Property Expo
×

ႏွစ္စဥ္ထုတ္ျပန္တဲ့တရုတ္ႏုိင္ငံရဲ႕ အခ်မ္းသာဆံုးစာရင္းအရ တရုတ္ႏုိင္ငံဟာ အေမရိကန္ထက္ ဘီလ်ံနာ သန္းၾကြယ္သူေဌးအေရအတြက္ ပိုမ်ားပါတယ္။

 အဆိုပါအေရအတြက္ ကြာဟမႈဟာ ယခုႏွစ္မွာ ပိုမိုမ်ားျပားလာျပီး အေမရိကန္ႏုိင္ငံဟာ သန္းၾကြယ္သူေဌးဦးေရ ၅၃၅ ေယာက္ ရွိတာျဖစ္ကာ တရုတ္ႏုိင္ငံကေတာ့ ၅၉၄ ေယာက္ရွိပါတယ္။ အိမ္ျခံေျမသူေဌးၾကီး ေဝါင္က်င္လင္ဟာ တရုတ္ႏုိင္ငံရဲ႕ အခ်မ္းသာဆံုးစာရင္းမွာ ထိပ္ဆံုးကရွိေနျပီး Alibaba ရဲ႕ ဂ်က္မားကေတာ့ ဒုတိယေနရာက လိုက္ေနပါတယ္။

တရုတ္ႏိုင္ငံရဲ႕ အခ်မ္းသာဆံုးစာရင္းကို Hurun သုေတသနအင္စတီက်ဴ႕က တစ္ႏွစ္တစ္ခါ ထုတ္ျပန္ေလ့ရွိျပီး အေမရိကန္က  Forbes မဂၢဇင္းၾကီးရဲ႕ အခ်မ္းသာဆံုးစာရင္းနဲ႔ ႏႈိင္းယွဥ္ေလ့ရွိၾကပါတယ္။ တရုတ္ႏုိင္ငံဟာ အေမရိကန္ထက္ သန္းၾကြယ္သူေဌးပိုမ်ားေပမဲ့ ကမာၻ႕ထိပ္တန္းသူေဌးေနရာေတြမွာ ပါဝင္ႏုိင္ျခင္းကေတာ့ နည္းပါးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

နှစ်စဉ်ထုတ်ပြန်တဲ့တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းအရ တရုတ်နိုင်ငံဟာ အမေရိကန်ထက် ဘီလျံနာ သန်းကြွယ်သူဌေးအရေအတွက် ပိုများပါတယ်။

 အဆိုပါအရေအတွက် ကွာဟမှုဟာ ယခုနှစ်မှာ ပိုမိုများပြားလာပြီး အမေရိကန်နိုင်ငံဟာ သန်းကြွယ်သူဌေးဦးရေ ၅၃၅ ယောက် ရှိတာဖြစ်ကာ တရုတ်နိုင်ငံကတော့ ၅၉၄ ယောက်ရှိပါတယ်။ အိမ်ခြံမြေသူဌေးကြီး ဝေါင်ကျင်လင်ဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးကရှိနေပြီး Alibaba ရဲ့ ဂျက်မားကတော့ ဒုတိယနေရာက လိုက်နေပါတယ်။

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းကို Hurun သုတေသနအင်စတီကျူ့က တစ်နှစ်တစ်ခါ ထုတ်ပြန်လေ့ရှိပြီး အမေရိကန်က  Forbes မဂ္ဂဇင်းကြီးရဲ့ အချမ်းသာဆုံးစာရင်းနဲ့ နှိုင်းယှဉ်လေ့ရှိကြပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်ထက် သန်းကြွယ်သူဌေးပိုများပေမဲ့ ကမ္ဘာ့ထိပ်တန်းသူဌေးနေရာတွေမှာ ပါဝင်နိုင်ခြင်းကတော့ နည်းပါးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top