Property Expo
×

ဇြန္းနဲ႔ေမႊတာ၊ အပူခ်ိန္ညိွတာ၊ ေရထည့္ျပီး ပါဝင္ပစၥည္းေတြ ေပါင္းထည့္တာေတြက စားဖိုမွဴးတစ္ေယာက္အတြက္ အေျခခံစေကးလ္ေတြဆုိေပမယ့္ ဒါေတြက စက္ရုပ္တစ္ခုအတြက္ေတာ့ ရႏုိင္ဖုိ႔ အနည္းငယ္ ပိုခဲယဥ္းပါတယ္။ ဒါေပမယ့္ ခ်က္ျပဳတ္ျပင္ဆင္မႈနဲ႔ မီးဖုိေခ်ာင္လုပ္ငန္း တစ္ေခတ္ဆန္းေစဖုိ႔အတြက္ စီစဥ္ေဆာင္ရြက္ထားႏုိင္တဲ့ ဒီစက္ရုပ္လက္တစ္စုံအတြက္ေတာ့ ျပသနာမဟုတ္ပါဘူး။

၂၀၁၇ မွာ အဆင့္ျမင့္ဗားရွင္း စတင္ျဖန္႔ျဖဴးတဲ့အခါ သုံးစြဲသူေတြအေနနဲ႔ ဖုန္းကေနတဆင့္ ဟင္းအမ်ဳိးအစားေပါင္း ၂,၀၀၀ ထဲကေန ၾကိဳက္ရာ ေရြးခ်ယ္ႏုိင္မွာျဖစ္ျပီး အလုိအေလ်ာက္လည္ပတ္တဲ့ စက္ရုပ္လက္တံေတြကေန ျပင္ဆင္ေပးမွာ ျဖစ္တယ္လုိ႔ အဆုိပါစက္ရုပ္တီထြင္ဖန္းတီးတဲ့ ကုမၸဏီ Moley Robotics က ဆုိပါတယ္။ တကယ္လုိ႔ ဒီစက္ရုပ္ ေအာင္ျမင္ျဖစ္ေျမာက္ခဲ့မယ္ဆုိရင္ အလုပ္ကျပန္လာလုိ႔ ထမင္းဟင္းခ်က္ျပဳတ္ျပင္ဆင္ဖုိ႔ မိမိဖုန္းကေန ခလုတ္ေလးတစ္ခ်က္ ႏွိပ္ႏုိင္မယ့္ သေဘာပဲ ျဖစ္ပါတယ္။

အလုိအေလ်ာက္ လည္ပတ္တဲ့ မီးဖုိေခ်ာင္မွာ အားလုံးဟာ အသင့္စီမံေဆာင္ရြက္ထားျပီး အသုံးအေဆာင္ပစၥည္းေတြ ေကာက္ယူ၊ ျပန္ထားတာ၊ ဟင္းေတြေမြေပးတာနဲ႔ မီးဖုိမီး အပူခ်ိန္အံကုိက္ခ်ိန္ေပးတာေတြ ျပဳလုပ္ေပးႏုိင္ပါတယ္။ ဖန္တီးရ အင္မတန္ခက္တဲ့ ဒီစက္ရုပ္လက္တံေတြဟာ လူလက္ကဲ့သို႔ အမ်ဳိးစုံလုပ္ရွားႏုိင္ေအာင္ တီထြင္ဖန္တီးဖုိ႔ ေမာ္တာ အလုံးေရ ၂၀၊ အဆစ္(အဆက္) ၂၄ ခုနဲ႔ ဆင္ဆာ ၁၂၉ ခုု အသုံးျပဳထားပါတယ္။ အခ်က္ျပဳတ္လုပ္ငန္းစဥ္ကို စတုိဒီယိုမွာ လႈပ္ရွားမႈတစ္ခုခ်င္းစီ သြင္းယူထားတယ္လုိ႔ သိရပါတယ္။

Corrnell တကၠသိုလ္က သုေတသီေတြဟာ ကြန္ပ်ဴတာပရိုဂရမ္နဲ႔မဟုတ္ဘဲ စက္ရုပ္ေတြကို အသံျဖင့္ လမ္းညြန္ခ်က္ေတြေပး သင္ၾကားေပးပါတယ္။ ဘဝကို ပိုမိုေအးေဆးလြယ္ကူေစမယ့္ စက္ရုပ္ေတြနဲ႔ အျခားနည္းပညာေတြကို အသုံးျပဳဖုိ႔က သူ႔ရည္ရြယ္ခ်က္ျဖစ္တယ္လုိ႔ Moley Robotics တည္ေဆာင္သူ Mark Oleynik က ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဇွန်းနဲ့မွှေတာ၊ အပူချိန်ညှိတာ၊ ရေထည့်ပြီး ပါဝင်ပစ္စည်းတွေ ပေါင်းထည့်တာတွေက စားဖိုမှူးတစ်ယောက်အတွက် အခြေခံစကေးလ်တွေဆိုပေမယ့် ဒါတွေက စက်ရုပ်တစ်ခုအတွက်တော့ ရနိုင်ဖို့ အနည်းငယ် ပိုခဲယဉ်းပါတယ်။ ဒါပေမယ့် ချက်ပြုတ်ပြင်ဆင်မှုနဲ့ မီးဖိုချောင်လုပ်ငန်း တစ်ခေတ်ဆန်းစေဖို့အတွက် စီစဉ်ဆောင်ရွက်ထားနိုင်တဲ့ ဒီစက်ရုပ်လက်တစ်စုံအတွက်တော့ ပြသနာမဟုတ်ပါဘူး။

၂၀၁၇ မှာ အဆင့်မြင့်ဗားရှင်း စတင်ဖြန့်ဖြူးတဲ့အခါ သုံးစွဲသူတွေအနေနဲ့ ဖုန်းကနေတဆင့် ဟင်းအမျိုးအစားပေါင်း ၂,၀၀၀ ထဲကနေ ကြိုက်ရာ ရွေးချယ်နိုင်မှာဖြစ်ပြီး အလိုအလျောက်လည်ပတ်တဲ့ စက်ရုပ်လက်တံတွေကနေ ပြင်ဆင်ပေးမှာ ဖြစ်တယ်လို့ အဆိုပါစက်ရုပ်တီထွင်ဖန်းတီးတဲ့ ကုမ္ပဏီ Moley Robotics က ဆိုပါတယ်။ တကယ်လို့ ဒီစက်ရုပ် အောင်မြင်ဖြစ်မြောက်ခဲ့မယ်ဆိုရင် အလုပ်ကပြန်လာလို့ ထမင်းဟင်းချက်ပြုတ်ပြင်ဆင်ဖို့ မိမိဖုန်းကနေ ခလုတ်လေးတစ်ချက် နှိပ်နိုင်မယ့် သဘောပဲ ဖြစ်ပါတယ်။

အလိုအလျောက် လည်ပတ်တဲ့ မီးဖိုချောင်မှာ အားလုံးဟာ အသင့်စီမံဆောင်ရွက်ထားပြီး အသုံးအဆောင်ပစ္စည်းတွေ ကောက်ယူ၊ ပြန်ထားတာ၊ ဟင်းတွေမွေပေးတာနဲ့ မီးဖိုမီး အပူချိန်အံကိုက်ချိန်ပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဖန်တီးရ အင်မတန်ခက်တဲ့ ဒီစက်ရုပ်လက်တံတွေဟာ လူလက်ကဲ့သို့ အမျိုးစုံလုပ်ရှားနိုင်အောင် တီထွင်ဖန်တီးဖို့ မော်တာ အလုံးရေ ၂၀၊ အဆစ်(အဆက်) ၂၄ ခုနဲ့ ဆင်ဆာ ၁၂၉ ခုု အသုံးပြုထားပါတယ်။ အချက်ပြုတ်လုပ်ငန်းစဉ်ကို စတိုဒီယိုမှာ လှုပ်ရှားမှုတစ်ခုချင်းစီ သွင်းယူထားတယ်လို့ သိရပါတယ်။

Corrnell တက္ကသိုလ်က သုတေသီတွေဟာ ကွန်ပျူတာပရိုဂရမ်နဲ့မဟုတ်ဘဲ စက်ရုပ်တွေကို အသံဖြင့် လမ်းညွန်ချက်တွေပေး သင်ကြားပေးပါတယ်။ ဘဝကို ပိုမိုအေးဆေးလွယ်ကူစေမယ့် စက်ရုပ်တွေနဲ့ အခြားနည်းပညာတွေကို အသုံးပြုဖို့က သူ့ရည်ရွယ်ချက်ဖြစ်တယ်လို့ Moley Robotics တည်ဆောင်သူ Mark Oleynik က ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top