Property Expo
×

 ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးများဖြစ်ပွား နိုင်သည့်အပြင် ဆေးလိပ်သောက်သူများနှင့်
အတူနေသူများလည်း ဆေးလိပ်ငွေ့တစ်ဆင့်ခံ ရှူရှိုက်မိခြင်းကြောင့် လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း အမေရိကန်သုတေသီများက ပြောသည်။

ဆေးလိပ်လုံးဝမသောက်သော်လည်း လေဖြတ်သည့် ဒဏ်ခံ စားရသူများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ဆေးလိပ်ငွေ့တစ်ဆင့် ရှူရှိုက်မိ ခြင်းကြောင့်ဖြစ်သည်ဟု သုတေသီများက ပြောသည်။

ယင်းလေ့လာမှုအတွင်း ဆေးလိပ်ငွေ့တစ်ဆင့်ခံရှူရှိုက်မိသော လေဖြတ်သည့်ဒဏ်ခံစားခဲ့ရသူများသည်
 ဆေးလိပ်ငွေ့မရှူမိသော အသက်ရှင်သူများထက်ပို၍ အသက်သေဆုံးနိုင်ခြေပိုများကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံတွင် ဆေးလိပ်မသောက်သူ လေးဦးတွင် တစ်ဦးသည် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်မိနေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC) ၏ စာရင်းများအရ သိရသည်။

ဆေးလိပ်မသောက်သူများကို သွေးစစ်ကြည့်ရာတွင် ဆေးလိပ် သောက်သူများနှင့်အတူ နေထိုင်သူများ၏
 သွေးထဲတွင် နီကိုတင်း ဓာတ်များ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သုတေသီများက ပြောသည်။

ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံ ရှူရှိုက်မိသူများသည် ဆေးလိပ် ငွေ့မရှူမိသူများထက် လေဖြတ်နိုင်သည့် အန္တရာယ် ၄၆ ရာခိုင်နှုန်း ပိုမြင့်မားကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ဆေးလိပ်ငွေ့ကို အနည်းငယ်ရှူရှိုက်မိလျှင်ပင် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး နှလုံးရောဂါ၊ အဆုတ်ကင်ဆာရောဂါတို့ဖြစ်ပွားနိုင် သည့် အန္တရာယ်ပိုများကြောင်း သိရသည်။

ဆေးလိပ်ငွေ့တစ်ဆင့်ခံရှူရှိုက်မိခြင်းအနည်းဆုံးဖြစ်စေရန် ဆေးလိပ်သောက်သူများနှင့် ဝေးဝေးနေထိုင်ကြရန် သုတေသီများက အကြံပေးထားသည်။ ထို့အပြင် ဘေးနားတွင် ရှိနေသူများ လေဖြတ် နိုင်သည့် အန္တရာယ်ရှိသည်ဆိုခြင်းကို ဆေးလိပ်သောက်သူများအား ပြောပြထားသင့်သည်ဟုလည်း သုတေသီများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top