Kantharyar Centre
×

Toyota Mortor Corp က သမင္မ်က္လုံးနဲ႕ လက္ဖဝါးအ႐ြယ္ ကီ႐ုိဘုိမီနီ (Korobo Mini) ကေလးစက္႐ုပ္ကုိ တီထြင္လုိက္ၿပီး ကေလးမ႐ွိတဲ့ အမ်ဳိးသမီးေတြအတြက္ အေဖာ္ျဖစ္ေစရန္ ရည္႐ြယ္ဖန္တီးလုိက္ေၾကာင္း သိရပါတယ္။

Toyota ရဲ႕ ေမာ္ေတာ္ကားမဟုတ္တဲ့ စြန္႕ဦးတီထြင္မႈအျဖစ္ မိတ္ဆက္လုိက္တဲ့ ကေလးစက္႐ုပ္က သက္ႀကီး႐ြယ္အုိဦးေရ မ်ားျပားေနတဲ့ ဂ်ပန္မွာ ဆန္းသစ္မႈတစ္ခုလည္း ျဖစ္လာပါတယ္။

ထုိင္ေနတဲ့ ကေလးစက္႐ုပ္က ၎ဘာသာ ဟန္ခ်က္ထိန္းညွိႏုိင္တယ္လုိ႕ ဆုိပါတယ္။ Toyota ရဲ႕ ကီ႐ုိဘုိမီနီ ကေလးစက္႐ုပ္ကုိ ျမန္မာေငြ ငါးသိန္းနီးပါး (ဂ်ပန္ယန္းေငြ ၃၉,၈၀၀) ျဖင့္ လာမယ့္ႏွစ္မွာ ေရာင္းခ်သြားရန္ စီစဥ္ထားပါတယ္။

အဆုိပါ ကေလးစက္႐ုပ္မွာ ပုခက္ငယ္ေလးပါ ပါဝင္လာမွာ ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံဟာ စက္႐ုပ္ သုိ႕မဟုတ္ စက္အသုံးျပဳမႈမွာ ဦးေဆာင္ေနတဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ၿပီး အလုပ္သမား ၁၀၀,၀၀၀ လွ်င္ စက္႐ုပ္ သုိ႕မဟုတ္ စက္ ၃၁၄ ခု အသုံးျပဳေနေၾကာင္း International Federation or Robots က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : duwun

#Unicode Version

Toyota Mortor Corp က သမင်မျက်လုံးနဲ့ လက်ဖဝါးအရွယ် ကီရိုဘိုမီနီ (Korobo Mini) ကလေးစက်ရုပ်ကို တီထွင်လိုက်ပြီး ကလေးမရှိတဲ့ အမျိုးသမီးတွေအတွက် အဖော်ဖြစ်စေရန် ရည်ရွယ်ဖန်တီးလိုက်ကြောင်း သိရပါတယ်။

Toyota ရဲ့ မော်တော်ကားမဟုတ်တဲ့ စွန့်ဦးတီထွင်မှုအဖြစ် မိတ်ဆက်လိုက်တဲ့ ကလေးစက်ရုပ်က သက်ကြီးရွယ်အိုဦးရေ များပြားနေတဲ့ ဂျပန်မှာ ဆန်းသစ်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

ထိုင်နေတဲ့ ကလေးစက်ရုပ်က ၎င်းဘာသာ ဟန်ချက်ထိန်းညှိနိုင်တယ်လို့ ဆိုပါတယ်။ Toyota ရဲ့ ကီရိုဘိုမီနီ ကလေးစက်ရုပ်ကို မြန်မာငွေ ငါးသိန်းနီးပါး (ဂျပန်ယန်းငွေ ၃၉,၈၀၀) ဖြင့် လာမယ့်နှစ်မှာ ရောင်းချသွားရန် စီစဉ်ထားပါတယ်။

အဆိုပါ ကလေးစက်ရုပ်မှာ ပုခက်ငယ်လေးပါ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ စက်ရုပ် သို့မဟုတ် စက်အသုံးပြုမှုမှာ ဦးဆောင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အလုပ်သမား ၁၀၀,၀၀၀ လျှင် စက်ရုပ် သို့မဟုတ် စက် ၃၁၄ ခု အသုံးပြုနေကြောင်း International Federation or Robots က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top