Property Expo
×

ကၽြန္မသားသမီးကို ၃ႏွစ္နဲ႔စာမသင္ခိုင္းပါ။ ၄ႏွစ္ေက်ာ္မွသင္ပါမည္။ သူ႔ေဆာ့တဲ့အခ်ိန္ထဲက
ဖဲ့ၿပီး ကၽြန္မစာမသင္ခိုင္းပါ ။

အဂၤလိပ္ေက်ာင္း ျမန္မာေက်ာင္း တ႐ုတ္ေက်ာင္းေတြနဲ႔ ရႈပ္ေနတဲ့ကေလးေတြကို သနားပါသည္။
အခ်ိန္တန္ အဲ့စာေတြျပန္သင္လို႔ရပါသည္ ။
ႀကီးလာမွ ျပန္ေဆာ့ခိုင္းလို႔မရပါ အဲ့ေတာ့ေဆာ့တဲ့အရြယ္မွာေဆာ့ခိုင္းပါမည္ ။
•••••••••••••••••••••••••••••••••••

စာညံ့လည္းကၽြန္မ အျပစ္မတင္ပါ ။အားေပးပါမည္ ကူညီပါမည္ ။
•••••••••••••••••••••••••••••••••••

ဆရာဝန္ေတြ အင္ဂ်င္နီရာႀကီးေတြ ျဖစ္ဖို႔ကိုယ့္အတၱ အတြက္နဲ႔ ကေလးရဲ႕ဝါသနာကို
႐ိုက္ခ်ိဳးမျပစ္ပါ ။သူလုပ္ခ်င္တာ ကဗ်ာဆရာဆိုလည္းလက္ခံေပးမွာပါပဲ ။ သူဇာတ္မင္းသားလုပ္လည္း တတ္ႏိုင္သေလာက္ပံု႔ပိုးေပးမိမွာပါပဲ ။
••••••••••••••••••••••••••••••••••••

ကေလးမွာလဲသူအပူနဲ႔သူပါ ။ သူ႔ကိုကူညီေျဖရွင္းေပးဖို႔ႀကိဳးစားပါမည္။
••••••••••••••••••••••••••••••••••••

ကၽြန္မဘယ္ေတာ့မွ သူတို႔ေအာက္ေျခအလုပ္ကိုလုပ္ေပးမည္မဟုတ္ပါ ။ သူ႔အလုပ္သူလုပ္တတ္ေအာင္သင္ေပးမွာပါ ။ ၅ႏွစ္ေလာက္အထိ ထမင္းခြံ့ေကၽြးရတာ အညစ္အေၾကးေဆးေပးတာေတြ မလုပ္ေပးပါ ။
•••••••••••••••••••••••••••••••••••••

ေယာက္်ားေလးေမြးလည္းတတ္သင့္တာသင္ေပးပါမည္ မိန္းမအလုပ္ ေယာက္်ား
အလုပ္မခြဲျခားပဲတတ္ႏိုင္သေလာက္ကိုယ့္အားကိုယ္ကိုးတတ္ဖို႔လိုပါသည္ ။
•••••••••••••••••••••••••••••••••••••

လိုခ်င္တိုင္းလဲ ဝယ္မေပးပါ ေလာကႀကီးကတခုလိုခ်င္ရင္ တခုျပန္ေပးရတယ္ဆိုတဲ့ give n take သေဘာတရား နားလည္ေအာင္သင္ေပးရပါဦးမည္။
••••••••••••••••••••••••••••••••••••••

ပတ္ဝန္းက်င္ေၾကာင့္မဆူမေျပာပါ ပတ္ဝန္းက်င္ကေတာ့ နင့္ကိုကဲ့ရဲ႕ကုန္ၿပီ ကၽြန္မငယ္ငယ္ကဆို အဲ့စကားအမုန္းဆံုးပါ ဘာမဟုတ္တဲ့ အတင္းေျပာတဲ့လူတန္းစားတရပ္ ခ်ီးက်ဴးခံရဖို႔တခု
အတြက္ ေတာ့ကိုယ့္လြပ္လတ္ပိုင္ခြင့္ကိုအဆံုးရွံုးမခံႏိုင္ပါ။အဲ့ေတာ့ပတ္ဝန္းက်င္ကိုနာမည္တတ္ၿပီး
သားသမီးကိုမဆံုးမပါ ။
•••••••••••••••••••••••••••••••••••••••

ၿပီးေတာ့ ကိုယ့္သားသမီးအတင္း ေဆႊမ်ိဳးတကာပတ္ၿပီး အတင္းမတုတ္ပါ နလပိန္းတုန္းေပါင္းစံုက
ဝိုင္းၿပီအမ်ိဳးေတာ္ရံုနဲ႔ဆံုးမသလိုလိုနဲ႔ထိုးႏွက္တာအမုန္းဆံုးပါ ။

ကိုယ့္သားသမီးသိကၡာ ကိုယ္မွမကာကြယ္လွ်င္မည္သူမွ်မကာကြယ္ပါ။
တကယ့္သူေတာ္္ေကာင္းမ်ားဆံုးမပါလက္ခံလိုက္ပါမည္ ။
••••••••••••••••••••••••••••••••••••••

ငယ္ငယ္တည္းက စာဖတ္တဲ့ အေလ့အက်င့္ ၊အားကစား၊ ဂီတ အားလံုး လုပ္တတ္တဲ့
အက်င့္ေကာင္းေလး ေတြ ေမြးျမဴေပးရပါမည္။စာဖတ္မွကေလးကို စာေပကဆံုးမသြားပါလိမ့္မည္ ။

အိမ္ထဲမွာေနရင္ၿပီးေကာ ဂိမ္းေဆာ့ေနတာပဲေလ အေပါင္းအသင္းနဲ႔ ဂေလမ႐ိုက္ၿပီးတာပဲဆိုၿပီး အေပါင္းအသင္းမရွိထံုထိုင္း ၿပီး ဗဟုသုတ မရွိ ေတာ့အျဖစ္မခံပါ။
•••••••••••••••••••••••••••••••••••••••

သြားခြင့္လာခြင့္ေတာ့ အတိုင္းအတာတခုအထိ ေပးထားပါမည္။လူဆိုတာအသိုင္းအဝိုင္းမရွိလွ်င္
အလကားပါ ။ မေကာင္းတဲ့ကိစၥတိုင္းကို ကိုယ္ကတားျမစ္တာထက္သူ႔စိတ္နဲ႔သူမလုပ္ခ်င္ေအာင္ ေျပာျပဖို႔က
ကိုယ့္တာဝန္ပါ ။

အေပါင္းအသင္းမွားလို႔ ကေလးက ပ်က္ဆီးရတယ္ဆိုတဲ့ မိဘေတြကို အမုန္းဆံုးပဲ။ ကိုယ့္သားသမီးကိုယ္ေတြးေခၚတတ္တဲ့ဦးေႏွာက္မထည့္ေပးႏိုင္ပဲနဲ႔ သူမ်ားသားသမီးကိုသြားေစာ္ကား
တာ ရွက္စရာအေကာင္းဆံုးပါ။
••••••••••••••••••••••••••••••••••••••••

ၿပီးေတာ့ အရြယ္ေရာက္လာလို႔ရည္းစားထားတာအရမ္းပဲ မိုက္မဲတဲ့ လုပ္ရက္ကိုလုပ္လိုက္သလို ဆက္ဆံခံရတာပါ။ ရည္းစားပဲထားမွာေပါ့ကိုယ္ေတြ ေတာင္ လင္ယူလို႔ ကေလးေမြးတာပဲ။ ကိုယ့္မိဘလဲယူတာပဲ ဒါသဘာဝ ပဲေလ ။

အခ်ိန္တန္ စြန္႔ခြာမွာပဲ အဲ့ဒါကိုမိဘေတြက အတၱႀကီးၿပီး မေပးစားႏိုင္ဘူးတို႔ငယ္ေသးတယ္တို႔ ၁၅, ၁၆ ႏွစ္ ကိုမေျပာဘူးေနာ္ ၂၃,၂၄ ကို ကေလးပဲရွိေသးတာတို႔အဲ့ဒါေတြ အတၱေတြပါ။ သူတို႔အဲ့အရြယ္ကေလးရေနပါၿပီ။ သူတို႔လဲ သူတို႔မိဘလက္ထဲကစြန္႔ခြာခဲ့တာပါ ပဲ ။
အဲ့ဒါသဘာဝပါ ။
•••••••••••••••••••••••••••••••••••••••••

လူမွန္ရင္ သံသရာစက္ဝန္းကိုနားလည္ရမွာပါ ။ မတူဘူးမတန္ဘူးလို႔ေျပာတဲ့သူကို သိပ္မုန္းပါတယ္။ ကိုယ့္ကေလးက တူတယ္တန္တယ္ထင္လို႔ခ်စ္ေနၾကၿပီ ။

ကိုယ္လည္းေပါင္းမွာမဟုတ္ပါဘဲနဲ႔ ဝင္ၿပီးလွ်ာရွည္ၾကတာပါ ။ သူတို႔စိတ္ခ်မ္းသာရင္ၿပီး
တာပါပဲေမတၱာတရားရွိမွခ်မ္းသာျခင္းနဲ႔က်န္းမာျခင္းပါရွိမွာပါ ေလလို႔မေတြးေခၚတာ တရားမရွိလို႔ပါ ။
မိဘက ေကာင္းေစခ်င္လို႔ဆိုေပးစားၾကေဖာက္ျပန္ၾက၊ကြဲၾက ၊ၿပဲၾက……..။
••••••••••••••••••••••••••••••••••••••••••

ကိုယ့္ကေလးစိတ္ဆင္းရဲမဲ့အလုပ္ ကိုယ့္သားသမီး ကိုယ့္ကိုျပန္မုန္းမဲ့အလုပ္ တသက္လံုးမလုပ္ပါ။ သူတို႔ကိုေျပလည္ေအာင္အစစအရာရာလက္တြဲေခၚပါမည္။မိဘ ျဖစ္ၿပီဆိုကတည္းက ေပးဆပ္ရမဲ့
အလွည့္ေရာက္လာတာပါ ။ အဲ့ဒါကိုဝဋ္ေႂကြးဆိုလည္း လာခဲ့ပါ ခံပါ့မည္ ေပးဆပ္ဖို႔အဆင္သင့္ပါ ကိုယ့္အတြက္မေမွ်ာ္လင့္ပါ ။ သူတို႔ေကာင္းစားဖို႔ဆို ဘယ္အထိပ်ံပ်ံပါ ။ အတတ္ႏိုင္ဆံုးထမ္းပို႔ဖို႔ အဆင္သင့္ပါ။
••••••••••••••••••••••••••••••••••••••••••

သားသမီးေခါင္းထဲကို ေတြးေခၚတတ္တဲ့ဦးေႏွာက္္ပိုင္ဆိုင္ဖို႔ ထည့္ေပးႏိုင္ဖို႔နဲ႔ နားလည္တတ္တဲ့မိဘ တစ္ေယာက္ျဖစ္ဖို႔၊ ငါမိဘပဲငါေျပာတာနားေထာင္ရမယ္ဆိုတဲ့မိဘမျဖစ္ဖို႔ႀကိဳးစားရပါဦးမည္။မိဘတိုင္းလည္း
အၿမဲမမွန္သလိုသားသမီးတိုင္းလည္းအၿမဲမမွားပါ။ သူတို႔အေတြးအေခၚေတြကိုလြပ္လပ္စြာပ်ံသန္းခြင့္ရွိမွေအာင္ျမင္တဲ့ သားသမီးရမွာပါ။
•••••••••••••••••••••••••••••••••••••••••••

ကၽြန္မသားသမီးသည္ ေတာ္ခ်င္မွေတာ္မည္ ေအာင္ျမင္ခ်င္မွလည္းေအာင္ျမင္မည္ လိုခ်င္တာတခုက လူလိုနားလည္ၿပီး ကိုယ္ခ်င္းစာတတ္ဖို႔နဲ႔ အတၱမႀကီးရင္ေက်နပ္ပါၿပီ ။ ဘဝကိုေပ်ာ္ေပ်ာ္ျဖတ္
သန္းႏိုင္ဖို႔ အဲ့ေလာက္ပဲရရင္ေသေပ်ာ္ပါၿပီ မိဘစကားေျမဝယ္မက်နားေထာင္တာ
ေကာင္းပါတယ္ ။ ဒါေပမယ့္ အဲ့မိဘေသသြားရင္အဲ့ကေလး ဘယ္သူ႔စကားနားေထာင္ၿပီး ဘဝကိုရွင္သန္ၾကမွာလဲ တုံးစရာမရွိ အ စရာမရွိလို႔ သူမ်ားဆီက ငွား အ တာတို႔ ငွား တံုးတာတို႔ေတာ့အျဖစ္မခံပါ။

မိဘေကာင္းတေယာက္ျဖစ္ဖို႔ အမ်ားႀကီးႀကိဳးစားပါဦးမည္ ။ မိဘအေပၚေစာ္ကားလို႔ခံစရာဝဋ္ေႂကြး
ရွိလည္း ေက်နပ္စြာခံယူဖို႔ ႀကိဳးစားရပါဦးမည္!!!


ဖိုးသူေတာ္ (www.phothutaw.com)
Credit:LoveTheory

#Unicode Version
ကျွန်မသားသမီးကို ၃နှစ်နဲ့စာမသင်ခိုင်းပါ။ ၄နှစ်ကျော်မှသင်ပါမည်။ သူ့ဆော့တဲ့အချိန်ထဲက
ဖဲ့ပြီး ကျွန်မစာမသင်ခိုင်းပါ ။

အင်္ဂလိပ်ကျောင်း မြန်မာကျောင်း တရုတ်ကျောင်း
တွေနဲ့ ရှုပ်နေတဲ့ကလေးတွေကို သနားပါသည်။
အချိန်တန် အဲ့စာတွေပြန်သင်လို့ရပါသည် ။
ကြီးလာမှ ပြန်ဆော့ခိုင်းလို့မရပါ အဲ့တော့ဆော့တဲ့အရွယ်မှာဆော့ခိုင်းပါမည် ။
•••••••••••••••••••••••••••••••••••

စာညံ့လည်းကျွန်မ အပြစ်မတင်ပါ ။
အားပေးပါမည် ကူညီပါမည် ။
•••••••••••••••••••••••••••••••••••

ဆရာဝန်တွေ အင်ဂျင်နီရာကြီးတွေ ဖြစ်ဖို့
ကိုယ့်အတ္တ အတွက်နဲ့ ကလေးရဲ့ဝါသနာကို
ရိုက်ချိုးမပြစ်ပါ ။သူလုပ်ချင်တာ ကဗျာဆရာဆိုလည်းလက်ခံပေးမှာပါပဲ ။ သူဇာတ်မင်းသားလုပ်လည်း တတ်နိုင်သလောက်ပုံ့ပိုးပေးမိမှာပါပဲ ။
••••••••••••••••••••••••••••••••••••

ကလေးမှာလဲသူအပူနဲ့သူပါ ။ သူ့ကိုကူညီဖြေရှင်းပေးဖို့ကြိုးစားပါမည်။
••••••••••••••••••••••••••••••••••••

ကျွန်မဘယ်တော့မှ သူတို့အောက်ခြေအလုပ်ကိုလုပ်ပေးမည်မဟုတ်ပါ ။ သူ့အလုပ်သူလုပ်တတ်အောင်သင်ပေးမှာပါ ။ ၅နှစ်လောက်အထိ ထမင်းခွံ့ကျွေးရတာ အညစ်အကြေးဆေးပေး
တာတွေ မလုပ်ပေးပါ ။
•••••••••••••••••••••••••••••••••••••

ယောက်ျားလေးမွေးလည်းတတ်သင့်တာ
သင်ပေးပါမည် မိန်းမအလုပ် ယောက်ျား
အလုပ်မခွဲခြားပဲတတ်နိုင်သလောက်ကိုယ့်အား
ကိုယ်ကိုးတတ်ဖို့လိုပါသည် ။
•••••••••••••••••••••••••••••••••••••

လိုချင်တိုင်းလဲ ဝယ်မပေးပါ လောကကြီးက
တခုလိုချင်ရင် တခုပြန်ပေးရတယ်ဆိုတဲ့ give n take သဘောတရား နားလည်အောင်သင်ပေးရပါဦးမည်။
••••••••••••••••••••••••••••••••••••••

ပတ်ဝန်းကျင်ကြောင့်မဆူမပြောပါ ပတ်ဝန်းကျင်က
တော့ နင့်ကိုကဲ့ရဲ့ကုန်ပြီ ကျွန်မငယ်ငယ်ကဆို အဲ့စကားအမုန်းဆုံးပါ ဘာမဟုတ်တဲ့ အတင်းပြောတဲ့လူတန်းစားတရပ် ချီးကျူးခံရဖို့တခု
အတွက် တော့ ကိုယ့်လွပ်လတ်ပိုင်ခွင့်ကို
အဆုံးရှုံးမခံနိုင်ပါ ။ အဲ့တော့ ပတ်ဝန်းကျင်ကိုနာမည်တတ်ပြီးသားသမီးကို
မဆုံးမပါ ။
•••••••••••••••••••••••••••••••••••••••

ပြီးတော့ ကိုယ့်သားသမီးအတင်း ဆွှေမျိုးတကာ
ပတ်ပြီး အတင်းမတုတ်ပါ နလပိန်းတုန်းပေါင်းစုံက
ဝိုင်းပြီအမျိုးတော်ရုံနဲ့ဆုံးမသလိုလိုနဲ့ထိုးနှက်တာ
အမုန်းဆုံးပါ ။

ကိုယ့်သားသမီးသိက္ခာ ကိုယ်မှမကာ
ကွယ်လျှင်မည်သူမျှမကာကွယ်ပါ။
တကယ့်သူတော်ကောင်းများဆုံးမပါ
လက်ခံလိုက်ပါမည် ။
••••••••••••••••••••••••••••••••••••••

ငယ်ငယ်တည်းက စာဖတ်တဲ့ အလေ့အကျင့် ၊
အားကစား၊ ဂီတ အားလုံး လုပ်တတ်တဲ့
အကျင့်ကောင်းလေး တွေ မွေးမြူပေးရပါမည်။
စာဖတ်မှကလေးကို စာပေကဆုံးမသွားပါလိမ့်မည် ။

အိမ်ထဲမှာနေရင်ပြီးကော ဂိမ်းဆော့နေတာပဲလေ အပေါင်းအသင်းနဲ့ ဂလေမရိုက်ပြီးတာပဲဆိုပြီး အပေါင်းအသင်းမရှိထုံထိုင်း ပြီး ဗဟုသုတ မရှိ တော့အဖြစ်မခံပါ။
•••••••••••••••••••••••••••••••••••••••

သွားခွင့်လာခွင့်တော့ အတိုင်းအတာ တခုအထိ ပေးထားပါမည် ။လူဆိုတာ အသိုင်းအဝိုင်းမရှိလျှင်အလကားပါ ။ မကောင်းတဲ့
ကိစ္စတိုင်းကို ကိုယ်ကတားမြစ်တာထက် သူ့စိတ်နဲ့သူမလုပ်ချင်အောင် ပြောပြဖို့က
ကိုယ့်တာဝန်ပါ ။

အပေါင်းအသင်းမှားလို့ ကလေးက ပျက်ဆီး
ရတယ်ဆိုတဲ့ မိဘတွေကို အမုန်းဆုံးပဲ။ ကိုယ့်သားသမီးကိုယ်တွေးခေါ်တတ်တဲ့ဦးနှောက်
မထည့်ပေးနိုင်ပဲနဲ့ သူများသားသမီးကိုသွားစော်ကား
တာ ရှက်စရာအကောင်းဆုံးပါ။
••••••••••••••••••••••••••••••••••••••••

ပြီးတော့ အရွယ်ရောက်လာလို့ရည်းစားထားတာ
အရမ်းပဲ မိုက်မဲတဲ့ လုပ်ရက်ကိုလုပ်လိုက်သလို ဆက်ဆံခံရတာပါ။ ရည်းစားပဲထားမှာပေါ့
ကိုယ်တွေ တောင် လင်ယူလို့ ကလေးမွေးတာပဲ။ ကိုယ့်မိဘလဲယူတာပဲ ဒါသဘာဝ ပဲလေ ။

အချိန်တန် စွန့်ခွာမှာပဲ အဲ့ဒါကိုမိဘတွေက အတ္တကြီးပြီး မပေးစားနိုင်ဘူးတို့ငယ်သေးတယ်တို့ ၁၅, ၁၆ နှစ် ကိုမပြောဘူးနော် ၂၃,၂၄ ကို ကလေးပဲရှိသေးတာတို့
အဲ့ဒါတွေ အတ္တတွေပါ။ သူတို့အဲ့အရွယ်
ကလေးရနေပါပြီ။ သူတို့လဲ သူတို့မိဘလက်ထဲကစွန့်ခွာခဲ့တာပါ ပဲ ။
အဲ့ဒါသဘာဝပါ ။
•••••••••••••••••••••••••••••••••••••••••

လူမှန်ရင် သံသရာစက်ဝန်းကိုနားလည်ရမှာပါ ။ မတူဘူးမတန်ဘူးလို့ပြောတဲ့သူကို သိပ်မုန်းပါတယ်။ ကိုယ့်ကလေးက တူတယ်တန်တယ်ထင်လို့
ချစ်နေကြပြီ ။

ကိုယ်လည်းပေါင်းမှာမဟုတ်ပါဘဲနဲ့ ဝင်ပြီး
လျှာရှည်ကြတာပါ ။ သူတို့စိတ်ချမ်းသာရင်ပြီး
တာပါပဲမေတ္တာတရားရှိမှချမ်းသာခြင်းနဲ့ကျန်းမာခြင်း
ပါရှိမှာပါ လေလို့မတွေးခေါ်တာ တရားမရှိလို့ပါ ။
မိဘက ကောင်းစေချင်လို့ဆိုပေးစားကြ
ဖောက်ပြန်ကြ၊ကွဲကြ ၊ပြဲကြ……..။
••••••••••••••••••••••••••••••••••••••••••

ကိုယ့်ကလေးစိတ်ဆင်းရဲမဲ့အလုပ် ကိုယ့်သားသမီး ကိုယ့်ကိုပြန်မုန်းမဲ့အလုပ် တသက်လုံးမလုပ်ပါ။ သူတို့ကိုပြေလည်အောင်အစစအရာရာ
လက်တွဲခေါ်ပါမည် မိဘ ဖြစ်ပြီဆိုကတည်းက ပေးဆပ်ရမဲ့အလှည့်ရောက်လာတာပါ ။ အဲ့ဒါကိုဝဋ်ကြွေးဆိုလည်း လာခဲ့ပါ ခံပါ့မည် ပေးဆပ်ဖို့အဆင်သင့်ပါ ကိုယ့်အတွက်မမျှော်လင့်ပါ ။ သူတို့ကောင်းစားဖို့ဆို ဘယ်အထိပျံပျံပါ ။ အတတ်နိုင်ဆုံးထမ်းပို့ဖို့ အဆင်သင့်ပါ။
••••••••••••••••••••••••••••••••••••••••••

သားသမီးခေါင်းထဲကို တွေးခေါ်တတ်တဲ့ဦးနှောက်
်ပိုင်ဆိုင်ဖို့ ထည့်ပေးနိုင်ဖို့နဲ့ နားလည်တတ်တဲ့မိဘ တစ်ယောက်ဖြစ်ဖို့၊ ငါမိဘပဲငါပြောတာနားထောင်
ရမယ် ဆိုတဲ့ မိဘမဖြစ်ဖို့ကြိုးစားရပါဦးမည်။ မိဘတိုင်းလည်းအမြဲမမှန်သလို သားသမီးတိုင်းလည်းအမြဲမမှားပါ။ သူတို့အတွေးအခေါ်တွေကို
လွပ်လပ်စွာပျံသန်းခွင့်ရှိမှအောင်မြင်တဲ့ သားသမီး
ရမှာပါ။
•••••••••••••••••••••••••••••••••••••••••••

ကျွန်မသားသမီးသည် တော်ချင်မှတော်မည် အောင်မြင်ချင်မှလည်းအောင်မြင်မည် လိုချင်တာတခုက လူလိုနားလည်ပြီး ကိုယ်ချင်းစာတတ်ဖို့နဲ့ အတ္တမကြီးရင်ကျေနပ်ပါပြီ ။ ဘဝကိုပျော်ပျော်ဖြတ်
သန်းနိုင်ဖို့ အဲ့လောက်ပဲရရင်သေပျော်ပါပြီ မိဘစကားမြေဝယ်မကျနားထောင်တာ
ကောင်းပါတယ် ။ ဒါပေမယ့် အဲ့မိဘသေသွားရင်
အဲ့ကလေး ဘယ်သူ့စကားနားထောင်ပြီး ဘဝကိုရှင်သန်ကြမှာလဲ တုံးစရာမရှိ အ စရာမရှိလို့ သူများဆီက ငှား အ တာတို့ ငှား တုံးတာတို့တော့အဖြစ်မခံပါ။

မိဘကောင်းတယောက်ဖြစ်ဖို့ အများကြီးကြိုးစား
ပါဦးမည် ။ မိဘအပေါ်စော်ကားလို့ခံစရာဝဋ်ကြွေး
ရှိလည်း ကျေနပ်စွာခံယူဖို့ ကြိုးစားရပါဦးမည်!!!


ဖိုးသူတော် (www.phothutaw.com)
Credit:LoveTheory
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top