Property Expo
×
မိုးရာသီမှာ နေ့တိုင်းလိုလို စိုစိုထိုင်းထိုင်းနဲ့သွားလာလူပ်ရှားနေရတာပါ။
Credit:Chelmo Team
#Unicode Version
မိုးရာသီမှာ နေ့တိုင်းလိိုလို စိုစိုထိုင်းထိုင်းနဲ့သွားလာလူပ်ရှားနေရတာပါ။
မိန်းကလေးဆိုတော့ ရုံးတတ်ရင် အလှလေးလည်းပြင်ရဆိုတော့ မနက်ဆို အလုပ်ကို ရှုပ်နေတာပါပဲ။ဒီကြားထဲ ဘတ်စ်ကားစီးပြီး ထိုင်ခုံမရတော့ မတ်တတ်ရပ်ရသေးတော့ စိတ်ညစ်စရာကောင်းတာ အမှန်ပါ။ရုံးရောက်တော့လည်း ထိုင်ပြီးလုပ်ရတဲ့အလုပ်ရှိသလို တနေ့လုံး Marketing ဆင်းနေရပြန်ရော။တနေ့လုုံး ကိုယ်ရဲ့ခြေထောက်ကလေးကို ခေါင်းငုံ့ကြည့်ဖို့လည်း သတိတောင်ရမှာမဟုတ်ပါ။
ခြေသလုံးလေးမှာတော့ ပြေးလွှားနေရတော့ သူ့ခမျာ အိမ်ပြန်မရောက်ခင်ကတည်းကရောင်နေပါပြီ။
ခြေထောက်ရောင်တာကတော့ အသေးအမှားကိစ္စ ဖြစ်ပင်မဲ့ကြာရင်တော့မကောင်းပါ။ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ဆိုတာကို အောက်မှာ ရေးထားတယ်နော်။
၁. Stocking ကိုဝတ်ကြည့်ပါ
ကုမ္ပဏီတွေမှာ မြန်မာ့ရိုးရာထမီနဲ့ ကုမ္ပဏီဝတ်စုံလေးကို ဝတ်ရသလို ကိုယ်ကြိုက်သလို ဝတ်ရတဲ့အခါလည်းရှိပါတယ်။ခြေထောက်ရောင်တတ်တဲ့သူကတော့ ထမီနဲ့ပဲဖြစ်စေ၊ စကပ်နဲ့ပဲဖြစ်စေ Stocking ကိုဝတ်ကြည့်သင့်ပါတယ်။Stocking ကိုဝတ်တဲ့အခါ ဖိနပ်ကိုတော့ သတိထားဖို့လိုအပ်ပါတယ်။ခြေညှပ်ဖိနပ်ဆိုတော့ Stocking နဲ့အဆင်ပြေမှာမဟုတ်ပါ။ အဲဒီတော့ အခုခေတ်စားနေတဲ့ Sahdal အမျိုးအစားထဲမှာပါဝင်တဲ့ ခုံထူ၊ ထိပ်ပိတ်၊ အပါးလေးတွေနဲ့တွဲပြီးဝတ်ကြည့်ပါ။ Stockingကိုဝတ်ထားတဲ့အတွက် ခြေထောက်ရဲ့သွေးလည်ပတ်မူကကောင်းလာမှာဖြစ်ပါတယ် ထို့အတူသွေးလည်ပတ်မူကောင်းလာတဲ့အတွက်ခြေထောက်လေးလဲနွေးနွေးထွေးထွေးရှိလာမှာ အမှန်ပါ။
၂. အကြိမ်များများ ခြေဖျားထောက်ရပ်တဲ့ လေ့ကျင့်ခန်းလေးလုပ်ကြည့်ပါ
Stockingလေးရဲ့အကူအညီနဲ့ခြေထောက်မရောင်အောင် ကြိုတင်ကာကွယ်နိုင်ပင်မဲ့ အမြဲတမ်းမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။ လုပ်လုပ်နေရင်းပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ခြေဖျားလေးထောက်ပြီး အကြိမ်များများ လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ပါ။
အထူးသဖြင့်ခြေသလုံးမှာရှိတဲ့ ကြက်သားတွေကို သန်မာစေတဲ့အတွက် သွေးလည်ပတ်မူကပိုပြီးကောင်းလာမှာပါ။ ဒါတင်မကလှပတဲ့ ခြေထောက်လေးကိုလည်း တချိန်တည်း ပိုင်ဆိုင်သွားမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top