Property Expo
×

 ရုံးပတီသီးမွာ စားလို႔ လည္းေကာင္းျပီး ေပးစြမ္းႏူိင္တဲ့ အက်ဳိးေက်းဇူးေတြကေတာ႔
- အရိုးကိုသန္မာေစသည္။
- ႏွလံုးကိုကာကြယ္ေပးသည္။

- အဆစ္အမ်က္ ေရာင္ရမ္းျခင္းကို သက္သာ ေလ်ာ့ပါး ေစသည္။

- ေသြးေပါင္ခ်ိန္ကိုထိန္းေပးသည္။

- ေသြးစီးဆင္းမႈကို ပိုေကာင္းေစသည္။

ရုံးပတီသီးကေပးတဲ့ က်န္းမာေရး ၃မ်ိဳး

(၁) ႏွလံုးေရာဂါကာကြယ္သည္

ရုံးပတီသီးမွာ Antioxidants ပါ၀င္သျဖင့္ ေသြးေၾကာနံရံမ်ား မာေတာင့္ျခင္းကို ကာကြယ္ သည္။ ေသြးေၾကာနံရံမ်ား မာလာရင္ ေသြးစီးႏႈန္းေႏွးျပီး ေစးပ်စ္ကာ ေသြးခဲ ေစသျဖင့္ အႏၲရာယ္ ရွိသည္။ ရုံးပတီသီးရွိ Vitamin C သည္ ထိပ္တန္း အင္တီေအာက္စီးဒင့္ျဖစ္ ကာ ႏွလံုး ေရာဂါ ျဖစ္ႏိုင္ေျခ အႏၲရာယ္ကို ေလ်ာ့ပါး ေစသည္။

ရုံးပတီသီး လက္ဖက္ရည္ တစ္ပန္းကန္စာသည္ ခရမ္းခ်ဥ္သီး လက္ဖက္ရည္ တစ္ပန္းကန္ စာထက္ ဗီတာမင္စီ ဓာတ္ပမာဏ ပိုမ်ားသည္။ ထို႔ျပင္ Folate ဓာတ္သည္လည္း ထိုလက္ဖက္ရည္ တစ္ပန္းကန္စာတြင္ သင္ေန႔စဥ္ လိုအပ္ခ်က္၏ ၄၀ရာခိုင္ႏႈန္းပါ ၀င္ျပန္သည္။

ေဖာလိတ္ဟု ေခၚေသာ ဗီတာမင္ဘီ တစ္မ်ိဳးခ်ိဳ႕တဲ့ပါက သင့္ခႏၶာကိုယ္တြင္ ဟိုမိုစစ္ စတင္းေခၚ Amino Acid မ်ားထြက္လာျပီး ေသြးထဲမွာ ဟိုမိုစစ္စတင္းေတြ သိပ္မ်ားလာပါက ေသြးေၾကာမ်ား က်ဥ္းေစသည္။

ႏွလံုးေသြး ေၾကာက်ဥ္း ေရာဂါႏွင့္ ေလျဖတ္ေရာဂါျဖစ္ေစသည္။ ဒါေၾကာင့္ ရုံးပတီသီးစား ေပးလွ်င္ ႏွလံုးႏွင့္ ေသြးေၾကာမ်ားကို ကာကြယ္ႏိုင္သည္။

ထို႔အတူ Potassium၊ Magnesium တို႔ၾကြယ္၀သျဖင့္ ေသြးေပါင္ခ်ိန္ကိုနည္းေစသည္။ ဤရုံးပတီသီးကို စားျခင္းျဖင့္ ေသြးတိုးေရာ ဂါရွိလွ်င္ ေလွ်ာ့ခ်ကာကြယ္ႏိုင္ျပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့လိုသူေတြ အတြက္လည္း ေကာင္းသည္။ မဂၢနီဆီယမ္သည္ ကိုလက္စထေရာႏွင့္ ေသြးတိုး ေရာဂါကို ထိန္းခ်ဳပ္ေပးသည္။ ႏွလံုးခုန္စီးခ်က္ နရီမွန္ေစျခင္းျဖင့္ ႏွလံုးေရာဂါႏွင့္ ႏွလံုး တိုက္ခိုက္ခံရျခင္းမွ ကာကြယ္ ေပးသည္။

(၂) အရုိးပါးေရာဂါ ကာကြယ္ရန္

အမ်ိဳးသမီးေတြ ေသြးဆံုးလွ်င္ အရုိးပါးေရာဂါ အျဖစ္မ်ား တတ္တာမို အသက္၄၀ေက်ာ္တာနဲ႕ ရုံးပတီသီး ေန႔စဥ္ စားဖို႔ျပင္ထားပါ။ ရုံးပတီသီးမွာ အရိုးပါး ေရာဂါ တိုက္ထုတ္ ေပးမယ့္ ဖိုက္တာ ၄မ်ိဳး ေတာင္ပါသည္။ (၁) ပိုတက္စီယမ္၊ (၂) ဗီတာမင္စီ၊ (၃) မဂၢနီစီယမ္ႏွင့္ (၄) ဘီတာကာ ရိုတင္းတို႔ ျဖစ္သည္။ ဤဓာတ္၄မ်ိဳး ျမင့္မားစြာပါေအာင္ စားႏိုင္တဲ့လူေတြမွာ အရုိးထိခိုက္ပ်က္ စီးမႈေႏွးသြားသည္ဟု ယူေကသုေတသန ေတြအရ ေတြ႕ရွိခဲ့သည္။ ကယ္လလ္စီယမ္ ဓာတ္ျပီးလွ်င္ အရိုး တည္ေဆာက္ရာတြင္ အေရးၾကီးဆံုးေသာ သတၳဳဓာတ္ဆား အားလံုးရဲ႕ ေန႔စဥ္ လိုအပ္ခ်က္၏ ၁၀ရာခိုင္ႏႈန္း ရုံးပတီသီးမွာ ပါသည္ဟု ဆို၏။

(၃) အရုိးက်ီးေပါင္းတက္ျခင္းကို သက္သာေလ်ာ့ပါးေစသည္

အသက္ ရလာတာနဲ႕အမွ် ျဖစ္ပြားေလ့ရွိေသာ အရိုးက်ီးေပါင္းတက္ေရာဂါကို သက္သာ ေစသည္ဟု ဆိုသည္။ အဆစ္ အမ်က္မ်ားတြင္ အျဖစ္မ်ားေလ့ရွိသည္။ ရုံးပတီသီးမွာပါတဲ့ အဟာရဓာတ္ မ်ားက အဆစ္အမ်က္ႏွင့္ အရုိးႏုပြန္းစား ျခင္းမ်ားကို သက္သာ ေလ်ာ႔ပါး ေစသည္။ အထူးသျဖင့္ အရုိးႏုတြင္ မရွိမျဖစ္ လိုအပ္ေသာ အစိတ္အပိုင္း မဂၢနီးေၾကာင့္ ဟုဆို၏။

ခ်က္ျပဳတ္စားေသာက္နည္း

ရုံးပတီသီး လတ္လတ္ဆတ္ဆတ္ စိမ္းစိမ္းစိုစိုမ်ားကို ေစ်းမွ၀ယ္ျပီး ေန႔ခ်င္း ခ်က္ျပဳတ္ စားႏိုင္လွ်င္ ပို၍အဟာရဓာတ္ ေကာင္းေစသည္။ ေၾကး၊သံ၊ေၾကးနီျဖင့္ ျပဳလုပ္ထားတဲ့ အိုးႏွင့္ခ်က္လွ်င္ မဲသြား တတ္ပါသည္။ ဒန္ျဖင့္ ျပဳလုပ္ထားတဲ့ အိုးမွာ ေရပြက္ ပြက္ဆူေအာင္ တည္ျပီး ရုံးပတီသီးကို ထိပ္ျဖတ္၍ ေရစင္စင္ ေဆးျပီးထည့္ပါ။ ထည့္ျပီး ၁မိနစ္အတြင္း ျပန္ဆယ္ယူ၍ အတံုး ေလးမ်ားပိုင္းကာ ခရမ္းခ်ဥ္သီးခ်က္ျဖင့္ တြဲစားပါ။ ရုံးပတီသီးကို ခပ္ပါးပါး လွီး၍ ေၾကာ္စားႏိုင္သည္။

ခရမ္းခ်ဥ္သီး မွည့္ျဖင့္လည္း ခ်က္စားႏိုင္သည္။ ပဲခ်ဥ္ဟင္းတြင္ကုလားပဲျခမ္းျပဳတ္ သို႔မဟုတ္ ပဲစင္းငံုျပဳတ္ျပီးႏွင့္ ရုံးပတီသီး၊ ခရမ္း၊ ဘူးသီး၊ ေရႊဖရံုသီး ၊မုန္လာဥ၊ ပ်ဥ္းေတာ္သိမ္ရြက္ စသည္တို႔ႏွင့္ ဆီသပ္ျပီး မန္က်ည္းမွည့္ ထည့္ခပ္ ခ်က္စားႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

 ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိူင်တဲ့ အကျိုးကျေးဇူးတွေကတော့
- အရိုးကိုသန်မာစေသည်။
- နှလုံးကိုကာကွယ်ပေးသည်။

- အဆစ်အမျက် ရောင်ရမ်းခြင်းကို သက်သာ လျော့ပါး စေသည်။

- သွေးပေါင်ချိန်ကိုထိန်းပေးသည်။

- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။

ရုံးပတီသီးကပေးတဲ့ ကျန်းမာရေး ၃မျိုး

(၁) နှလုံးရောဂါကာကွယ်သည်

ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ် သည်။ သွေးကြောနံရံများ မာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲ စေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ် ကာ နှလုံး ရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါး စေသည်။

ရုံးပတီသီး လက်ဖက်ရည် တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည် တစ်ပန်းကန် စာထက် ဗီတာမင်စီ ဓာတ်ပမာဏ ပိုများသည်။ ထို့ပြင် Folate ဓာတ်သည်လည်း ထိုလက်ဖက်ရည် တစ်ပန်းကန်စာတွင် သင်နေ့စဉ် လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ဝင်ပြန်သည်။

ဖောလိတ်ဟု ခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ် စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေ သိပ်များလာပါက သွေးကြောများ ကျဉ်းစေသည်။

နှလုံးသွေး ကြောကျဉ်း ရောဂါနှင့် လေဖြတ်ရောဂါဖြစ်စေသည်။ ဒါကြောင့် ရုံးပတီသီးစား ပေးလျှင် နှလုံးနှင့် သွေးကြောများကို ကာကွယ်နိုင်သည်။

ထို့အတူ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကို စားခြင်းဖြင့် သွေးတိုးရော ဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန် လျှော့လိုသူတွေ အတွက်လည်း ကောင်းသည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုး ရောဂါကို ထိန်းချုပ်ပေးသည်။ နှလုံးခုန်စီးချက် နရီမှန်စေခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံး တိုက်ခိုက်ခံရခြင်းမှ ကာကွယ် ပေးသည်။

(၂) အရိုးပါးရောဂါ ကာကွယ်ရန်

အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါ အဖြစ်များ တတ်တာမို အသက်၄၀ကျော်တာနဲ့ ရုံးပတီသီး နေ့စဉ် စားဖို့ပြင်ထားပါ။ ရုံးပတီသီးမှာ အရိုးပါး ရောဂါ တိုက်ထုတ် ပေးမယ့် ဖိုက်တာ ၄မျိုး တောင်ပါသည်။ (၁) ပိုတက်စီယမ်၊ (၂) ဗီတာမင်စီ၊ (၃) မဂ္ဂနီစီယမ်နှင့် (၄) ဘီတာကာ ရိုတင်းတို့ ဖြစ်သည်။ ဤဓာတ်၄မျိုး မြင့်မားစွာပါအောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသန တွေအရ တွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ် ဓာတ်ပြီးလျှင် အရိုး တည်ဆောက်ရာတွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆား အားလုံးရဲ့ နေ့စဉ် လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်း ရုံးပတီသီးမှာ ပါသည်ဟု ဆို၏။

(၃) အရိုးကျီးပေါင်းတက်ခြင်းကို သက်သာလျော့ပါးစေသည်

အသက် ရလာတာနဲ့အမျှ ဖြစ်ပွားလေ့ရှိသော အရိုးကျီးပေါင်းတက်ရောဂါကို သက်သာ စေသည်ဟု ဆိုသည်။ အဆစ် အမျက်များတွင် အဖြစ်များလေ့ရှိသည်။ ရုံးပတီသီးမှာပါတဲ့ အဟာရဓာတ် များက အဆစ်အမျက်နှင့် အရိုးနုပွန်းစား ခြင်းများကို သက်သာ လျော့ပါး စေသည်။ အထူးသဖြင့် အရိုးနုတွင် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်း မဂ္ဂနီးကြောင့် ဟုဆို၏။

ချက်ပြုတ်စားသောက်နည်း

ရုံးပတီသီး လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုများကို ဈေးမှဝယ်ပြီး နေ့ချင်း ချက်ပြုတ် စားနိုင်လျှင် ပို၍အဟာရဓာတ် ကောင်းစေသည်။ ကြေး၊သံ၊ကြေးနီဖြင့် ပြုလုပ်ထားတဲ့ အိုးနှင့်ချက်လျှင် မဲသွား တတ်ပါသည်။ ဒန်ဖြင့် ပြုလုပ်ထားတဲ့ အိုးမှာ ရေပွက် ပွက်ဆူအောင် တည်ပြီး ရုံးပတီသီးကို ထိပ်ဖြတ်၍ ရေစင်စင် ဆေးပြီးထည့်ပါ။ ထည့်ပြီး ၁မိနစ်အတွင်း ပြန်ဆယ်ယူ၍ အတုံး လေးများပိုင်းကာ ခရမ်းချဉ်သီးချက်ဖြင့် တွဲစားပါ။ ရုံးပတီသီးကို ခပ်ပါးပါး လှီး၍ ကြော်စားနိုင်သည်။

ခရမ်းချဉ်သီး မှည့်ဖြင့်လည်း ချက်စားနိုင်သည်။ ပဲချဉ်ဟင်းတွင်ကုလားပဲခြမ်းပြုတ် သို့မဟုတ် ပဲစင်းငုံပြုတ်ပြီးနှင့် ရုံးပတီသီး၊ ခရမ်း၊ ဘူးသီး၊ ရွှေဖရုံသီး ၊မုန်လာဥ၊ ပျဉ်းတော်သိမ်ရွက် စသည်တို့နှင့် ဆီသပ်ပြီး မန်ကျည်းမှည့် ထည့်ခပ် ချက်စားနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top