Property Expo
×

ဆလိုေဗးကီးယား ေမာင္ႏွံႏွစ္ဦးရဲ႕ မဂၤလာပြဲကေတာ့ ၾကားရသူ မ်က္လံုးေစေလာက္ေအာင္ ေငြေၾကးေျမာက္မ်ားစြာ အသံုးျပဳခဲ့ပါတယ္။ ရတနာေတြစီျခယ္ထားတဲ့ သတုိ႔သမီးဝတ္စံုဆုိရင္ ျမန္မာက်ပ္ေငြ သိန္းႏွစ္ေထာင္ေက်ာ္ (ေပါင္စတာလင္ ၁၇၅,၀၀၀) တန္ပါတယ္။

အက္ဗ္ကာနဲ႔ လူးကတ္စ္တုိ႔ရဲ႕ မဂၤလာပြဲသတင္းဟာ ဥေရာပအေ႐ွ႕ပိုင္းနဲ႔ ႐ု႐ွားႏိုင္ငံမွာေတာ့ နာမည္ႀကီးေနပါတယ္။ ဝဝကစ္ကစ္ စံုတြဲေလးဟာ အသက္ငယ္္ငယ္္ပဲ ႐ွိၾကပါေသးတယ္။ ၁၉ ႏွစ္အရြယ္ သတုိ႔သမီးေလးဟာ စိန္ေ႐ႊေတြတပ္ဆင္ထားတဲ့ မဂၤလာဝတ္စံုအျပင္ ရာတန္ယူ႐ိုေငြေတြကိုလည္း သီကံုးကာ အက်ႌမွာဝတ္ဆင္ခဲ့ပါေသးတယ္။

မဂၤလာပြဲကို ေလးရက္ၾကာ ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ကုန္က်စရိတ္အေနနဲ႔ ေပါင္စတာလင္ ၃၀,၃၇၅ ေလာက္ သံုးစြဲခဲ့ၾကပါတယ္။ စားပြဲထိုးေတြကို မုန္႔ဖိုးေပးတာေတာင္မွ ယူ႐ိုေငြရာနဲ႔ခ်ီေပးခဲ့တယ္လို႔ သိရပါတယ္။

သိန္္းေထာင္ေက်ာ္တန္ မဂၤလာဝတ္စံုကို ဝတ္ထားတဲ့ သတို႔သမီးေလးကိုၾကည့္ရင္း အားက်မက္ေမာေနၾကသူေတြလည္း တစ္ပံုတစ္ပင္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဆလိုဗေးကီးယား မောင်နှံနှစ်ဦးရဲ့ မင်္ဂလာပွဲကတော့ ကြားရသူ မျက်လုံးစေလောက်အောင် ငွေကြေးမြောက်များစွာ အသုံးပြုခဲ့ပါတယ်။ ရတနာတွေစီခြယ်ထားတဲ့ သတို့သမီးဝတ်စုံဆိုရင် မြန်မာကျပ်ငွေ သိန်းနှစ်ထောင်ကျော် (ပေါင်စတာလင် ၁၇၅,၀၀၀) တန်ပါတယ်။

အက်ဗ်ကာနဲ့ လူးကတ်စ်တို့ရဲ့ မင်္ဂလာပွဲသတင်းဟာ ဥရောပအရှေ့ပိုင်းနဲ့ ရုရှားနိုင်ငံမှာတော့ နာမည်ကြီးနေပါတယ်။ ဝဝကစ်ကစ် စုံတွဲလေးဟာ အသက်ငယ်ငယ်ပဲ ရှိကြပါသေးတယ်။ ၁၉ နှစ်အရွယ် သတို့သမီးလေးဟာ စိန်ရွှေတွေတပ်ဆင်ထားတဲ့ မင်္ဂလာဝတ်စုံအပြင် ရာတန်ယူရိုငွေတွေကိုလည်း သီကုံးကာ အကျႌမှာဝတ်ဆင်ခဲ့ပါသေးတယ်။

မင်္ဂလာပွဲကို လေးရက်ကြာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ ပေါင်စတာလင် ၃၀,၃၇၅ လောက် သုံးစွဲခဲ့ကြပါတယ်။ စားပွဲထိုးတွေကို မုန့်ဖိုးပေးတာတောင်မှ ယူရိုငွေရာနဲ့ချီပေးခဲ့တယ်လို့ သိရပါတယ်။

သိန်းထောင်ကျော်တန် မင်္ဂလာဝတ်စုံကို ဝတ်ထားတဲ့ သတို့သမီးလေးကိုကြည့်ရင်း အားကျမက်မောနေကြသူတွေလည်း တစ်ပုံတစ်ပင်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top