၊စတုမဟာရာဇ္နတ္ျပည္မွာ တစ္ ရက္ ရွိေပမယ့္ တာဝတိ ံသာနတ္ျပည္မွာ
ေန ့ဝက္ပဲ ရွိေသးတယ္။အဲဒီလိုနတ္ျပည္ေတြဟာ တစ္ခုနဲ ့တစ္ခု သာလြန္သြားလို ့ေဟာဒီဥပုသ္ေစာင့္လို ့ရွိရင္အခုေျပာတဲ့ နတ္ျပည္ေတြ အားလံုး ေရာက္ႏိုင္ တာ့ျဖစ္ေသာေႀကာင့္ ဥပုသ္ေစာင့္ရျခင္းရဲ ့အက်ိဳးေက်းဇူးဟာ အလြန္ႀကီးမားတယ္လို ့ျမတ္စြာဘုရားက ေဟာတယ္။

ဒါတင္ မကဘူး သိႀကားမင္းႀကီးက တစ္ခါက ေျပာတယ္၊”လူ ့ေလာကမွာ
ရွိတဲ့ ပုဂၢိဳလ္ေတြ လဆန္း ၈-ရက္ လဆုတ္ ၈-ရက္ လျပည့္ လကြယ္ေတြ
မွာ ဥပုသ္ေစာင့္ႀကမယ္လို ့ရွိရင္ အဲဒီပုဂၢိဳလ္ေတြ သူ ့လို သိႀကားဘဝ ေရာက္ခ်င္ လို ့ရွိရင္ တဲ့ ဥပုသ္ေစာင့္ႀကပါ ” လို ့ သိႀကားမင္းႀကီးက နတ္သဘင္ အစည္းအ ေဝးတစ္ခုမွာ မိန္ ့ခြန္းေျပာသတဲ့။

အဲဒီလိုမိန္ ့ခြန္းေျပာတာကို ျမတ္စြာဘုရားကဘာေျပာတုန္းဆို-”သိႀကားမင္းေျပာတဲ့’ငါလို ့သိႀကားျဖစ္ခ်င္ လို ့ရွိရင္ ဥပုသ္ေစာင့္ဆိုတဲ့စကားဟာ မျပည့္စံုဘူး “တဲ့၊တကယ္ေျပာရမွာက “ရဟႏၲာပုဂၢိဳလ္
ကငါ့လို ရဟႏၲာျဖစ္ခ်င္ ရင္ ဥပုသ္ေစာင့္”လို ့ေျပာရမယ္တဲ့။

ဒါေႀကာင့္မို ့လို ့ ဥပုသ္ေစာင့္တယ္ဆိုတာနည္းတဲ့ကုသိုလ္ မဟုတ္ဘူး
တဲ့၊ရဟႏၲာပုဂၢိဳလ္ကသာလွ်င္ “ငါ့လို ရဟႏၲာျဖစ္ခ်င္တဲ့ ပုဂၢိဳလ္ေတြ ဥပုသ္ေစာင့္ႀကပါ”လို ့ေျပာရတဲ့-အဓိပၸါယ္ ရွိလွတဲ့ ဗုဒၶဘာသာတို ့ရဲ ့က်င့္စဥ္တစ္ခုဟာ ပံုပ်က္ပန္းပ်က္မျဖစ္ေစဘဲနဲ ့ အဓိပၸါယ္ ရွိရွိ ဥပုသ္
ကိုေစာင့္သံုးႏိုင္ ဖို ့ အင္ မတန္မွ အ ေရးႀကီးပါတယ္။

ဥပုသ္လို ့ေျပာလိုက္တာနဲ ့ဘာသာျခားေတြက သူတို ့လည္း ဥပုသ္၊
ဒီလည္းဥပုသ္-အတူတူလို ့တခ်ိဳ ့က ထင္ေနတတ္ႀကတယ္။အႏွစ္သာရ
ပိုင္းမွာ အလြန္ကြာျခားတယ္ဆိုတာ အားလံုးသ ေဘာေပါက္နားလည္ၿပီး ဗုဒၶျမတ္စြာေဟာႀကားေတာ္မူခဲ့တဲ့ တကယ့္စစ္မွန္တဲ့’အရိယုေပါသထ‘လို ့ေခၚတဲ့ သူေတာ္စင္ သူေတာ္ျမတ္တို ့ ေစာင့္သံုးတဲ့ ဥပုသ္ကို ကိုယ္စီကိုယ္ငွ က်င့္ႀကံႀကိဳးကုတ္အားထုတ္ ေစာင့္သံႏိုင္ႀကပါေစကုန္သတည္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာနႏၵမာလာဘိဝံသ

#Unicode Version
ဥပုသ် ရဲ့အကျိုးကျေးဇူးဟာ ဘယ်လောက်များသလဲ လို့ဆိုလို့ရှိရင်
အင် မတန်မှ အကျိုးကျေးဇူးများတယ်တဲ့၊ဘုရားက နားလည်အောင် ဘယ်လိုဟောတုန်းဆိုတော့ ကမ္ဘာလောကကြီးအတွင်း
မှာရှိတဲ့ အဖိုးတန် ရတနာတွေကိုစုလိုက်အဲဒီအဖိုးတန် ရတနာတွေရဲ့
တန်ဖိုးနဲ့တစ်ကြိမ်တစ်ခါ စောင့်လိုက် ရတဲ့ အခုလိုမွန်မြတ်တဲ့ စည်းစနစ်ကျတဲ့ဥပုသ် အဓိပ္ပါယ်ရှိရှိ စောင့်လိုက် တဲ့ဥပုသ်နဲ့ နှိုင်းယှဉ်
ကြည့်လိုက်မယ် ဆိုလို့ရှိရင် ရတနာတွေရဲ့တန်ဖိုးဟာ ဥပုသ်တစ်ခါ
စောင့်ရတဲ့ကုသိုလ်တန်ဖိုးရဲ့၁၆-ပုံပုံ ၁-ပုံ တောင်မရှိဘူးလို့ပြောတယ်နော်။

ဘာဖြစ်လို့ ဒီလိုပြောရတုန်းလို့ဆိုလို့ရှိရင်ဥပုသ်တစ်ကြိမ်တစ်ခါစောင့်
လိုက် လို့ရှိရင်လူ့စည်းစိမ်မ ပြောနဲ့ နတ်စည်းစိမ် နတ်ချမ်းသာတွေ
ပေးနိုုင် တယ်။နတ်ချမ်းသာတွေဆိုတာ အဲဒီ ရတနာတွေရဲ့တန်ဖိုး
ထက် ကြီးတယ်။ဥပုသ်က လေး တစ်ခါစောင့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာ လူချမ်းသာထက် သာလွန်တဲ့ နတိချမ်းသာ၊လူချမ်းသာဆိုတာ နတ်ချမ်းသာနဲ့နှိုင်းယှဉ်လိုက်လို့ရှိရင် ဘာမှ မ ပြောပ လောက်တော့ဘူး။

လူချမ်းသာသုခလို့တောင် မဆိုနိုင်တော့ဘူး။ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်လေ-လူ့ပြည်မှာ အနှစ်-၅၀မှ စတုမဟာရာဇ်နတ်ပြည်မှာ
၁-ရက်ပဲ ရှိသေးတာ၊သက်တမ်းခြင်းအား့ဖြင့်လည်းကွာတယ်၊
စည်းစိမ်ချမ်းသာခြင်းအားဖြင့်လည်း ကွာတယ်၊လူ့ပြည်မှာ အနှစ်-၁၀၀
ဆိုရင်တာဝတိ ံသာနတ်ပြည်မှာ ၁-ရက်ပဲရှိသေးတယ်နော်၊အဲဒီ ရက်တွေနဲ့တွက်လိုက်တဲ့ အနှစ်-၅၀၀ဟာ စတုမဟာရာဇ်နတ် ပြည် ရဲ့သက်တမ်း
တစ်ခုပဲ၊အဲဒီ ရက်တွေနဲ့တွက်လိုက်တဲ့ အနှစ်-၁၀၀၀ ဟာတာဝတိ ံ
နတ်ပြည် ရဲ့အသက်ပဲ။

နတ်သက်ဟာ တဖြည်းဖြည်း တစ်ဆတစ်ဆ တိုးသွားတာ နည်းတဲ့အသက်တွေမဟုတ်ဘူး၊ရှည်လျားတယ်၊ချမ်းသာသုခ
ကလည်း အလွန်တရာကြီးမားတယ်ဆိုတော့ လူ့ချမ်းသာနဲ့နတ်ချမ်းသာ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် မနှိုင်းယှဉ်နိုင်လောက်အောင် နတ်ချမ်းသာ
က သာလွန်နေတယ်၊လူဆိုလို့ရှိရင် အသက်-၅၀လောက်ဆို မအိုဘူးလား၊ဟိုမှာ တစ် ရက်ပဲ ရှိသေးတယ်လေ၊စည်းစိမ်ချမ်းသာ ခံစားရတာခြင်းကလည်း တအားကွာတယ်၊သက်တမ်းကလည်း တအားကွာတယ်၊
စတုမဟာရာဇ်နတ်ပြည်မှာ တစ် ရက် ရှိပေမယ့် တာဝတိ ံသာနတ်ပြည်မှာ
နေ့ဝက်ပဲ ရှိသေးတယ်။အဲဒီလိုနတ်ပြည်တွေဟာ တစ်ခုနဲ့တစ်ခု သာလွန်သွားလို့ဟောဒီဥပုသ်စောင့်လို့ရှိရင်အခုပြောတဲ့ နတ်ပြည်တွေ အားလုံး ရောက်နိုင် တာ့ဖြစ်သောကြောင့် ဥပုသ်စောင့်ရခြင်းရဲ့
အကျိုးကျေးဇူးဟာ အလွန်ကြီးမားတယ်လို့မြတ်စွာဘုရားက ဟောတယ်။

ဒါတင် မကဘူး သိကြားမင်းကြီးက တစ်ခါက ပြောတယ်၊”လူ့လောကမှာ
ရှိတဲ့ ပုဂ္ဂိုလ်တွေ လဆန်း ၈-ရက် လဆုတ် ၈-ရက် လပြည့် လကွယ်တွေ
မှာ ဥပုသ်စောင့်ကြမယ်လို့ရှိရင် အဲဒီပုဂ္ဂိုလ်တွေ သူ့လို သိကြားဘဝ ရောက်ချင် လို့ရှိရင် တဲ့ ဥပုသ်စောင့်ကြပါ ” လို့ သိကြားမင်းကြီးက နတ်သဘင် အစည်းအ ဝေးတစ်ခုမှာ မိန့်ခွန်းပြောသတဲ့။

အဲဒီလိုမိန့်ခွန်းပြောတာကို မြတ်စွာဘုရားကဘာပြောတုန်းဆို-”သိကြားမင်းပြောတဲ့’ငါလို့သိကြားဖြစ်ချင် လို့ရှိရင် ဥပုသ်စောင့်
ဆိုတဲ့စကားဟာ မပြည့်စုံဘူး “တဲ့၊တကယ်ပြောရမှာက “ရဟန္တာပုဂ္ဂိုလ်
ကငါ့လို ရဟန္တာဖြစ်ချင် ရင် ဥပုသ်စောင့်”လို့ပြောရမယ်တဲ့။

ဒါကြောင့်မို့လို့ ဥပုသ်စောင့်တယ်ဆိုတာနည်းတဲ့ကုသိုလ် မဟုတ်ဘူး
တဲ့၊ရဟန္တာပုဂ္ဂိုလ်ကသာလျှင် “ငါ့လို ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဥပုသ်စောင့်ကြပါ”လို့ပြောရတဲ့-အဓိပ္ပါယ် ရှိလှတဲ့ ဗုဒ္ဓဘာသာ
တို့ရဲ့ကျင့်စဉ်တစ်ခုဟာ ပုံပျက်ပန်းပျက်မဖြစ်စေဘဲနဲ့ အဓိပ္ပါယ် ရှိရှိ ဥပုသ်
ကိုစောင့်သုံးနိုင် ဖို့ အင် မတန်မှ အ ရေးကြီးပါတယ်။

ဥပုသ်လို့ပြောလိုက်တာနဲ့ဘာသာခြားတွေက သူတို့လည်း ဥပုသ်၊
ဒီလည်းဥပုသ်-အတူတူလို့တချို့က ထင်နေတတ်ကြတယ်။အနှစ်သာရ
ပိုင်းမှာ အလွန်ကွာခြားတယ်ဆိုတာ အားလုံးသ ဘောပေါက်နားလည်ပြီး ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တကယ့်စစ်မှန်တဲ့’အရိယုပေါသထ‘လို့ခေါ်တဲ့ သူတော်စင် သူတော်မြတ်တို့ စောင့်သုံးတဲ့ ဥပုသ်ကို ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ်အားထုတ် စောင့်သံနိုင်ကြပါစေကုန်သတည်း။


ဖိုးသူတော် (www.phothutaw.com)
Credit:ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top