Property Expo
×

ဂ်ပန္ႏုိင္ငံ၊ အူဆူႏုိမီယာၿမဳိ႕မွာ ေအာက္တုိဘာ ၂၃ ရက္က ျဖစ္ပြားခဲ့တဲ့ ဗုံးဆက္တုိက္ေပါက္ကြဲမႈေတြရဲ႕ ေနာက္ကြယ္မွာ ကိုယ့္ကုိယ္ကုိယ္ ေဖာက္ခြဲၿပီး သတ္ေသသြားတဲ့ အသက္ ၇၂ ႏွစ္အ႐ြယ္ စစ္သားေဟာင္းတစ္ဦး ဆက္ႏြယ္ဖြယ္ရွိတယ္လုိ႔ ရဲေတြက ေျပာပါတယ္။

တုိက်ဳိၿမဳိ႕ေျမာက္ဘက္ ကီလုိမီတာ ၁၀၀ ခန္႔ (မုိင္ ၆၂) အကြာရွိ အူဆူႏုိမီယာၿမဳိ႕မွာ ဗုံးေပါက္ကြဲမႈမ်ားေၾကာင့္ လူတစ္ဦး ေသဆုံးၿပီး သုံးဦး ဒဏ္ရာရွိခဲ့ပါတယ္။

ရုိးရာပြဲေတာ္က်င္းပေနတဲ့ ပန္းၿခံထဲမွာ မနက္ပုိင္း ၁၁း၃၂ မိနစ္က တစ္ၿပိဳင္နက္တည္း ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ပန္းၿခံထဲက ေနရာမတူတဲ့ သုံးေနရာမွာ ေပါက္ကြဲမႈ သုံးႀကိမ္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ကားတစ္စီး လုံးဝ မီးေလာင္ကြ်မ္းခဲ့တာကုိ မီဒီယာမ်ားက ဗီဒီယုိထုတ္လႊင့္ျပသခဲ့ပါတယ္။

ပန္းၿခံထဲမွာ မီးေလာင္ကြ်မ္းခဲ့တဲ့ တစ္စိတ္တစ္ပုိင္းႏွင့္ ပ်က္စီးေနတဲ့ အေလာင္းကုိ ေတြ႔ရွိတယ္လုိ႔ ရဲက ေျပာပါတယ္။ အဆုိပါအေလာင္းဟာ အူဆူႏုိမီယာၿမဳိ႕မွာ ေနထုိင္တဲ့ ဂ်ပန္ကာကြယ္ေရးတပ္မွ အၿငိမ္းစားတပ္ဖြဲ႔ဝင္ အဘုိးအုိျဖစ္တယ္လုိ႔ ရဲက ထည့္သြင္းေျပာဆုိပါတယ္။

စုံစမ္းစစ္ေဆးမႈအရ မီးေလာင္ကြ်မ္းခဲ့တဲ့ ကားႏွင့္ အိမ္ပုိင္ရွင္ဟာ ေသေၾကာင္းႀကံစည္မႈနဲ႔ ပတ္သက္လုိ႔ စာေရးသားထားခဲ့သူျဖစ္ႏုိင္ၿပီး လူသုံးဦး မေတာ္တဆျဖစ္စဥ္ႏွင့္ ခ်ိတ္ဆက္ဖြယ္ရွိတယ္လုိ႔လည္း  မီဒီယာေတြက ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ဂျပန်နိုင်ငံ၊ အူဆူနိုမီယာမြို့မှာ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေရဲ့ နောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေသွားတဲ့ အသက် ၇၂ နှစ်အရွယ် စစ်သားဟောင်းတစ်ဦး ဆက်နွယ်ဖွယ်ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

တိုကျိုမြို့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့် (မိုင် ၆၂) အကွာရှိ အူဆူနိုမီယာမြို့မှာ ဗုံးပေါက်ကွဲမှုများကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရှိခဲ့ပါတယ်။

ရိုးရာပွဲတော်ကျင်းပနေတဲ့ ပန်းခြံထဲမှာ မနက်ပိုင်း ၁၁း၃၂ မိနစ်က တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပန်းခြံထဲက နေရာမတူတဲ့ သုံးနေရာမှာ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားတစ်စီး လုံးဝ မီးလောင်ကျွမ်းခဲ့တာကို မီဒီယာများက ဗီဒီယိုထုတ်လွှင့်ပြသခဲ့ပါတယ်။

ပန်းခြံထဲမှာ မီးလောင်ကျွမ်းခဲ့တဲ့ တစ်စိတ်တစ်ပိုင်းနှင့် ပျက်စီးနေတဲ့ အလောင်းကို တွေ့ရှိတယ်လို့ ရဲက ပြောပါတယ်။ အဆိုပါအလောင်းဟာ အူဆူနိုမီယာမြို့မှာ နေထိုင်တဲ့ ဂျပန်ကာကွယ်ရေးတပ်မှ အငြိမ်းစားတပ်ဖွဲ့ဝင် အဘိုးအိုဖြစ်တယ်လို့ ရဲက ထည့်သွင်းပြောဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုအရ မီးလောင်ကျွမ်းခဲ့တဲ့ ကားနှင့် အိမ်ပိုင်ရှင်ဟာ သေကြောင်းကြံစည်မှုနဲ့ ပတ်သက်လို့ စာရေးသားထားခဲ့သူဖြစ်နိုင်ပြီး လူသုံးဦး မတော်တဆဖြစ်စဉ်နှင့် ချိတ်ဆက်ဖွယ်ရှိတယ်လို့လည်း  မီဒီယာတွေက ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top