Property Expo
×

ဒီေန႕ေခတ္မွာေတာ့ လူေတြဟာ အီလက္ထေရာနစ္ပစၥည္းေတြနဲ႕ မကင္းကြာႏိုင္ၾကေတာ့ပဲ အခ်ိန္ျပည့္ဒါေတြနဲ႕ခ်ည္း အခ်ိန္ကုန္လာတတ္ၾကပါျပီ။ ဘယ္ေလာက္ထိလဲဆုိရင္ အျပင္သြားတဲ့အခ်ိန္ စမတ္ဖုန္း အိမ္မွာက်န္ခဲ့ တာမ်ိဳး ျဖစ္လာရင္ေတာင္ မေနတိုင္ မထုိင္တတ္၊ ဘာလုိလို႕ လုိေနမွန္းမသိသလို ဟာတာတာၾကီး ျဖစ္ေနတာမ်ိဳးေပါ့။ သြားတဲ့ေနရာေလးကို check-in ၀င္ရမွ၊ ကိုယ္ဘာစားေနသလဲ ဓာတ္ပံုရိုက္တင္ရမွ၊ အဲ့ဒီအေၾကာင္းေလး ေရးသားျပီး လူမႈကြန္ယက္ေပၚ တင္လိုက္ရမွ ေနသာထိုင္သာရွိသလို ျဖစ္လာၾကပါတယ္။ ခုေနာက္ပိုင္းမွာဆုိရင္ အသိမိတ္ေဆြရဲ႕ မဂၤလာပြဲအခမ္းအနားမွာဆုိရင္လည္း မဂၤလာပြဲက်င္းပတဲ့သူထက္ကို ပြဲတက္ေတြက တစ္ဖ်တ္ဖ်တ္နဲ႕ ရွိသမ်ွအားလံုးကို သိမ္းၾကံဳးရိုက္ေနၾကတာဟာ မဂၤလာသတုိ႕သား၊ သတုိ႕သမီးေတြအတြက္ စိတ္အေႏွာင့္ အယွက္ျဖစ္လာေၾကာင္း ေရးသားေဖာ္ျပ လာၾကပါျပီ။

အဆိုးဆံုးကေတာ့ မဂၤလာသတုိ႕သား နဲ႕သတုိ႕သမီး ေလ်ွာက္လမ္းေပၚ လွမ္းေလ်ွာက္လာတဲ့အခ်ိန္ေတြမွာ သူတုိ႕ပြဲအတြက္ ငွားရမ္းထားတဲ့ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပံုဆရာေတြေနရာကို ပြဲတက္လာတဲ့ သူငယ္ခ်င္းမိတ္ေဆြေတြက ေနရာယူလိုက္သလို ျဖစ္ကုန္တာမ်ိဳးပါ။ ဆက္တုိက္ တဖ်တ္ဖ်တ္ရုိက္ကူးေနတဲ့ ဖုန္းကင္မရာေတြေၾကာင့္ မဂၤလာသတုိ႕သား၊ သတုိ႕သမီးအပါအ၀င္ ဓာတ္ပံုဆရာေတြက ဒါကို စိတ္ပ်က္ၾကရေၾကာင္း စစ္တမ္းေတြအရသိရပါတယ္။

ၾသစေၾတးလ် ဓာတ္ပံုဆရာ Thomas Stewart က ဒီအေၾကာင္းေရးသားထားတဲ့ ပို႕စ္တစ္ခုကို ေဖ့စ္ဘြတ္ခ္ေပၚ တင္လိုက္ျပီးတဲ့ေနာက္ ေထာက္ခံတဲ့သူ မ်ားျပားသလို ကာယကံရွင္ သတုိ႕သား၊ သတုိ႕သမီးေတြကလည္း သူတုိ႕ပြဲအတြက္ အာရံု၀င္စားမႈေလ်ာ့နည္းသြားတဲ့အေၾကာင္း ေျပာျပလာပါတယ္။ ဓာတ္ပံုဆရာေတြက သတုိ႕သား၊ သတုိ႕သမီးကို ရိုက္ဖုိ႕အတြက္ ဧည့္သည္ေတြရဲ႕ ဖုန္းေတြ၊ tablet ေတြ ရွင္းလင္းသြားဖုိ႕မၾကာခဏကို ေတာင္းဆုိရေၾကာင္းလည္း Thomas က ထည့္သြင္းေျပာျပသြားပါတယ္။

ကဲ ဒီေတာ့ ေနာက္တစ္ခါ မဂၤလာေဆာင္သြားမယ္ဆုိ ကိုယ့္ဘာသာကုိယ္ selfie ဆြဲလို႕၀ရင္ ပိုက္ဆံအိတ္ေလးထဲ ဖုန္းျပန္ထည့္ျပီး ျငိမ္ျငိမ္ေနတာ အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္။ ဒါဟာ သတုိ႕သား၊ သတုိ႕သမီးနဲ႕ သူတို႕ငွားထားတဲ့ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပံုဆရာေတြကို အကူအညီေပးရာက်ပါတယ္။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Verison

ဒီနေ့ခေတ်မှာတော့ လူတွေဟာ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ မကင်းကွာနိုင်ကြတော့ပဲ အချိန်ပြည့်ဒါတွေနဲ့ချည်း အချိန်ကုန်လာတတ်ကြပါပြီ။ ဘယ်လောက်ထိလဲဆိုရင် အပြင်သွားတဲ့အချိန် စမတ်ဖုန်း အိမ်မှာကျန်ခဲ့ တာမျိုး ဖြစ်လာရင်တောင် မနေတိုင် မထိုင်တတ်၊ ဘာလိုလို့ လိုနေမှန်းမသိသလို ဟာတာတာကြီး ဖြစ်နေတာမျိုးပေါ့။ သွားတဲ့နေရာလေးကို check-in ဝင်ရမှ၊ ကိုယ်ဘာစားနေသလဲ ဓာတ်ပုံရိုက်တင်ရမှ၊ အဲ့ဒီအကြောင်းလေး ရေးသားပြီး လူမှုကွန်ယက်ပေါ် တင်လိုက်ရမှ နေသာထိုင်သာရှိသလို ဖြစ်လာကြပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် အသိမိတ်ဆွေရဲ့ မင်္ဂလာပွဲအခမ်းအနားမှာဆိုရင်လည်း မင်္ဂလာပွဲကျင်းပတဲ့သူထက်ကို ပွဲတက်တွေက တစ်ဖျတ်ဖျတ်နဲ့ ရှိသမျှအားလုံးကို သိမ်းကြုံးရိုက်နေကြတာဟာ မင်္ဂလာသတို့သား၊ သတို့သမီးတွေအတွက် စိတ်အနှောင့် အယှက်ဖြစ်လာကြောင်း ရေးသားဖော်ပြ လာကြပါပြီ။

အဆိုးဆုံးကတော့ မင်္ဂလာသတို့သား နဲ့သတို့သမီး လျှောက်လမ်းပေါ် လှမ်းလျှောက်လာတဲ့အချိန်တွေမှာ သူတို့ပွဲအတွက် ငှားရမ်းထားတဲ့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေနေရာကို ပွဲတက်လာတဲ့ သူငယ်ချင်းမိတ်ဆွေတွေက နေရာယူလိုက်သလို ဖြစ်ကုန်တာမျိုးပါ။ ဆက်တိုက် တဖျတ်ဖျတ်ရိုက်ကူးနေတဲ့ ဖုန်းကင်မရာတွေကြောင့် မင်္ဂလာသတို့သား၊ သတို့သမီးအပါအဝင် ဓာတ်ပုံဆရာတွေက ဒါကို စိတ်ပျက်ကြရကြောင်း စစ်တမ်းတွေအရသိရပါတယ်။

သြစတြေးလျ ဓာတ်ပုံဆရာ Thomas Stewart က ဒီအကြောင်းရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ပြီးတဲ့နောက် ထောက်ခံတဲ့သူ များပြားသလို ကာယကံရှင် သတို့သား၊ သတို့သမီးတွေကလည်း သူတို့ပွဲအတွက် အာရုံဝင်စားမှုလျော့နည်းသွားတဲ့အကြောင်း ပြောပြလာပါတယ်။ ဓာတ်ပုံဆရာတွေက သတို့သား၊ သတို့သမီးကို ရိုက်ဖို့အတွက် ဧည့်သည်တွေရဲ့ ဖုန်းတွေ၊ tablet တွေ ရှင်းလင်းသွားဖို့မကြာခဏကို တောင်းဆိုရကြောင်းလည်း Thomas က ထည့်သွင်းပြောပြသွားပါတယ်။

ကဲ ဒီတော့ နောက်တစ်ခါ မင်္ဂလာဆောင်သွားမယ်ဆို ကိုယ့်ဘာသာကိုယ် selfie ဆွဲလို့ဝရင် ပိုက်ဆံအိတ်လေးထဲ ဖုန်းပြန်ထည့်ပြီး ငြိမ်ငြိမ်နေတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါဟာ သတို့သား၊ သတို့သမီးနဲ့ သူတို့ငှားထားတဲ့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေကို အကူအညီပေးရာကျပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top