Property Expo
×

ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္ ရွမ္းေရေက်ာ္ေက်းရြာ အထက(ခြဲ) စာသင္ေက်ာင္းက ေက်ာင္းသူေလးေတြကုိ တေစၧ၊ သရဲ၊ ပရေလာကသားေတြ ပူးကပ္တယ္ဆိုၿပီး ငိုယိုေအာ္ဟစ္တာေတြ၊ မူးေဝေအာ့အန္တာေတြနဲ႔ သတိလက္လြတ္တာေတြျဖစ္ေနလို႔ ရဲတပ္ဖြဲ႕က ေသနတ္ ၁၈ ခ်က္ ပစ္ေဖာက္ၿပီး ပရေလာကသားေတြကို ႏွင္ထုတ္ေပးခဲ့တယ္လုိ႔ သိရပါတယ္။

ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီနဲ႔ သက္ဆိုင္ရာဌာနဆိုင္ရာ တာ၀န္ရွိသူေတြက ေအာက္တိုဘာ ၂၅ ရက္ ေန႔လယ္မွာ ရွမ္းေရေက်ာ္ အထက(ခြဲ) ေက်ာင္းက ဆရာ ဆရာမေတြ၊ ေက်ာင္းသား ေက်ာင္းသူေတြ ရြာသားေတြနဲ႔ ေတြ႔ဆုံၿပီး ေက်ာင္းပိုင္ေျမျဖစ္လို႔ ပရေလာကသားေတြ ရွိရင္လည္း ထြက္သြားဖို႔ အမိန္႔ျပန္တမ္း ထုတ္ခဲ့တယ္လုိ႔ ဆိုပါတယ္။
“က်မတို႔ဘက္က တာ၀န္ရွိတဲ့အေနနဲ႔ သခ်ႋဳင္းကုန္းရဲ႕နယ္ေျမကို ေျမသြားၿပီး သတ္မွတ္ေပးတာပါ။ ေျမသတ္မွတ္ေပးၿပီး ေက်ာင္းဧရိယာ ျဖစ္သြားပါၿပီ ဆိုတာရယ္ ေက်ာင္းဧရိယာ ျဖစ္သြားၿပီ ျဖစ္တဲ့အတြက္ ဥပမာ ပရေလာကသားေတြ ရွိမယ္ဆိုရင္ ထြက္သြားေပးပါဆိုတဲ့ ေၾကညာစာမ်ိဳးကို ၀န္ႀကီးခ်ဳပ္က သြားထုတ္ေပးတာပါ"လို႔ ေျမာင္းျမၿမိဳ႕ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ဇင္ဦးက ေျပာပါတယ္။
ေက်ာင္းေဆာင္ေျမေနရာကေန သုသာန္ေျမေနရာကုိ ျပန္ေပးၿပီးျဖစ္လုိ႔ ျမင္အပ္၊ မျမင္အပ္ ပုဂိၢဳလ္မ်ားအေနနဲ႔ ရွမ္းေရေက်ာ္ အ.ထ.ကခြဲမွာ ပညာသင္ၾကားေနတဲ့ ဆရာ ဆရာမမ်ား၊ ေက်ာင္းသား ေက်ာင္းသူမ်ားကုိ ၀င္ေရာက္ပူးကပ္ေႏွာင့္ယွက္ျခင္း၊ မလိုလားအပ္တဲ့ ေျခာက္လွန္႔တာေတြ မလုပ္ၾကဖို႔လည္း ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီက အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB


#Unicode Version
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ အထက(ခွဲ) စာသင်ကျောင်းက ကျောင်းသူလေးတွေကို တစ္ဆေ၊ သရဲ၊ ပရလောကသားတွေ ပူးကပ်တယ်ဆိုပြီး ငိုယိုအော်ဟစ်တာတွေ၊ မူးဝေအော့အန်တာတွေနဲ့ သတိလက်လွတ်တာတွေဖြစ်နေလို့ ရဲတပ်ဖွဲ့က သေနတ် ၁၈ ချက် ပစ်ဖောက်ပြီး ပရလောကသားတွေကို နှင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၅ ရက် နေ့လယ်မှာ ရှမ်းရေကျော် အထက(ခွဲ) ကျောင်းက ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ရွာသားတွေနဲ့ တွေ့ဆုံပြီး ကျောင်းပိုင်မြေဖြစ်လို့ ပရလောကသားတွေ ရှိရင်လည်း ထွက်သွားဖို့ အမိန့်ပြန်တမ်း ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျမတို့ဘက်က တာဝန်ရှိတဲ့အနေနဲ့ သချႋုင်းကုန်းရဲ့နယ်မြေကို မြေသွားပြီး သတ်မှတ်ပေးတာပါ။ မြေသတ်မှတ်ပေးပြီး ကျောင်းဧရိယာ ဖြစ်သွားပါပြီ ဆိုတာရယ် ကျောင်းဧရိယာ ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ဥပမာ ပရလောကသားတွေ ရှိမယ်ဆိုရင် ထွက်သွားပေးပါဆိုတဲ့ ကြေညာစာမျိုးကို ဝန်ကြီးချုပ်က သွားထုတ်ပေးတာပါ"လို့ မြောင်းမြမြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောပါတယ်။
ကျောင်းဆောင်မြေနေရာကနေ သုသာန်မြေနေရာကို ပြန်ပေးပြီးဖြစ်လို့ မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ်များအနေနဲ့ ရှမ်းရေကျော် အ.ထ.ကခွဲမှာ ပညာသင်ကြားနေတဲ့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ဝင်ရောက်ပူးကပ်နှောင့်ယှက်ခြင်း၊ မလိုလားအပ်တဲ့ ခြောက်လှန့်တာတွေ မလုပ်ကြဖို့လည်း ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top