Property Expo
×

ေက်ာင္းမွာ စာခ်ည္းပဲလုပ္ၿပီး က်န္တဲ့သူေတြသိပ္သတိမထားမိ၊ ဂရုမစိုက္မိတဲ့ စာၾကမ္းပိုးေလးေတြ ရွိတတ္ပါတယ္။ ဒီလိုစာၾကမ္းပိုးေလးေတြက စာအျပင္ ဘာမွလည္း သိပ္စိတ္၀င္စားေလ့မရွိေတာ့ က်န္တဲ့သူေတြနဲ႔လည္း ေပါင္းသင္းဆက္ဆံတာကလည္း သိပ္မမ်ားဘူးျဖစ္ေနပါေရာ။ ဒါေပမဲ့ ဒီလိုစာၾကမ္းပိုးေလးေတြက ခ်စ္ဖို႕ေကာင္းျပီး ခ်စ္သူျဖစ္ခ်င္ေလာက္ေအာင္ ဆြဲေဆာင္သြားႏိုင္တဲ့အခ်ိန္ေတြလည္း ရွိပါတယ္။

၁။ ကိုယ္စာမရတဲ့အခ်ိန္

ဒါကေတာ့ရွင္းပါတယ္။ ကိုယ္စာမရတဲ့အခ်ိန္၊ စာမၿပီးတဲ့အခ်ိန္၊ စာနဲ႔ပတ္သက္ျပီးနားမလည္တာ၊ အခက္အခဲၾကံဳတာေတြျဖစ္ေနတဲ့အခ်ိန္မွာေတာ့ သူက မီးအိမ္ရွင္ပါပဲ။ အဲ့ဒီလိုအခ်ိန္မ်ိဳးမွာ သူ႕ကိုအားကိုးမိတာ၊ သူ႕ကိုသတိတရနဲ႕အကူအညီေတာင္းမိတာမ်ိဳးေလးေတြကေန ခ်စ္တဲ့စိတ္ေတြျဖစ္လာတတ္တာလည္း သဘာ၀ပါ။

၂။ အႏုိင္က်င့္ခံေနရတဲ့အခ်ိန္

မ်ားေသာအားျဖင့္ စာၾကမ္းပိုးေလးေတြဆိုရင္ အင္အားၾကီးတဲ့တျခားသူေတြက အႏိုင္က်င့္ဗိုလ္က်ခ်င္ၾကပါတယ္။ မိန္းကေလးေတြအေနနဲ႔ေတာ့ ေယာက်္ားေလးတစ္ေယာက္က အႏုိင္က်င့္ခံေနရရင္ အဲ့ဒီ့ေယာက်္ားေလးကို သတၱိနည္းတယ္ဆိုျပီး အထင္ေသးသြားတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေပမဲ့ လူတိုင္းမွာသနားစိတ္ဆိုတာက အရင္းခံရွိျပီးသားပါ။ အဲ့လိုမ်ိဳး တျခားလူတစ္ေယာက္က အႏုိင္က်င့္ဗိုလ္က်တာကိုျမင္ရတဲ့အခါမွာ သနားခ်စ္နဲ႕ခ်စ္သြားတတ္တဲ့ဇာတ္လမ္းေလးေတြလည္း အမ်ားၾကီးရွိပါတယ္။

၃။ ခ်ီးက်ဴးဂုဏ္ျပဳခံရတဲ့အခ်ိန္

သူတို႕ေတြကစာနဲ႕ပတ္သက္ျပီး ထူးခြ်န္တဲ့သူေတြမို႕ ဆရာ၊ဆရာမေတြ၊ လူႀကီးမိဘေတြခ်ီးက်ဴးတာကို အျမဲခံရတတ္ပါတယ္။ အဲ့လိုအခ်ိန္မ်ိဳးမွာ ကိုယ္ကိုယ္တိုင္ကလည္း အထင္ႀကီးေလးစားတဲ့စိတ္၊ အားက်အတုယူတဲ့စိတ္မ်ိဳးေလးေတြ အလိုလိုကိန္းေအာင္းလာတာပါ။ ဒီလိုအားက်ရင္းက ၾကာလာေတာ့ ခ်စ္တဲ့စိတ္ကိုေျပာင္းလဲသြားဖို႕လည္း အင္မတန္လြယ္ကူပါတယ္။

၄။ ရွက္ေနတဲ့အခ်ိန္

စာၾကမ္းပိုးေလးေတြက သာမန္လူေတြထက္ အရွက္အေၾကာက္နည္းနည္းပိုႀကီးတတ္ၾကပါတယ္။ ေနာက္ျပီး လူေတြနဲ႕ထိေတြ႕ဆက္ဆံမႈနည္းတတ္ေတာ့ ေပါင္းသင္းဆက္ဆံေရးနဲ႕ပတ္သက္ျပီး သူတို႕အတြက္ ထူးျခားေနတဲ့အရာေတြ၊ အသစ္အဆန္းျဖစ္ေနတဲ့အရာေတြက အမ်ားၾကီးပါ။ အဲ့ဒီလိုအေျခအေနမ်ိဳးမွာ စလိုက္ေနာက္လိုက္တာပဲျဖစ္ျဖစ္၊ အေၾကာင္းအရာတစ္ခုခုၾကံဳလာလို႕ပဲျဖစ္ျဖစ္ ရွက္သြားတယ္ဆိုရင္ပဲ သူတို႕ရဲ႕အျပဳအမူပံုစံေလးေတြက သာမန္လူေတြထက္ ပိုခ်စ္ဖို႕ေကာင္းျပီး ဆြဲေဆာင္မႈပိုရွိတာမ်ိဳး ျဖစ္သြားတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ကျောင်းမှာ စာချည်းပဲလုပ်ပြီး ကျန်တဲ့သူတွေသိပ်သတိမထားမိ၊ ဂရုမစိုက်မိတဲ့ စာကြမ်းပိုးလေးတွေ ရှိတတ်ပါတယ်။ ဒီလိုစာကြမ်းပိုးလေးတွေက စာအပြင် ဘာမှလည်း သိပ်စိတ်ဝင်စားလေ့မရှိတော့ ကျန်တဲ့သူတွေနဲ့လည်း ပေါင်းသင်းဆက်ဆံတာကလည်း သိပ်မများဘူးဖြစ်နေပါရော။ ဒါပေမဲ့ ဒီလိုစာကြမ်းပိုးလေးတွေက ချစ်ဖို့ကောင်းပြီး ချစ်သူဖြစ်ချင်လောက်အောင် ဆွဲဆောင်သွားနိုင်တဲ့အချိန်တွေလည်း ရှိပါတယ်။

၁။ ကိုယ်စာမရတဲ့အချိန်

ဒါကတော့ရှင်းပါတယ်။ ကိုယ်စာမရတဲ့အချိန်၊ စာမပြီးတဲ့အချိန်၊ စာနဲ့ပတ်သက်ပြီးနားမလည်တာ၊ အခက်အခဲကြုံတာတွေဖြစ်နေတဲ့အချိန်မှာတော့ သူက မီးအိမ်ရှင်ပါပဲ။ အဲ့ဒီလိုအချိန်မျိုးမှာ သူ့ကိုအားကိုးမိတာ၊ သူ့ကိုသတိတရနဲ့အကူအညီတောင်းမိတာမျိုးလေးတွေကနေ ချစ်တဲ့စိတ်တွေဖြစ်လာတတ်တာလည်း သဘာဝပါ။

၂။ အနိုင်ကျင့်ခံနေရတဲ့အချိန်

များသောအားဖြင့် စာကြမ်းပိုးလေးတွေဆိုရင် အင်အားကြီးတဲ့တခြားသူတွေက အနိုင်ကျင့်ဗိုလ်ကျချင်ကြပါတယ်။ မိန်းကလေးတွေအနေနဲ့တော့ ယောကျ်ားလေးတစ်ယောက်က အနိုင်ကျင့်ခံနေရရင် အဲ့ဒီ့ယောကျ်ားလေးကို သတ္တိနည်းတယ်ဆိုပြီး အထင်သေးသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာသနားစိတ်ဆိုတာက အရင်းခံရှိပြီးသားပါ။ အဲ့လိုမျိုး တခြားလူတစ်ယောက်က အနိုင်ကျင့်ဗိုလ်ကျတာကိုမြင်ရတဲ့အခါမှာ သနားချစ်နဲ့ချစ်သွားတတ်တဲ့ဇာတ်လမ်းလေးတွေလည်း အများကြီးရှိပါတယ်။

၃။ ချီးကျူးဂုဏ်ပြုခံရတဲ့အချိန်

သူတို့တွေကစာနဲ့ပတ်သက်ပြီး ထူးချွန်တဲ့သူတွေမို့ ဆရာ၊ဆရာမတွေ၊ လူကြီးမိဘတွေချီးကျူးတာကို အမြဲခံရတတ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ ကိုယ်ကိုယ်တိုင်ကလည်း အထင်ကြီးလေးစားတဲ့စိတ်၊ အားကျအတုယူတဲ့စိတ်မျိုးလေးတွေ အလိုလိုကိန်းအောင်းလာတာပါ။ ဒီလိုအားကျရင်းက ကြာလာတော့ ချစ်တဲ့စိတ်ကိုပြောင်းလဲသွားဖို့လည်း အင်မတန်လွယ်ကူပါတယ်။

၄။ ရှက်နေတဲ့အချိန်

စာကြမ်းပိုးလေးတွေက သာမန်လူတွေထက် အရှက်အကြောက်နည်းနည်းပိုကြီးတတ်ကြပါတယ်။ နောက်ပြီး လူတွေနဲ့ထိတွေ့ဆက်ဆံမှုနည်းတတ်တော့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး သူတို့အတွက် ထူးခြားနေတဲ့အရာတွေ၊ အသစ်အဆန်းဖြစ်နေတဲ့အရာတွေက အများကြီးပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာ စလိုက်နောက်လိုက်တာပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုခုကြုံလာလို့ပဲဖြစ်ဖြစ် ရှက်သွားတယ်ဆိုရင်ပဲ သူတို့ရဲ့အပြုအမူပုံစံလေးတွေက သာမန်လူတွေထက် ပိုချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုပိုရှိတာမျိုး ဖြစ်သွားတတ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top