Property Expo
×

ျမန္မာႏုိင္ငံ၏ ေလထု သည္ အသက္႐ွဴရန္ပင္အႏၲရာယ္ ရွိေနၿပီး ကမၻာ့ေလထုအညစ္ညမ္း ဆံုးႏုိင္ငံမ်ားစာရင္းတြင္ တ႐ုတ္ ႏွင့္ကပ္လ်က္အဆင့္ (၁၇) ခ်ိတ္ ေနေၾကာင္း ကမၻာ့က်န္းမာေရးအ ဖဲြ႕(WHO)က စက္တင္ဘာလကုန္ ၌ ထုတ္ျပန္ေသာ ကမၻာလံုးဆုိင္ ရာ ေလထုညစ္ညမ္းမႈႏွင့္ ေရာဂါ ဘယအကဲျဖတ္ခ်က္အစီရင္ခံစာ တြင္ ေဖာ္ျပသည္။

ကမၻာ့ႏုိင္ငံေပါင္း ၁၈၈ ႏုိင္ငံ ကို တုိင္းတာအကဲျဖတ္ရာ၌ ေဆာ္ဒီအာေရးဗီးယားက ေလ ထုအညစ္ညမ္းဆံုးအဆင့္ (၁) ျဖစ္ၿပီး တ႐ုတ္က အဆင့္ (၁၆) ႏွင့္ ျမန္မာက အဆင့္ (၁၇)ျဖစ္ ေနေၾကာင္း ေတြ႕ရသည္။ ကမၻာ့ ေလထုအသန္႔စင္ဆံုး အဆင့္ (၁) ႏုိင္ငံသည္ ေဆာ္လမြန္ကၽြန္းမ်ား ႏုိင္ငံျဖစ္ၿပီး ယင္းေနာက္တြင္ နယူးဇီလန္၊ဘ႐ူႏုိင္းႏွင့္ ဆီြဒင္တို႔ ရွိေနသည္။

‘‘ကၽြန္ေတာ္ သံသယရွိေနခဲ့ တာၾကာၿပီ’’ဟု မိုးေလ၀သပညာ ရွင္ ေဒါက္တာထြန္းလြင္က ၎ ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။‘‘ဌာနမွာရွိေနတုန္းက acid deposition in rain water ေလ့ လာမႈကို လုပ္ဖူးတယ္။ ျမန္မာ ႏုိိင္ငံအေရွ႕ဘက္နယ္နိမိတ္ေဒသ ေတြမွာ pH level ေတြ 5 ေလာက္ အထိ က်ေနၿပီး က်န္ေဒသေတြက ေတာ့ ပံုမွန္ေလာက္သာရွိေနတာ ကို ေတြ႕ရကတည္းက ဒီ transboundary ျပႆနာရွိႏိုင္တယ္လုိ႔ သံသယရွိခဲ့ပါတယ္။ (ရွမ္းျပည္ ဘက္မွာ ေက်ာက္မီးေသြးစက္႐ံု ေတြေၾကာင့္လည္းျဖစ္ႏုိင္ပါတယ္)ကၽြန္ေတာ္ကေတာ့ နယ္စပ္ေက်ာ္ျဖတ္ ေဘးသင့္မႈ (Transboundary Impact) ေတြ ပါေနလိမ့္မယ္လို႔ ယူဆေၾကာင္းပါဗ်’’ ဟုေဒါက္တာထြန္းလြင္ ေရးသားထားသည္။

 ျမန္မာႏုိင္ငံတြင္ တစ္ႏွစ္ လွ်င္ လူေပါင္းႏွစ္ေသာင္းေက်ာ္ ေသဆံုးမႈသည္ ေလထုညစ္ညမ္းမႈ ႏွင့္ ပတ္သက္ႏုိင္ေၾကာင္း၊ ကမၻာ့ က်န္းမာေရးအဖဲြ႕ႀကီး၏ အခ်က္ အလက္မ်ားက ေဖာ္ျပသည္။ ျမန္မာႏုိင္ငံတြင္ ပ်မ္းမွ်အားျဖင့္ အသက္႐ွဴလမ္းေၾကာင္းႏွင့္ ပတ္ သက္ေသာ ကူးစက္မႈ ခံရျခင္း ေၾကာင့္ ၆၄၄ ဦး၊ နာတာရွည္ျဖစ္ ေသာ အသက္႐ွဴလမ္းေၾကာင္း ဆုိင္ရာ ပိတ္ဆုိ႔ျခင္းေၾကာင့္ ၈၉၃ ဦး၊  အဆုတ္ကင္ဆာေၾကာင့္ ၁,၂၀၈ ဦး၊ ႏွလံုးေသြးငတ္ေရာဂါ ေၾကာင့္ ၃,၂၅၇ ဦး၊ ေလျဖတ္ျခင္း ေၾကာင့္ ၅,၄၉၁ ဦး ႏွစ္စဥ္ေသဆံုး မႈရွိေနေၾကာင္း WHO အစီရင္ခံ စာ၌ ေဖာ္ျပထားသည္။ ယင္းေရာ ဂါတို႔ေၾကာင့္ နာတာရွည္ျဖစ္ရသူ မ်ား၊ မက်န္းမာမသန္စြမ္းျဖစ္ရသူ မ်ားသည္ ေသာင္းေပါင္းမ်ားစြာခ်ီ ရွိေနသည္ဟု အစီရင္ခံစာကေဖာ္ျပသည္။

ေလထုတြင္ မီးခုိး၊ အမိႈက္ စသည့္ ညစ္ညမ္းေစေသာ ျဒပ္ပါ ၀င္မႈပမာဏ ၁၀ ႏွင့္ေအာက္ ဆုိ လွ်င္ လူသားမ်ားအတြက္ အႏၲ ရာယ္မရွိဟု သတ္မွတ္ၿပီး ၇၀ ႏွင့္ အထက္ကုိ အလြန္ မလံုၿခံဳ ေသာ အေနအထားအျဖစ္ သတ္ မွတ္ထားသည္။ ျမန္မာ၏ ၿမိဳ႕ျပ ႏွင့္ေက်းလက္ေဒသမ်ား စုေပါင္း ပ်မ္းမွ်အတုိင္းအတာသည္ ၅၁ ရွိ ေနၿပီး ခန႔္မွန္းေျခ ၃၂ မွ ၈၀ အ ထိရွိေနသည္။ ၿမိဳ႕ျပအေနျဖင့္ဆုိ လွ်င္ ပ်မ္းမွ် ၅၇ ရွိၿပီး ခန္႔မွန္း ေျခ ၃၅ မွ ၉၀ အထိရွိေနေၾကာင္းေတြ႕ရသည္။

ရန္ကုန္ၿမိဳ႕တြင္ ေလထုညစ္ ညမ္းမႈသည္အလြန္မ်ားျပားေနၿပီး အသက္႐ွဴရန္ အႏၲရာယ္ကင္းေသာ သန္႔စင္သည့္ ေလထုမွာ ၁၄ ရာခုိင္ႏႈန္းေက်ာ္သာရိွ၍ အလြန္နိမ့္သည္ဟု သတ္မွတ္ထားေၾကာင္း ေတြ႕ရွိရသည္။

ေလထုညစ္ညမ္းရျခင္း အဓိက အေၾကာင္းရင္းမ်ားတြင္ အရည္အေသြးညံ့ဖ်င္းေသာ သယ္ယူပို႔ေဆာင္ေရး ပံုစံမ်ား၊ အိမ္ေထာင္စုမ်ားက ေလာင္စာအသံုးျပဳပံုမ်ား၊ ေက်ာက္မီးေသြး စက္႐ံုမ်ား၊ စက္႐ံု၊ အလုပ္႐ံု စက္မႈဇုန္မ်ား စသည္တိ႔ုေၾကာင့္ ပါ၀င္သည္ဟု ေထာက္ျပထားသည္။

    WHO ႏွင့္ ၿဗိတိန္ႏိုင္ငံရွိဘတ္သ္ တကၠသိုလ္တို႔ ပူးေပါင္း၍ ႏုိင္ငံ အလိုက္ ေလထုညစ္ညမ္းမႈကုိ ၿဂိဳဟ္တုတုိင္းထြာခ်က္မ်ား၊ ေလ ေၾကာင္းသယ္ယူပို႔ေဆာင္ေရးပံုစံ မ်ား၊ ေက်းလက္ႏွင့္ၿမိဳ႕ျပ ေနရာ ေပါင္း ၃,၀၀၀ ေက်ာ္၌ ေျမျပင္ ေစာင့္ၾကည့္တုိင္းတာမႈမ်ားမွ ရရွိ သည့္အခ်က္အလက္မ်ားအား အ ေျခခံၿပီး တြက္ခ်က္အကဲျဖတ္ခဲ့ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

မြန်မာနိုင်ငံ၏ လေထု သည် အသက်ရှူရန်ပင်အန္တရာယ် ရှိနေပြီး ကမ္ဘာ့လေထုအညစ်ညမ်း ဆုံးနိုင်ငံများစာရင်းတွင် တရုတ် နှင့်ကပ်လျက်အဆင့် (၁၇) ချိတ် နေကြောင်း ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့(WHO)က စက်တင်ဘာလကုန် ၌ ထုတ်ပြန်သော ကမ္ဘာလုံးဆိုင် ရာ လေထုညစ်ညမ်းမှုနှင့် ရောဂါ ဘယအကဲဖြတ်ချက်အစီရင်ခံစာ တွင် ဖော်ပြသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၈ နိုင်ငံ ကို တိုင်းတာအကဲဖြတ်ရာ၌ ဆော်ဒီအာရေးဗီးယားက လေ ထုအညစ်ညမ်းဆုံးအဆင့် (၁) ဖြစ်ပြီး တရုတ်က အဆင့် (၁၆) နှင့် မြန်မာက အဆင့် (၁၇)ဖြစ် နေကြောင်း တွေ့ရသည်။ ကမ္ဘာ့ လေထုအသန့်စင်ဆုံး အဆင့် (၁) နိုင်ငံသည် ဆော်လမွန်ကျွန်းများ နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် နယူးဇီလန်၊ဘရူနိုင်းနှင့် ဆွီဒင်တို့ ရှိနေသည်။

‘‘ကျွန်တော် သံသယရှိနေခဲ့ တာကြာပြီ’’ဟု မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။‘‘ဌာနမှာရှိနေတုန်းက acid deposition in rain water လေ့ လာမှုကို လုပ်ဖူးတယ်။ မြန်မာ နိိုင်ငံအရှေ့ဘက်နယ်နိမိတ်ဒေသ တွေမှာ pH level တွေ 5 လောက် အထိ ကျနေပြီး ကျန်ဒေသတွေက တော့ ပုံမှန်လောက်သာရှိနေတာ ကို တွေ့ရကတည်းက ဒီ transboundary ပြဿနာရှိနိုင်တယ်လို့ သံသယရှိခဲ့ပါတယ်။ (ရှမ်းပြည် ဘက်မှာ ကျောက်မီးသွေးစက်ရုံ တွေကြောင့်လည်းဖြစ်နိုင်ပါတယ်)ကျွန်တော်ကတော့ နယ်စပ်ကျော်ဖြတ် ဘေးသင့်မှု (Transboundary Impact) တွေ ပါနေလိမ့်မယ်လို့ ယူဆကြောင်းပါဗျ’’ ဟုဒေါက်တာထွန်းလွင် ရေးသားထားသည်။

 မြန်မာနိုင်ငံတွင် တစ်နှစ် လျှင် လူပေါင်းနှစ်သောင်းကျော် သေဆုံးမှုသည် လေထုညစ်ညမ်းမှု နှင့် ပတ်သက်နိုင်ကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ အချက် အလက်များက ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် အသက်ရှူလမ်းကြောင်းနှင့် ပတ် သက်သော ကူးစက်မှု ခံရခြင်း ကြောင့် ၆၄၄ ဦး၊ နာတာရှည်ဖြစ် သော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပိတ်ဆို့ခြင်းကြောင့် ၈၉၃ ဦး၊  အဆုတ်ကင်ဆာကြောင့် ၁,၂၀၈ ဦး၊ နှလုံးသွေးငတ်ရောဂါ ကြောင့် ၃,၂၅၇ ဦး၊ လေဖြတ်ခြင်း ကြောင့် ၅,၄၉၁ ဦး နှစ်စဉ်သေဆုံး မှုရှိနေကြောင်း WHO အစီရင်ခံ စာ၌ ဖော်ပြထားသည်။ ယင်းရော ဂါတို့ကြောင့် နာတာရှည်ဖြစ်ရသူ များ၊ မကျန်းမာမသန်စွမ်းဖြစ်ရသူ များသည် သောင်းပေါင်းများစွာချီ ရှိနေသည်ဟု အစီရင်ခံစာကဖော်ပြသည်။

လေထုတွင် မီးခိုး၊ အမှိုက် စသည့် ညစ်ညမ်းစေသော ဒြပ်ပါ ဝင်မှုပမာဏ ၁၀ နှင့်အောက် ဆို လျှင် လူသားများအတွက် အန္တ ရာယ်မရှိဟု သတ်မှတ်ပြီး ၇၀ နှင့် အထက်ကို အလွန် မလုံခြုံ သော အနေအထားအဖြစ် သတ် မှတ်ထားသည်။ မြန်မာ၏ မြို့ပြ နှင့်ကျေးလက်ဒေသများ စုပေါင်း ပျမ်းမျှအတိုင်းအတာသည် ၅၁ ရှိ နေပြီး ခန့်မှန်းခြေ ၃၂ မှ ၈၀ အ ထိရှိနေသည်။ မြို့ပြအနေဖြင့်ဆို လျှင် ပျမ်းမျှ ၅၇ ရှိပြီး ခန့်မှန်း ခြေ ၃၅ မှ ၉၀ အထိရှိနေကြောင်းတွေ့ရသည်။

ရန်ကုန်မြို့တွင် လေထုညစ် ညမ်းမှုသည်အလွန်များပြားနေပြီး အသက်ရှူရန် အန္တရာယ်ကင်းသော သန့်စင်သည့် လေထုမှာ ၁၄ ရာခိုင်နှုန်းကျော်သာရှိ၍ အလွန်နိမ့်သည်ဟု သတ်မှတ်ထားကြောင်း တွေ့ရှိရသည်။

လေထုညစ်ညမ်းရခြင်း အဓိက အကြောင်းရင်းများတွင် အရည်အသွေးညံ့ဖျင်းသော သယ်ယူပို့ဆောင်ရေး ပုံစံများ၊ အိမ်ထောင်စုများက လောင်စာအသုံးပြုပုံများ၊ ကျောက်မီးသွေး စက်ရုံများ၊ စက်ရုံ၊ အလုပ်ရုံ စက်မှုဇုန်များ စသည်တိ့ုကြောင့် ပါဝင်သည်ဟု ထောက်ပြထားသည်။

    WHO နှင့် ဗြိတိန်နိုင်ငံရှိဘတ်သ် တက္ကသိုလ်တို့ ပူးပေါင်း၍ နိုင်ငံ အလိုက် လေထုညစ်ညမ်းမှုကို ဂြိုဟ်တုတိုင်းထွာချက်များ၊ လေ ကြောင်းသယ်ယူပို့ဆောင်ရေးပုံစံ များ၊ ကျေးလက်နှင့်မြို့ပြ နေရာ ပေါင်း ၃,၀၀၀ ကျော်၌ မြေပြင် စောင့်ကြည့်တိုင်းတာမှုများမှ ရရှိ သည့်အချက်အလက်များအား အ ခြေခံပြီး တွက်ချက်အကဲဖြတ်ခဲ့ ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top