မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×




Credit : Duwun

#Unicode Version

အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဟာ ချစ်တင်းနှောစရာ မိန်းမလည်းမရှိသလို ရည်းစားလည်းမရှိတာကြောင့် စိတ်ဆန္ဒဖြေဖျောက်ဖို့ရာ ပုလင်းတစ်လုံးကို အသုံးပြုခဲ့ရာက အတော်လေး ဒုက္ခများသွားခဲ့ရပါတယ်။ သူ့ရဲ့ ကျားအင်္ဂါဟာ ပလတ်စတစ်ပုလင်းထဲမှာ ပိတ်မိသွားခဲ့ပြီး ပြန်ထုတ်လို့မရဖြစ်ခဲ့တာပါ။ ပုလင်းကို ချွတ်ပစ်ဖို့ လေးရက်လုံးလုံး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်တဲ့အဆုံးမှာ ဆေးရုံကိုရောက်သွားခဲ့ပါတော့တယ်။

ဆေးရုံကို ရောက်လာချိန်မှာ ပုလင်းက တပ်လျက်သား အခြေအနေနဲ့ရှိနေပြီး သူ့ရဲ့ကျားအင်္ဂါကတော့ အရောင်အဆင်းမည်းကျုတ်ကာ ယိုယွင်းပျက်စီးစပြုနေပြီလို့ ဆရာဝန်က ပြောပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီး ပုလင်းကို ဖယ်ရှားလိုက်ရပေမယ့် ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး လိင်မှုကိစ္စ ပြုလုပ်နိုင်တော့မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီသတင်းကို HCH Television Digital ရုပ်သံသတင်းဌာနက YouTube ပေါ်မှာ တင်ဆက်ထားတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top