Property Expo
×



ကံကောင်းတဲ့သူ




သူကပေါ်လာပြန်ရော။





လဲဝင်မခံချင်ပါ။

အလေ့ရှိပါတယ်။






Credit:Chelmo Team

#Unicode Version
ကံကောင်းတဲ့သူနဲ့ ကံမကောင်းတဲ့သူဆိုတာ အမြဲတမ်းရှိနေပါတယ်။ ဘာပဲလုပ်လုပ် အဆင်ပြေတဲ့သူ၊ ဘာလုပ်လုပ် အဆင်မပြေတဲ့သူလည်းရှိတယ်။

တစ်နေရာတည်း တူညီတဲ့အခြေအနေအောက်မှာ အလုပ်အတူတူလုပ်တာတောင် ကံကောင်းခြင်း၊ မကောင်းခြင်းနဲ့ ဘဝဟာ လုံးဝကွာခြားသွားတက်ပါတယ်။

ကံကောင်းတဲ့သူ

ကံကောင်းတဲ့သူဆိုတာ ဘယ်တော့မှ တကိုယ်ကောင်းမဆန်ဘူး။သူတပါးကိုဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်ပါ။

အလုပ်ထဲမှာပဲဖြစ်စေ သူငယ်ချင်းအချင်းချင်းဖြစ်စေ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်ကပြောတဲ့စကားကို သေသေချာချာ နားထောင်
တဲ့အကြင့်ရှိပါတယ်။သူတပါးက စိတ်လွတ်လွတ်လပ်လပ်နဲ့ စကားပြောနိုင်ရင် ကောင်းတဲ့အကြောင်းတွေဖြစ်ရင် ကိုယ့်အတွက်
လည်းအကျိုးရှိမှာ အမှန်ပါ။

ကိုယ့်အကျိုးကိုပဲကြည့်တဲ့သူကတော့ လူတွေကိုဆက်ဆံတဲ့အခါ အကျိုးအမြတ်ရှိမှဆိုတော့ လူကောင်းလူတော်နဲ့တွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါ။
ဘယ်လိုပဲဖုံးအုပ်ထားထားဘယ်လိုလူလဲဆိုတာကြည့်တက်တဲ့သူကတော့သိတာပါပဲ။

အကူအညီလိုတဲ့လူကရှိရင် ကူညီတယ်။ကူညီတဲ့အတွက်ကိုယ်ကဒုက္ခရောက်တဲ့အခါမျိုးကျတော့ကူညီမဲ့သူကပေါ်လာပြန်ရော။

နောက်ပြီး ဘာလုပ်လုပ်မြန်မြန်ဆန်ဆန် တိတိကျကျ ရှိတယ်။ကံမကောင်းတဲ့သူကတော့ ဘာလုပ်လုပ် နှေးနေတက်တယ်။

ကံကောင်ခြင်း နဲ့ မြန်ဆန်ခြင်းဆိုတာ စက်ဆက်မှုရှိပါတယ်။ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်မှာ မဟုတ်သလို ကံလည်းကောင်းလာမှာ
မဟုတ်ပါ။

ဘာလုပ်လုပ်အဆင်မပြေတဲ့သူဟာကိုယ်ပါဝင်ပတ်သက်နေတဲ့ကိစ္စမှာ သူုများထက်နှေးနေလို့ဖြစ်နေတယ်ဆိုတာကို သတိမထားမိတက်ကြပါ။
ကိုယ်လုပ်မယ်ဆိုတဲ့အရာကိုသသေချာချာဂရုတစိုက်ကြိုးကြိုးစားစားလုပ်မယ်ဆိုရင်တော့ ကံလည်းကောင်းလာမှာ သေချာပါတယ်။

ကံကောင်းတဲ့သူက ဘာကိုစဉ်းစားစဉ်းစား အကောင်းဘက်က စဉ်းစားပါတတ်တယ်။

ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ထင်အမြဲတမ်းထင်တယ်။
ပြောင်းပြန်စဉ်းစားရင်ကံမကောင်းတဲ့သူဟာကိုယ်ဟာဘာပဲလုပ်လုပ်မမှားဘူးလို့ထင်သလိုမှားတယ်လို့လဲဝင်မခံချင်ပါ။

ကံကောင်းတဲ့သူကတော့ကောင်းတဲ့ကိစ္စလေးကိုသတိရပြီးအတိတ်ကမကောင်းတဲ့ကိစ္စကိုတော့မေ့ပြစ်တဲ့အလေ့ရှိပါတယ်။

ဘယ်အချိန်ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ်တစ်ခုခုကိုကြိုးစားပြီးလေ့လာနေတက်တယ်။

အတွေ့အကြုံအသစ်တခုကြောင့်ကိုယ့်ရဲ့လုပ်ထုံးလုပ်နည်းဟာ ပျက်သွားမယ်ဆိုတာကိုလည်း မကြောက်ပါ။

အမြဲတမ်း ကျောင်းသားတယောက်လို သင်ယူဖို့ကတော့ အသင့်ပါ။

ကိုယ်ကလုပ်နိုင်တဲ့အရာကများလေလေ ကိုယ်ကတာဝန်ယူနိုင်တဲ့ အလုပ်ဟာလဲ ကျယ်ပြန့်လာမှာပါ။

နောက်ဆုံးအနေနဲ့ ကံကောင်းတယ်ဆိုတာ ကိုယ်ကကြိုးစားခဲ့တယ့်အတွက် ကိုယ်ကပြန်ရမဲ့ လက်ဆောင်တခုပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top