Property Expo
×




Credit : Duwun

#Unicode Version

မိလ္လာကားရဲ့အနံ့ကို မခံနိုင်တာကြောင့် လူတွေဟာ မိလ္လာကားဆိုရင် ဝေးဝေးက ရှောင်ကြပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံ အိုဆာကာ မြို့က လူတွေကတော့ ဒီလိုလုပ်စရာ မလိုတော့ပါဘူး။ မြို့ရဲ့မိလ္လာကားတွေအားလုံးဟာ ချောကလက်နံ့ပဲ ထွက်တော့မှာ ဖြစ်ပါတယ်။

ဂျပန်သတင်းစာ Asahi ရဲ့ ဖော်ပြချက်အရ  Yamamoto Fragrances ရေမွှေးကုမ္ပဏီဟာ Shikibo ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Deo-Magic လို့ခေါ်တဲ့ အနံ့အသက်ဆိုးပျောက်ပစ္စည်းကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းကို ကားရဲ့ချောဆီနဲ့ တွဲဖက်အသုံးပြုရမှာဖြစ်ပြီး ပြင်းရှတဲ့ ချောကလက်ရေမွှေးနံ့ကို ထုတ်ပေးကာ မကောင်းတဲ့အနံ့အသက်တွေကို ဖုန်းလွှမ်းပေးမှာ ဖြစ်ပါတယ်။

ချောကလက်နံ့မိလ္လာကားတွေကို  ကနဦးစမ်းသပ်မောင်းနှင်ခဲ့ရာမှာလည်း  အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top