Kantharyar Centre
×

လူတစ္ဖက္သားေျပာတာကို နားေထာင္ေပးတာဟာ သူေျပာေနတာကို ကိုယ္ကၾကားေနရံုသာ မဟုတ္ပါဘူး။ ျပီးေတာ့ လူအမ်ားထင္ၾကသလို နားေထာင္တတ္တာဟာ သဘာ၀အရ သူ႕အလို အေလ်ာက္ တုန္႔ျပန္မႈ တစ္ခုလည္း မဟုတ္ပါ။ တကယ္ေတာ့ ကၽြန္ေတာ္တို႔ဟာ လူတစ္ဖက္သားေျပာတာကို နားေထာင္ေပးတဲ့အခါမွာ အမွားေတြ လုပ္ေနၾကပါတယ္။

ဥပမာလူတစ္ေယာက္နဲ႔ အေၾကာင္းအရာတစ္ခု ေဆြးေႏြးတဲ့အခါ ကိုယ္ေျပာခ်င္တာနဲ႔ ကိုယ့္ရႈေထာင့္ကိုပဲ ဦးစားေပး ေျပာတတ္ၾကပါတယ္။ ကၽြန္ေတာ္တို႔ အမ်ားစုက စိတ္ကိုဖြင့္ျပီး နားမေထာင္တတ္ၾကပါဘူး။ ကၽြန္ေတာ္တို႕က ကိုယ္ေျပာတဲ့အဆိုကို မွန္တယ္လို႔ေျပာဖို႔အတြက္သာ တစ္ဖက္သားကို နားေထာင္ေနတာ မ်ားပါတယ္။ သင္နားေထာင္သူ ေကာင္းတစ္ေယာက္ျဖစ္လာဖို႔ အေထာက္အကူျပဳႏိုင္မယ့္ ေအာက္ပါ အခ်က္ေလးေတြကို ၾကည့္ရေအာင္။

၁။ သင့္စိတ္ကို ရွင္းလင္းထားပါ - နားမေထာင္ခင္ သင့္စိတ္ထဲမွာ ရွိေနတဲ့ ခံစားခ်က္၊ အထင္ျမင္ေတြနဲ႔ တရားေသ အေတြးအေခၚေတြကို စဥ္းစားၾကည့္ပါ။ သင္ဒီစကား၀ိုင္းကို ဘယ္လို ေမွ်ာ္လင့္ထားသလဲ။ သင့္ခံစားခ်က္၊ အေတြးအျမင္ေတြကို ေဘးခဏ ဖယ္ထားျပီး တစ္ဖက္က ေျပာတာကို နားေထာင္ၾကည့္ပါ။ ကိုယ္နဲ႔အျမင္မတူတဲ့ သူတစ္ေယာက္ရဲ႕ အခ်က္လက္ေတြကို နားေထာင္ၾကည့္ပါ။

၂။ အခ်က္အလက္ စံုစံုလင္လင္နဲ႔ျပန္ေျဖရမယ့္ ေမးခြန္းမ်ိဳးေမးပါ - ဥပမာ- "ကၽြန္ေတာ္အၾကံျပဳခဲ့တာမ်ိဳး ခင္ဗ်ားလုပ္ခဲ့သလား" လို႔ေျပာမယ့္အစား "ခင္ဗ်ားဘာလုပ္ဖို႔ ဆံုးျဖတ္ခဲ့သလဲ" လို႔ေျပာၾကည့္ပါ။ "ခင္ဗ်ားစိတ္ညစ္သြားသလား"လို႔ေျပာမယ့္အစား 'ခင္ဗ်ားဘယ္လို ခံစားရသလဲ" လို႔ေျပာပါ။ "ခင္ဗ်ားဒီနည္းအတိုင္း လုပ္ႏိုင္မလား"လို႔ေမးမွာထက္ "ကၽြန္ေတာ္တို႔ ဒါကို ဘယ္လိုေျဖရွင္းၾကမလဲ"လို႔ေမးပါ။

၃။သင္ပါးစပ္မွ မေျပာမျပပဲ အာရံုစိုက္ေနေၾကာင္းေပၚလြင္ေအာင္လုပ္ပါ။ နားနဲ႔ နားေထာင္ေနရံုသာမကပဲ ကိုယ္ခႏၶာအစိတ္အပိုင္းေတြနဲ႔ပါ နားေထာင္ပါ။ ေျပာေနသူနဲ႔ မ်က္လံုးခ်င္း ဆံုေနပါေစ။ ေရွ႕သို႔ ကိုယ္ကို ကိုင္းထားပါ။ ေျပာေနသူမွတစ္ပါး မည္သည္ကိုမွ အာရံုမေရာက္ပါေစနဲ႔။ ေခါင္းညိတ္တာမ်ိဳး လုပ္ပါ။

၄။ သင္နားလည္ေၾကာင္းေျပာပါ - နားေထာင္ျပီးပါက သင္တစ္ဖက္သားမွ ဆိုလိုသည္ကို နားလည္ေၾကာင္း အခ်က္ျပန္ျပပါ။

၅။ တစ္ဖက္သားေျပာတာကို သင္ဘက္မွ နားေထာင္ေပးေနေၾကာင္း တစ္ဖက္သား ေသခ်ာစြာ ခံစားမိပါေစ။ တစ္ဖက္သားမွ ေျပာေနသည္ကို သင္နားေထာင္ေနေၾကာင္း ထိုသူမွ ထင္ပါသလား၊ ခံစားမိပါသလားဆိုတာကို အျမဲေမးပါ။

၆။ ခဏတျဖဳတ္နားပါ - အစစအရာရာ နားေထာင္လို႔ အဆင္မေျပဘူးဆိုလွ်င္ ( သင္သေဘာမေတြ႔လွ်င္) ခဏနားလိုက္ပါ။ သင္ေကာင္းေကာင္မြန္မြန္နဲ႔ ျပန္နားေထာင္လာႏိုင္ပါလိမ့္မယ္။

နားေထာင္ေပးတာဟာ ၾကားနာရံုတင္ မကပါဘူး။ နားေထာင္တာဟာ အေလ့အက်င့္ လုပ္လုပ္ဖို႔လိုတဲ့ ျဖစ္စဥ္ တစ္ခုပါပဲ။ နားေထာင္ေပးတာဟာ သူတစ္ဖက္သားကို ကိုယ္ဖက္က ေပးႏိုင္တဲ့ အေကာင္းဆံုးလက္ေဆာင္ တစ္ခုလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : trend myanmar

#Unicode Version

လူတစ်ဖက်သားပြောတာကို နားထောင်ပေးတာဟာ သူပြောနေတာကို ကိုယ်ကကြားနေရုံသာ မဟုတ်ပါဘူး။ ပြီးတော့ လူအများထင်ကြသလို နားထောင်တတ်တာဟာ သဘာဝအရ သူ့အလို အလျောက် တုန့်ပြန်မှု တစ်ခုလည်း မဟုတ်ပါ။ တကယ်တော့ ကျွန်တော်တို့ဟာ လူတစ်ဖက်သားပြောတာကို နားထောင်ပေးတဲ့အခါမှာ အမှားတွေ လုပ်နေကြပါတယ်။

ဥပမာလူတစ်ယောက်နဲ့ အကြောင်းအရာတစ်ခု ဆွေးနွေးတဲ့အခါ ကိုယ်ပြောချင်တာနဲ့ ကိုယ့်ရှုထောင့်ကိုပဲ ဦးစားပေး ပြောတတ်ကြပါတယ်။ ကျွန်တော်တို့ အများစုက စိတ်ကိုဖွင့်ပြီး နားမထောင်တတ်ကြပါဘူး။ ကျွန်တော်တို့က ကိုယ်ပြောတဲ့အဆိုကို မှန်တယ်လို့ပြောဖို့အတွက်သာ တစ်ဖက်သားကို နားထောင်နေတာ များပါတယ်။ သင်နားထောင်သူ ကောင်းတစ်ယောက်ဖြစ်လာဖို့ အထောက်အကူပြုနိုင်မယ့် အောက်ပါ အချက်လေးတွေကို ကြည့်ရအောင်။

၁။ သင့်စိတ်ကို ရှင်းလင်းထားပါ - နားမထောင်ခင် သင့်စိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်၊ အထင်မြင်တွေနဲ့ တရားသေ အတွေးအခေါ်တွေကို စဉ်းစားကြည့်ပါ။ သင်ဒီစကားဝိုင်းကို ဘယ်လို မျှော်လင့်ထားသလဲ။ သင့်ခံစားချက်၊ အတွေးအမြင်တွေကို ဘေးခဏ ဖယ်ထားပြီး တစ်ဖက်က ပြောတာကို နားထောင်ကြည့်ပါ။ ကိုယ်နဲ့အမြင်မတူတဲ့ သူတစ်ယောက်ရဲ့ အချက်လက်တွေကို နားထောင်ကြည့်ပါ။

၂။ အချက်အလက် စုံစုံလင်လင်နဲ့ပြန်ဖြေရမယ့် မေးခွန်းမျိုးမေးပါ - ဥပမာ- "ကျွန်တော်အကြံပြုခဲ့တာမျိုး ခင်ဗျားလုပ်ခဲ့သလား" လို့ပြောမယ့်အစား "ခင်ဗျားဘာလုပ်ဖို့ ဆုံးဖြတ်ခဲ့သလဲ" လို့ပြောကြည့်ပါ။ "ခင်ဗျားစိတ်ညစ်သွားသလား"လို့ပြောမယ့်အစား 'ခင်ဗျားဘယ်လို ခံစားရသလဲ" လို့ပြောပါ။ "ခင်ဗျားဒီနည်းအတိုင်း လုပ်နိုင်မလား"လို့မေးမှာထက် "ကျွန်တော်တို့ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ"လို့မေးပါ။

၃။သင်ပါးစပ်မှ မပြောမပြပဲ အာရုံစိုက်နေကြောင်းပေါ်လွင်အောင်လုပ်ပါ။ နားနဲ့ နားထောင်နေရုံသာမကပဲ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ပါ နားထောင်ပါ။ ပြောနေသူနဲ့ မျက်လုံးချင်း ဆုံနေပါစေ။ ရှေ့သို့ ကိုယ်ကို ကိုင်းထားပါ။ ပြောနေသူမှတစ်ပါး မည်သည်ကိုမှ အာရုံမရောက်ပါစေနဲ့။ ခေါင်းညိတ်တာမျိုး လုပ်ပါ။

၄။ သင်နားလည်ကြောင်းပြောပါ - နားထောင်ပြီးပါက သင်တစ်ဖက်သားမှ ဆိုလိုသည်ကို နားလည်ကြောင်း အချက်ပြန်ပြပါ။

၅။ တစ်ဖက်သားပြောတာကို သင်ဘက်မှ နားထောင်ပေးနေကြောင်း တစ်ဖက်သား သေချာစွာ ခံစားမိပါစေ။ တစ်ဖက်သားမှ ပြောနေသည်ကို သင်နားထောင်နေကြောင်း ထိုသူမှ ထင်ပါသလား၊ ခံစားမိပါသလားဆိုတာကို အမြဲမေးပါ။

၆။ ခဏတဖြုတ်နားပါ - အစစအရာရာ နားထောင်လို့ အဆင်မပြေဘူးဆိုလျှင် ( သင်သဘောမတွေ့လျှင်) ခဏနားလိုက်ပါ။ သင်ကောင်းကောင်မွန်မွန်နဲ့ ပြန်နားထောင်လာနိုင်ပါလိမ့်မယ်။

နားထောင်ပေးတာဟာ ကြားနာရုံတင် မကပါဘူး။ နားထောင်တာဟာ အလေ့အကျင့် လုပ်လုပ်ဖို့လိုတဲ့ ဖြစ်စဉ် တစ်ခုပါပဲ။ နားထောင်ပေးတာဟာ သူတစ်ဖက်သားကို ကိုယ်ဖက်က ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင် တစ်ခုလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : trend myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top