Property Expo
×

ကညြတ္ကို ဆီးခ်ိဳသမားနဲ႔ အသည္းသမားေတြ စားၾကၿပီး လူတုိင္း ဘာေၾကာင့္ စားသင့္ပါသလဲဆိုရင္ေတာ့ အံ့ၾသဖြယ္ရာ အခ်က္ေတြကို ေတြ႔ရွိတာေၾကာင့္ပါလို႔ ေျဖလုိက္ပါ။ ကညြတ္ကို ရန္ကုန္မွာ အလြယ္တကူ ၀ယ္လို႔ ရေပမယ့္ တခ်ိဳ႕နယ္ဘက္ေတြမွာေတာ့ ရွားပါလိမ့္မယ္။ ကညြတ္ဟာ ထိပ္ဖ်ားမွာ အဖူးပံုသ႑န္လို ရွိေနၿပီး ရိုးတံေျဖာင့္စင္းပံုစံမ်ိဳးပါ။ အစိမ္းန႔ဲ အညိုကို လွပေအာင္ စပ္ထားတ့ဲ သူ႔အေရာင္ဟာ ႏွစ္သက္စဖြယ္ပါ။

ကညြတ္ဟာ မိုးဦးက်ရာသီေတြမွာ ပိုေပါၿပီး ျမန္မာျပည္ရဲ႕ စြတ္စိုတဲ့ ေဒသနဲ႔ ေတာင္ေပၚေဒသေတြမွာ ေပါက္ေရာက္ပါတယ္။ အရသာကေတာ့ ခ်ိဳစိမ့္စိမ့္ပါ။ ဓါးျပားရိုုက္ၿပီး ေၾကာ္စားရင္ အင္မတန္မွ ႏူးညံ့ၿပီး စားၿမိန္ေစပါတယ္။ ကညြတ္မွာ ေဘးျဖစ္ေစမယ့္ ကိုလက္စထေရာနဲ႔ အဆီဓာတ္ မပါ၀င္တဲ့ အတြက္ေၾကာင့္ လူေတြရဲ႕ က်န္းမာေရးန႔ဲ အေတာ္ေလးကို ညီညႊတ္မွ်တတဲ့ အစားအစာပါ။ ဗီတာမင္ A, C, E, K, နဲ႔ B6 တို႔ ပါ၀င္တဲ့ အျပင္ သံဓာတ္၊ ေကာ့ပါး၊ ကယ္လ္ဆီယမ္၊ ပရိုတိန္းနဲ႔ အမွ်င္ဓာတ္တို႔လည္း အခ်ိဳးက် ပါ၀င္ပါေသးတယ္။ အာဟာရပညာရွင္ေတြရဲ႕ ေတြ႔ရွိခ်က္အရ လူေတြနဲ႔ အထူးသင့္ေလ်ာ္တဲ့ အပင္တစ္မ်ိဳးျဖစ္ၿပီး ကင္စား ေၾကာ္စားျခင္းျဖင့္ က်န္းမာေရးနဲ႔ သင့္တင့္ေၾကာင္းေျပာၾကားထားပါတယ္။

ကညြတ္မွာ အစိမ္းနဲ႔ အျဖဴဆိုၿပီး ႏွစ္မ်ိဳးရွိေပမယ့္ အစိမ္းေရာင္ကေတာ့ ပိုၿပီး ေဆးဖက္၀င္ပါတယ္။ ကညႊတ္ကို ဆီးရႊင္ေဆးအျဖစ္ သံုးၾကၿပီး သည္းေျခေရာဂါသည္ေတြ အတြက္ဆို အျမစ္ရည္ကို ပ်ားရည္၊ ႏြားႏို႔ေတြနဲ႔ ေရာေသာက္လုိ႔ ရပါတယ္။ ကညြတ္မွာ ဗီတာမင္ ဓာတ္ေပါင္းစု ပါ၀င္တဲ့ အတြက္ ခႏၶာကိုယ္ ေရာင္ရမ္းျခင္းနဲ႔ အရိုးအဆစ္ေတြ ကိုက္ခဲျခင္း အရိုးပြျခင္းတို႔မွ ကာကြယ္ေပးပါတယ္။ မေကာင္းတဲ့ အဆီဓာတ္ေတြ မပါ၀င္တဲ့ အတြက္ အဆီေလွ်ာ့ၿပီး ၀ိတ္ထိန္းေနသူေတြ စားဖို႔ သင့္ေတာ္ပါတယ္။ ႏွလံုးကို က်န္းမာေစၿပီး ႏွလုံးရဲ႕ လုပ္ေဆာင္ခ်က္ေတြ ပိုၿပီး ေကာင္းမြန္ေအာင္ ဗီတာမင္ဓာတ္ေပါင္းစုနဲ႔ ေဖာလိတ္ တို႔က ကူညီပါလိမ့္မယ္။

ကစီဓာတ္ တစ္မ်ိဳးပါ၀င္တဲ့ ကညြတ္ဟာ အူကို သန္႔ေစၿပီး အူနဲ႔ ပတ္သက္တဲ့ ကင္ဆာေတြ မျဖစ္ေစဖို႔ တာ၀န္ယူပါတယ္။ ကညြတ္ကို ကေလးယူခ်င္တဲ့ အမ်ိဳးသမီးေတြ စားေပးသင့္ၿပီး အမ်ိဳးသားမ်ား အတြက္လည္း က်ား ခြန္အားျဖစ္ေစပါတယ္။ ကညြတ္ထဲမွာ ပါတဲ့ ဓာတ္တစ္မ်ိဳးဟာ အရြယ္တင္ႏုပ်ိဳေစၿပီး ေသြးေပါင္ကိုလည္း ထိန္းညွိေပးပါတယ္။ အသည္းကို ကာကြယ္ေပးတဲ့ အတြက္ Hangover ျဖစ္ေနတဲ့ ကာလေတြမွာ စားေပးသင့္ပါတယ္။ ကညြတ္ဟာ ဆီးခ်ိဳသမားေတြ အတြက္ကေတာ့ အဖိုးမျဖတ္ႏုိင္တဲ့ ရတနာပါပဲ။ ေသြးအတြင္း သၾကားကို စုပ္ယူၿပီး အယ္ဆူလင္ထုတ္လႊင့္မႈကို တိုိးပြားေစတဲ့ အတြက္ ဆီးခ်ိဳသမားေတြ အင္မတန္ စားသင့္တဲ့ အသီးအႏွံတစ္မ်ိဳးပါ။

ေဖာလစ္အက္ဆစ္ ၾကြယ္၀တာေၾကာင့္ ကိုယ္၀န္ေဆာင္သည္ေတြ စားသံုးေပးသင့္ပါတယ္။ ကညြတ္ေလးေတာင့္မွာ ေဖာလစ္အက္ဆစ္ ၂၂ရာခိုင္ႏႈန္းထိ ပါ၀င္တဲ့အတြက္ ေမြးဖြားတဲ့ အခါျဖစ္တတ္တဲ့ အခက္အခဲေတြကို ဖယ္ရွားေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version
ကညွတ်ကို ဆီးချိုသမားနဲ့ အသည်းသမားတွေ စားကြပြီး လူတိုင်း ဘာကြောင့် စားသင့်ပါသလဲဆိုရင်တော့ အံ့သြဖွယ်ရာ အချက်တွေကို တွေ့ရှိတာကြောင့်ပါလို့ ဖြေလိုက်ပါ။ ကညွတ်ကို ရန်ကုန်မှာ အလွယ်တကူ ဝယ်လို့ ရပေမယ့် တချို့နယ်ဘက်တွေမှာတော့ ရှားပါလိမ့်မယ်။ ကညွတ်ဟာ ထိပ်ဖျားမှာ အဖူးပုံသဏ္ဍန်လို ရှိနေပြီး ရိုးတံဖြောင့်စင်းပုံစံမျိုးပါ။ အစိမ်းနဲ့ အညိုကို လှပအောင် စပ်ထားတဲ့ သူ့အရောင်ဟာ နှစ်သက်စဖွယ်ပါ။

ကညွတ်ဟာ မိုးဦးကျရာသီတွေမှာ ပိုပေါပြီး မြန်မာပြည်ရဲ့ စွတ်စိုတဲ့ ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ အရသာကတော့ ချိုစိမ့်စိမ့်ပါ။ ဓါးပြားရိုုက်ပြီး ကြော်စားရင် အင်မတန်မှ နူးညံ့ပြီး စားမြိန်စေပါတယ်။ ကညွတ်မှာ ဘေးဖြစ်စေမယ့် ကိုလက်စထရောနဲ့ အဆီဓာတ် မပါဝင်တဲ့ အတွက်ကြောင့် လူတွေရဲ့ ကျန်းမာရေးနဲ့ အတော်လေးကို ညီညွှတ်မျှတတဲ့ အစားအစာပါ။ ဗီတာမင် A, C, E, K, နဲ့ B6 တို့ ပါဝင်တဲ့ အပြင် သံဓာတ်၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ ပရိုတိန်းနဲ့ အမျှင်ဓာတ်တို့လည်း အချိုးကျ ပါဝင်ပါသေးတယ်။ အာဟာရပညာရှင်တွေရဲ့ တွေ့ရှိချက်အရ လူတွေနဲ့ အထူးသင့်လျော်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ကင်စား ကြော်စားခြင်းဖြင့် ကျန်းမာရေးနဲ့ သင့်တင့်ကြောင်းပြောကြားထားပါတယ်။

ကညွတ်မှာ အစိမ်းနဲ့ အဖြူဆိုပြီး နှစ်မျိုးရှိပေမယ့် အစိမ်းရောင်ကတော့ ပိုပြီး ဆေးဖက်ဝင်ပါတယ်။ ကညွှတ်ကို ဆီးရွှင်ဆေးအဖြစ် သုံးကြပြီး သည်းခြေရောဂါသည်တွေ အတွက်ဆို အမြစ်ရည်ကို ပျားရည်၊ နွားနို့တွေနဲ့ ရောသောက်လို့ ရပါတယ်။ ကညွတ်မှာ ဗီတာမင် ဓာတ်ပေါင်းစု ပါဝင်တဲ့ အတွက် ခန္ဓာကိုယ် ရောင်ရမ်းခြင်းနဲ့ အရိုးအဆစ်တွေ ကိုက်ခဲခြင်း အရိုးပွခြင်းတို့မှ ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ အဆီဓာတ်တွေ မပါဝင်တဲ့ အတွက် အဆီလျှော့ပြီး ဝိတ်ထိန်းနေသူတွေ စားဖို့ သင့်တော်ပါတယ်။ နှလုံးကို ကျန်းမာစေပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေ ပိုပြီး ကောင်းမွန်အောင် ဗီတာမင်ဓာတ်ပေါင်းစုနဲ့ ဖောလိတ် တို့က ကူညီပါလိမ့်မယ်။

ကစီဓာတ် တစ်မျိုးပါဝင်တဲ့ ကညွတ်ဟာ အူကို သန့်စေပြီး အူနဲ့ ပတ်သက်တဲ့ ကင်ဆာတွေ မဖြစ်စေဖို့ တာဝန်ယူပါတယ်။ ကညွတ်ကို ကလေးယူချင်တဲ့ အမျိုးသမီးတွေ စားပေးသင့်ပြီး အမျိုးသားများ အတွက်လည်း ကျား ခွန်အားဖြစ်စေပါတယ်။ ကညွတ်ထဲမှာ ပါတဲ့ ဓာတ်တစ်မျိုးဟာ အရွယ်တင်နုပျိုစေပြီး သွေးပေါင်ကိုလည်း ထိန်းညှိပေးပါတယ်။ အသည်းကို ကာကွယ်ပေးတဲ့ အတွက် Hangover ဖြစ်နေတဲ့ ကာလတွေမှာ စားပေးသင့်ပါတယ်။ ကညွတ်ဟာ ဆီးချိုသမားတွေ အတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပါပဲ။ သွေးအတွင်း သကြားကို စုပ်ယူပြီး အယ်ဆူလင်ထုတ်လွှင့်မှုကို တိုးပွားစေတဲ့ အတွက် ဆီးချိုသမားတွေ အင်မတန် စားသင့်တဲ့ အသီးအနှံတစ်မျိုးပါ။

ဖောလစ်အက်ဆစ် ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်သည်တွေ စားသုံးပေးသင့်ပါတယ်။ ကညွတ်လေးတောင့်မှာ ဖောလစ်အက်ဆစ် ၂၂ရာခိုင်နှုန်းထိ ပါဝင်တဲ့အတွက် မွေးဖွားတဲ့ အခါဖြစ်တတ်တဲ့ အခက်အခဲတွေကို ဖယ်ရှားပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top