Property Expo
×

 အေမရိကန္ေဒၚလာႏွင့္ အတူ ျပည္တြင္းစက္သုံးဆီေစ်း ႏႈန္း ဆက္လက္ျမင့္တက္္ေနၿပီး ေအာက္တုိဘာလဆန္းတြင္ စက္ သံးဆီေစ်းႏႈန္းမွာ ၿပီးခဲ့သည့္လႏွင့္ ယွဥ္ပါက တစ္လီတာလွ်င္ က်ပ္ ၅၀ ေက်ာ္ျမင့္တက္လာကာ တစ္ ႏွစ္အတြင္း ေစ်းတက္သည့္ပမာ ဏ အမ်ားဆုံးျဖစ္လာေၾကာင္း စက္သုံးဆီေစ်းကြက္မွသတင္းရရွိ သည္။
 စက္သုံးဆီေစ်းကြက္၌လည္း စက္တင္ဘာ ၁ ရက္က ေအာက္တိန္း−92တစ္လီတာလွ်င္ ၅၃၀က်ပ္၊ ေအာက္တိန္း− 95 တစ္လီတာလွ်င္ ၆၀၀ က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ ၅၃၀ က်ပ္ႏွင့္ အဆင့္ျမင့္ ဒီဇယ္ တစ္လီတာလွ်င္ ၅၅၀ က်ပ္ခန္႔ရွိခဲ့သည္။ေအာက္တုိဘာ ၅ ရက္တြင္ ေအာက္တိန္း−92 တစ္လီတာ လွ်င္ ၆၀၀က်ပ္၊ ေအာက္တိန္း− 95တစ္လီတာလွ်င္ ၆၆၀က်ပ္၊ ဒီ ဇယ္တစ္လီတာလွ်င္ ၅၉၀က်ပ္ ႏွင့္ အဆင့္ျမင့္ဒီဇယ္တစ္လီတာ လွ်င္ ၆၂၀ က်ပ္ခန္႔ ျဖစ္ေပၚေန ျခင္းျဖစ္သည္။
‘‘ေဒၚလာေစ်းတက္တာကတက္တာပဲ။ ဒါေပမဲ့ ျပည္တြင္း စက္သုံးဆီေစ်းကပါ တစ္ခ်ိန္ တည္းလိုက္တက္တာေတာ့ စဥ္းစားစရာ ေကာင္းတယ္။ အခု ေရာင္းခ်ေနတဲ့ဆီေတြက ခ်က္ ခ်င္းတင္သြင္းေရာင္းခ်ေနတာမွ မဟုတ္တာ။ ေစ်းႏႈန္းထိန္းညိႇမႈ ေတြလုပ္ထားသင့္တယ္လုိ႔ ထင္ တယ္’’ဟု စက္သုံးဆီေစ်းကြက္ ကၽြမ္းက်င္သူတစ္ဦးကမွတ္ခ်က္ ျပဳသည္။

 ျပည္တြင္း စက္သုံးဆီေစ်း ကြက္တြင္ ယခင္က တစ္လအ တြင္း တစ္လီတာ ၁၀က်ပ္သာ တက္ရာမွ  ယခုက်ပ္ ၅၀ေက်ာ္အထိျမင့္တက္လာျခင္းျဖစ္ေၾကာင္း စက္သုံးဆီ ေရာင္း၀ယ္ေရးလုပ္ ငန္းမ်ားထံမွသိရသည္။‘‘ေအာက္တိန္းက တစ္လီ တာကို ၅၃၀ ကေန ေတာက္ ေလွ်ာက္ တက္လာတာမေန႔က (ေအာက္တုိဘာ ၄ ရက္)အထိ ၅၈၀ ျဖစ္ေနၿပီ။ ကားေမာင္းေနတဲ့ ကာလ တစ္ေလွ်ာက္ ေစ်းတက္ တာအျမန္ဆုံးႀကဳံဖူးတာပဲ။ ေစ်း က်ဖုိ႔ဆုိရင္ေတာ့ ၾကာတယ္’’ဟု ကမာရြတ္ၿမိဳ႕နယ္ေန အငွားယာဥ္ ေမာင္းတစ္ဦးကေျပာသည္။

ျပည္တြင္း စက္သုံးဆီႏႈန္း သည္ ၂၀၁၅က ေအာက္တိန္း−92 တစ္လီတာလွ်င္ ၇၃၀ က်ပ္၊ ေအာက္တိန္း−95 တစ္လီတာ လွ်င္ ၁,၀၀၀ က်ပ္၊ ဒီဇယ္တစ္လီ တာလွ်င္ ၇၈၀က်ပ္ႏွင့္အဆင့္ျမင့္ ဒီဇယ္တစ္လီတာလွ်င္ ၈၅၀က်ပ္ အထိ အျမင့္ဆုံးေစ်းႏႈန္းမ်ားျဖစ္ ေပၚခဲ့ဖူးသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမေရိကန်ဒေါ်လာနှင့် အတူ ပြည်တွင်းစက်သုံးဆီဈေး နှုန်း ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလဆန်းတွင် စက် သံးဆီဈေးနှုန်းမှာ ပြီးခဲ့သည့်လနှင့် ယှဉ်ပါက တစ်လီတာလျှင် ကျပ် ၅၀ ကျော်မြင့်တက်လာကာ တစ် နှစ်အတွင်း ဈေးတက်သည့်ပမာ ဏ အများဆုံးဖြစ်လာကြောင်း စက်သုံးဆီဈေးကွက်မှသတင်းရရှိ သည်။
 စက်သုံးဆီဈေးကွက်၌လည်း စက်တင်ဘာ ၁ ရက်က အောက်တိန်း−92တစ်လီတာလျှင် ၅၃၀ကျပ်၊ အောက်တိန်း− 95 တစ်လီတာလျှင် ၆၀၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၅၃၀ ကျပ်နှင့် အဆင့်မြင့် ဒီဇယ် တစ်လီတာလျှင် ၅၅၀ ကျပ်ခန့်ရှိခဲ့သည်။အောက်တိုဘာ ၅ ရက်တွင် အောက်တိန်း−92 တစ်လီတာ လျှင် ၆၀၀ကျပ်၊ အောက်တိန်း− 95တစ်လီတာလျှင် ၆၆၀ကျပ်၊ ဒီ ဇယ်တစ်လီတာလျှင် ၅၉၀ကျပ် နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာ လျှင် ၆၂၀ ကျပ်ခန့် ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။

‘‘ဒေါ်လာဈေးတက်တာကတက်တာပဲ။ ဒါပေမဲ့ ပြည်တွင်း စက်သုံးဆီဈေးကပါ တစ်ချိန် တည်းလိုက်တက်တာတော့ စဉ်းစားစရာ ကောင်းတယ်။ အခု ရောင်းချနေတဲ့ဆီတွေက ချက် ချင်းတင်သွင်းရောင်းချနေတာမှ မဟုတ်တာ။ ဈေးနှုန်းထိန်းညှိမှု တွေလုပ်ထားသင့်တယ်လို့ ထင် တယ်’’ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူတစ်ဦးကမှတ်ချက် ပြုသည်။

 ပြည်တွင်း စက်သုံးဆီဈေး ကွက်တွင် ယခင်က တစ်လအ တွင်း တစ်လီတာ ၁၀ကျပ်သာ တက်ရာမှ  ယခုကျပ် ၅၀ကျော်အထိမြင့်တက်လာခြင်းဖြစ်ကြောင်း စက်သုံးဆီ ရောင်းဝယ်ရေးလုပ် ငန်းများထံမှသိရသည်။‘‘အောက်တိန်းက တစ်လီ တာကို ၅၃၀ ကနေ တောက် လျှောက် တက်လာတာမနေ့က (အောက်တိုဘာ ၄ ရက်)အထိ ၅၈၀ ဖြစ်နေပြီ။ ကားမောင်းနေတဲ့ ကာလ တစ်လျှောက် ဈေးတက် တာအမြန်ဆုံးကြုံဖူးတာပဲ။ ဈေး ကျဖို့ဆိုရင်တော့ ကြာတယ်’’ဟု ကမာရွတ်မြို့နယ်နေ အငှားယာဉ် မောင်းတစ်ဦးကပြောသည်။

ပြည်တွင်း စက်သုံးဆီနှုန်း သည် ၂၀၁၅က အောက်တိန်း−92 တစ်လီတာလျှင် ၇၃၀ ကျပ်၊ အောက်တိန်း−95 တစ်လီတာ လျှင် ၁,၀၀၀ ကျပ်၊ ဒီဇယ်တစ်လီ တာလျှင် ၇၈၀ကျပ်နှင့်အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၈၅၀ကျပ် အထိ အမြင့်ဆုံးဈေးနှုန်းများဖြစ် ပေါ်ခဲ့ဖူးသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top