Kantharyar Centre
×

အရင္ေခတ္ေတြမွာေတာ့၊ ေယာက်ၤားဆုိတာ အိမ္ကို စားစရာနဲ ့ပုိက္ဆံျပန္သယ္လာျပီး မိန္းမက အိမ္မွာပဲ ေနရတဲ့ ေခတ္ေပ့ါ။ မိန္းမျဖစ္သူဟာ ဟင္းခ်က္မယ္၊ ပန္းကန္ေဆးမယ္ အိမ္သန္ ့ရွင္းေရးလုပ္မယ္၊ ကေလးထိန္းမယ္ စသျဖင့္ အိမ္တြင္းတာ၀န္ကိုပဲ ထမ္းေဆာင္ေနခဲ့ရပါတယ္။

အခုေခတ္မွာေတာ့ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနဲ ့တန္းတူ ပညာအရည္အခ်င္းတတ္ေျမာက္ၾကျပီး တစ္ခါတစ္ေလမွာ မိန္းမေတြက ေယာက်ၤားေတြထက္ ၀င္ေငြပုိေကာင္းေနၾကပါတယ္။ ဒီအခ်က္ဟာ အိမ္ေထာင္ေရးကို ထိခိုက္မွဳရွိေစႏိုင္လား။

၂၀၀၁ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အတြင္း လူငယ္ထုကို အျပန္အလွန္ေလ့လာဆန္းစစ္မွဳ အမ်ိဳးသားသုေတသနဌာနက အခ်က္အလက္ေတြကို ထုတ္ယူျပီး သုေတသနပညာရွင္ေတြဟာ လိင္မတူႏွစ္ျခိဳက္တဲ့ အသက္ ၁၈ ႏွစ္ကေန ၃၂ ႏွစ္အတြင္း စုံတြဲေတြနဲ ့သူတုိ ့တစ္ဦးခ်င္း ရွာႏိုင္တဲ့ ေငြပမာဏကို ဆက္စပ္ေလ့လာခဲ့ပါတယ္။

သုေတသနပညာရွင္ေတြရဲ့ ေတြ ့ရွိခ်က္အရ အမ်ိဳးသားေတြဟာ သူတုိ ့ဇနီးထက္ ၀င္ေငြပုိရွာႏိုင္ရင္ သစၥာမဲ့ ေဖာက္ျပန္ႏိုင္ေျခ ပုိနည္းျပီး ဇနီးျဖစ္သူက ၀င္ေငြ ပုိရွာႏိုင္တယ္ဆုိရင္ေတာ့ အမ်ိဳးသားဟာ ေငြရွာလြယ္တဲ့ ဇနီး ျဖစ္သူကို ေဖာက္ျပန္ႏိုင္ေျခ ၁၅ ရာခိုင္ႏွဳန္းရွိေၾကာင္း ေတြ ့ရွိခဲ့ရပါတယ္။

အမ်ိဳးသမီးေတြဘက္ကၾကည့္မယ္ဆုိရင္၊ အမ်ိဳးသမီးေတြဟာ အိမ္ေထာင္ေရးမွာ ၀င္ေငြပုိရွာႏို္င္သလုိ အိမ္ေထာင္ေရးေဖာက္ျပန္မွဳလည္း မရွိေၾကာင္း ေတြ ့ရွိခဲ့ရပါတယ္။ ဒီအခ်က္ကိုၾကည့္မယ္ ဆုိရင္ ေခတ္သာေျပာင္းလဲ လာေပမယ့္ အမ်ိဳးသားေတြဟာ ဇနီးကို ဟင္းခ်က္ေစဖုိ ့ေလာက္သာ ပုိလုိ္လားျပီး ေငြေရးေၾကးေရးအရ မွီခိုမွဳမရွိတဲ့ မိန္းမမ်ိဳးကို မလုိလားတဲ့ ေယာက်ၤားတစ္ခ်ိဳ ့ရွိေနေသးေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanamr

Unicode Version

အရင်ခေတ်တွေမှာတော့၊ ယောကျၤားဆိုတာ အိမ်ကို စားစရာနဲ့ပိုက်ဆံပြန်သယ်လာပြီး မိန်းမက အိမ်မှာပဲ နေရတဲ့ ခေတ်ပေ့ါ။ မိန်းမဖြစ်သူဟာ ဟင်းချက်မယ်၊ ပန်းကန်ဆေးမယ် အိမ်သန့်ရှင်းရေးလုပ်မယ်၊ ကလေးထိန်းမယ် စသဖြင့် အိမ်တွင်းတာဝန်ကိုပဲ ထမ်းဆောင်နေခဲ့ရပါတယ်။

အခုခေတ်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ ပညာအရည်အချင်းတတ်မြောက်ကြပြီး တစ်ခါတစ်လေမှာ မိန်းမတွေက ယောကျၤားတွေထက် ဝင်ငွေပိုကောင်းနေကြပါတယ်။ ဒီအချက်ဟာ အိမ်ထောင်ရေးကို ထိခိုက်မှုရှိစေနိုင်လား။

၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း လူငယ်ထုကို အပြန်အလှန်လေ့လာဆန်းစစ်မှု အမျိုးသားသုတေသနဌာနက အချက်အလက်တွေကို ထုတ်ယူပြီး သုတေသနပညာရှင်တွေဟာ လိင်မတူနှစ်ခြိုက်တဲ့ အသက် ၁၈ နှစ်ကနေ ၃၂ နှစ်အတွင်း စုံတွဲတွေနဲ့သူတို့တစ်ဦးချင်း ရှာနိုင်တဲ့ ငွေပမာဏကို ဆက်စပ်လေ့လာခဲ့ပါတယ်။

သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အမျိုးသားတွေဟာ သူတို့ဇနီးထက် ဝင်ငွေပိုရှာနိုင်ရင် သစ္စာမဲ့ ဖောက်ပြန်နိုင်ခြေ ပိုနည်းပြီး ဇနီးဖြစ်သူက ဝင်ငွေ ပိုရှာနိုင်တယ်ဆိုရင်တော့ အမျိုးသားဟာ ငွေရှာလွယ်တဲ့ ဇနီး ဖြစ်သူကို ဖောက်ပြန်နိုင်ခြေ ၁၅ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

အမျိုးသမီးတွေဘက်ကကြည့်မယ်ဆိုရင်၊ အမျိုးသမီးတွေဟာ အိမ်ထောင်ရေးမှာ ဝင်ငွေပိုရှာနိုင်သလို အိမ်ထောင်ရေးဖောက်ပြန်မှုလည်း မရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီအချက်ကိုကြည့်မယ် ဆိုရင် ခေတ်သာပြောင်းလဲ လာပေမယ့် အမျိုးသားတွေဟာ ဇနီးကို ဟင်းချက်စေဖို့လောက်သာ ပိုလိုလားပြီး ငွေရေးကြေးရေးအရ မှီခိုမှုမရှိတဲ့ မိန်းမမျိုးကို မလိုလားတဲ့ ယောကျၤားတစ်ချို့ရှိနေသေးကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanamr
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top