Property Expo
×

သင္ဟာ အိမ္ေထာင္ရွင္ ဒါမွမဟုတ္ အိမ္ေထာင္ျပဳဖို႔စဥ္းစားထားတဲ့သူ ျဖစ္တယ္ဆိုရင္ ေအာက္မွ
ေဖာ္ျပေပးထားတဲ့ အခ်က္ေလးေတြကို ကိုယ့္အိမ္ေထာင္ဖက္ကို မေျပာမိဖို႔ သတိထားသင့္ပါတယ္။ ဆန္႔က်င္ဘက္အေနနဲ ႔ေျပာမယ္ဆိုရင္ေတာ့ သင့္ရဲ႕အိမ္ေထာင္ေရးကို ျမန္ျမန္ျပတ္စဲပစ္ခ်င္တယ္၊ ကြဲပစ္လုိက္ခ်င္ျပီဆုိရင္ေတာ့ ခုေဖာ္ျပေပးမယ့္စကားေတြကို ထပ္ခါထပ္ခါ ေျပာႏိုင္ပါတယ္။ ဒီစကားေတြဟာ တစ္ဖက္လူကို တကယ္ကိုထိရွေစႏိုင္ျပီး နာက်င္ေစတယ္ဆုိတာ မေမ့ပါနဲ႕။

၁။ အိမ္ေထာင္က်တာက ေတာ္ေတာ္စိတ္ေလဖုိ႕ေကာင္းတာပဲ။

လူပ်ဳိ အပ်ဳိဘဝနဲ႔ေတာ့ ကြာတာေပါ့။ ဒါေပမယ့္ ကိုယ့္အိမ္ေထာင္ေရး အေျခအေနပိုေကာင္းလာေအာင္ သင္ကိုယ္တိုင္က ဖန္တီးႏိုင္ရမွာပဲျဖစ္ပါတယ္။ သင့္အတြက္ အက်ဳိးျဖစ္တဲ့ အခ်က္ေလးေတြလည္း ရိွမွာေသခ်ာပါတယ္။ ျပန္စဥ္းစားၾကည့္ေစခ်င္ပါတယ္။

၂။ နင္က ဘယ္ေတာ့မွ (သို႔မဟုတ္) အျမဲတမ္း…

ဒီအျဖဴနဲ႔အမဲဟာ အျမဲဒြန္တြဲေနပါတယ္။ အတိတ္ကို အတိတ္မွာ ထားခဲ့ျပီး အေကာင္းဆုံးၾကိဳးစားပါ။ ဒါ့အျပင္ တစ္ဖက္လူကို နင္ဘယ္ေတာ့မွ .၊ ..နင္ ဒီလိုမ်ိဳးေတြ အျမဲတမ္း  စသျဖင့္ အျပစ္တင္တဲ့စကားေတြေရွ႕မွာ ဒါမ်ိဳးေတြ ထည့္မသံုးလိုက္ပါနဲ႕။

၃။ ငါေတာင္းပန္ပါတယ္ ဒါေပမယ့္…

ကိုယ္မွားသြားတယ္ဆုိျပီး ေတာင္းပန္မယ္ဆုိ အဆံုးထိ ေတာင္းပန္လိုက္ပါ။ ဒီလိုမဟုတ္ပဲ ငါေတာင္းပန္ပါတယ္ ဒါေပမယ့္ ...ဆုိျပီး ေျပာခ်င္ရာေတြ ဆက္မေျပာပါနဲ႕။ ဝမ္းနည္းရင္ပဲျဖစ္ျဖစ္ ဝမ္းသာရင္ပဲျဖစ္ျဖစ္၊ ဒီ ဒါေပမယ့္ ဆိုတဲ့စကားလုံးက ေတာင္းပန္ျခင္းကို လ်စ္လ်ဴရႈခုိင္းလိုက္သလိုပါပဲ။

၄။ နင့္အတြက္ ငါမသင့္ေတာ္တဲ့အတြက္ ေတာင္းပန္ပါတယ္။

ဒါ မေတာင္းပန္ခ်င္ပဲ ေရွာင္လြဲတဲ့ နည္းလမ္းတစ္မ်ဳိးပဲျဖစ္ပါတယ္။

၅။ ဒို႔ႏွစ္ေယာက္က မတူညီတဲ့နည္းလမ္းနဲ႔ ၾကီးျပင္းလာခဲ့ၾကတာပါ။

ဘယ္သူမဆို ၾကီးပ်င္းလာတဲ့ ပုံစံကြဲျပားၾကပါတယ္။ မိသားစုတစ္ခုက ကေလးေတြေတာင္ ကြဲျပားၾကေသးတာပဲ။ သင့္အေဖာ္ကို အႏိုင္ယူခ်င္လို႔ ငယ္ငယ္တုန္းကျဖစ္ခဲ့တဲ့ကိစၥနဲ႔ မပစ္ေပါက္ခ်င္ပါနဲ႔။

၆။ နင္ ဒီေန႔ အဝတ္ေလွ်ာ္မထားဘူး မဟုတ္လား၊ ငါသိတယ္။

တစ္ဖက္လူကို မေကာင္းတဲ့ အကြက္ေတြကိုပဲ မျမင္ပါနဲ႔။ ေကာင္းတဲ့စိတ္ထားနဲ႔ သူ႔ကို ခ်ီးမြမ္းပါ။ ျပီးေတာ့ သင္ကိုယ္တိုင္ထျပီး ဘယ္အရာမဆို စတင္လုပ္ေဆာင္ပါ။

၇။ ငါဒီည အိမ္ျပန္ေနာက္က်လိမ့္မယ္။

ရုတ္တရတ္ အခ်ိန္ဇယားေျပာင္းသြားျပီး ေနာက္မက်ဖူးပဲ ေနာက္က်မယ္ဆို ဖုန္းလွမ္းဆက္တာေတြကိုေရွာင္ပါ။ ပုံမွန္မဟုတ္တဲ့ ကိစၥဆက္တိုက္ျဖစ္လာျပီဆိုရင္ သင့္အေဖာ္က ဆိုးဆိုးရြားရြား ခံစားသြားႏုိင္ပါတယ္။

၈။ ငါမၾကိဳက္တာ နင္သိရဲ႕သားနဲ ႔တမင္လုပ္တယ္။

သူတမင္တကာ လုပ္ခ်င္မွ လုပ္မွာပါ။ ခ်က္ခ်င္းအျပစ္မရွာပါနဲ႔။ လူတစ္ဦးဟာ တကယ္ခ်စ္ေနျပီဆိုရင္ေတာ့ တစ္ဖက္လူ မၾကိဳက္တဲ့အဝတ္အစား၊ အေနအထိုင္ အားလုံး ဆင္ဆင္ျခင္ျခင္ ေနတတ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

သင်ဟာ အိမ်ထောင်ရှင် ဒါမှမဟုတ် အိမ်ထောင်ပြုဖို့စဉ်းစားထားတဲ့သူ ဖြစ်တယ်ဆိုရင် အောက်မှဖော်ပြပေးထားတဲ့ အချက်လေးတွေကို ကိုယ့်အိမ်ထောင်ဖက်ကို မပြောမိဖို့ သတိထားသင့်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ပြောမယ်ဆိုရင်တော့ သင့်ရဲ့အိမ်ထောင်ရေးကို မြန်မြန်ပြတ်စဲပစ်ချင်တယ်၊ ကွဲပစ်လိုက်ချင်ပြီဆိုရင်တော့ ခုဖော်ပြပေးမယ့်စကားတွေကို ထပ်ခါထပ်ခါ ပြောနိုင်ပါတယ်။ ဒီစကားတွေဟာ တစ်ဖက်လူကို တကယ်ကိုထိရှစေနိုင်ပြီး နာကျင်စေတယ်ဆိုတာ မမေ့ပါနဲ့။

၁။ အိမ်ထောင်ကျတာက တော်တော်စိတ်လေဖို့ကောင်းတာပဲ။

လူပျို အပျိုဘဝနဲ့တော့ ကွာတာပေါ့။ ဒါပေမယ့် ကိုယ့်အိမ်ထောင်ရေး အခြေအနေပိုကောင်းလာအောင် သင်ကိုယ်တိုင်က ဖန်တီးနိုင်ရမှာပဲဖြစ်ပါတယ်။ သင့်အတွက် အကျိုးဖြစ်တဲ့ အချက်လေးတွေလည်း ရှိမှာသေချာပါတယ်။ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။

၂။ နင်က ဘယ်တော့မှ (သို့မဟုတ်) အမြဲတမ်း…

ဒီအဖြူနဲ့အမဲဟာ အမြဲဒွန်တွဲနေပါတယ်။ အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး အကောင်းဆုံးကြိုးစားပါ။ ဒါ့အပြင် တစ်ဖက်လူကို နင်ဘယ်တော့မှ .၊ ..နင် ဒီလိုမျိုးတွေ အမြဲတမ်း  စသဖြင့် အပြစ်တင်တဲ့စကားတွေရှေ့မှာ ဒါမျိုးတွေ ထည့်မသုံးလိုက်ပါနဲ့။

၃။ ငါတောင်းပန်ပါတယ် ဒါပေမယ့်…

ကိုယ်မှားသွားတယ်ဆိုပြီး တောင်းပန်မယ်ဆို အဆုံးထိ တောင်းပန်လိုက်ပါ။ ဒီလိုမဟုတ်ပဲ ငါတောင်းပန်ပါတယ် ဒါပေမယ့် ...ဆိုပြီး ပြောချင်ရာတွေ ဆက်မပြောပါနဲ့။ ဝမ်းနည်းရင်ပဲဖြစ်ဖြစ် ဝမ်းသာရင်ပဲဖြစ်ဖြစ်၊ ဒီ ဒါပေမယ့် ဆိုတဲ့စကားလုံးက တောင်းပန်ခြင်းကို လျစ်လျူရှုခိုင်းလိုက်သလိုပါပဲ။

၄။ နင့်အတွက် ငါမသင့်တော်တဲ့အတွက် တောင်းပန်ပါတယ်။

ဒါ မတောင်းပန်ချင်ပဲ ရှောင်လွဲတဲ့ နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

၅။ ဒို့နှစ်ယောက်က မတူညီတဲ့နည်းလမ်းနဲ့ ကြီးပြင်းလာခဲ့ကြတာပါ။

ဘယ်သူမဆို ကြီးပျင်းလာတဲ့ ပုံစံကွဲပြားကြပါတယ်။ မိသားစုတစ်ခုက ကလေးတွေတောင် ကွဲပြားကြသေးတာပဲ။ သင့်အဖော်ကို အနိုင်ယူချင်လို့ ငယ်ငယ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စနဲ့ မပစ်ပေါက်ချင်ပါနဲ့။

၆။ နင် ဒီနေ့ အဝတ်လျှော်မထားဘူး မဟုတ်လား၊ ငါသိတယ်။

တစ်ဖက်လူကို မကောင်းတဲ့ အကွက်တွေကိုပဲ မမြင်ပါနဲ့။ ကောင်းတဲ့စိတ်ထားနဲ့ သူ့ကို ချီးမွမ်းပါ။ ပြီးတော့ သင်ကိုယ်တိုင်ထပြီး ဘယ်အရာမဆို စတင်လုပ်ဆောင်ပါ။

၇။ ငါဒီည အိမ်ပြန်နောက်ကျလိမ့်မယ်။

ရုတ်တရတ် အချိန်ဇယားပြောင်းသွားပြီး နောက်မကျဖူးပဲ နောက်ကျမယ်ဆို ဖုန်းလှမ်းဆက်တာတွေကိုရှောင်ပါ။ ပုံမှန်မဟုတ်တဲ့ ကိစ္စဆက်တိုက်ဖြစ်လာပြီဆိုရင် သင့်အဖော်က ဆိုးဆိုးရွားရွား ခံစားသွားနိုင်ပါတယ်။

၈။ ငါမကြိုက်တာ နင်သိရဲ့သားနဲ့တမင်လုပ်တယ်။

သူတမင်တကာ လုပ်ချင်မှ လုပ်မှာပါ။ ချက်ချင်းအပြစ်မရှာပါနဲ့။ လူတစ်ဦးဟာ တကယ်ချစ်နေပြီဆိုရင်တော့ တစ်ဖက်လူ မကြိုက်တဲ့အဝတ်အစား၊ အနေအထိုင် အားလုံး ဆင်ဆင်ခြင်ခြင် နေတတ်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top