Property Expo
×

၀၁.ခ်စ္တယ္ဆိုတာကိုမေမ့ပါနဲ႕

လက္ထပ္ၿပီးတဲ့အခ်ိန္ကစၿပီး သူကအတူတူရွိေနတာကိုမေမ့ပါနဲ႕။

လက္ထပ္တုန္းက သူကိုတစ္သက္လံုးေစာင့္ေရွာက္မယ္လို႕ကတိေပးခဲ့တဲ့အတြက္ သူကလဲ ကိုယ့္ကိုယံုၾကည္ၿပီး ဘဝကိုပံုအပ္ခဲ့ရသူပါ။ခ်စ္ဖို႔ကို မပ်င္းပါနဲဲ႔။

၀၂.သူ႕အတြက္ ေနရာေလးခ်န္ထားပါ

သူ႕ကိုေစာင့္ေရွာက္ရမဲ့တာဝန္တခုတဲ့ေတာ့မဟုတ္ပါ။သူ႕အတြက္စိတ္ထဲမွာလည္း တေနရာေပးထားလိုက္ပါ။အလုပ္ေတြ လူမႈေရးကိစၥေတြနဲ႕ ဘယ္ေလာက္ပဲရွဳပ္ေထြးေနပေစ သူ႕ေနရာေလးကိုေတာ့ ဘယ္သူ႔မွမဝင္မခံပါေစနဲ႕။

၀၃.ခ်စ္ၿပီးရင္းခ်စ္ပါ

လူဆိုတာ အခ်ိန္ႏွင့္အမွ်ေၿပာင္းလဲေနပါတယ္။လက္မထပ္ခင္အခ်ိန္တုန္းကနဲ႕ လက္ထပ္ၿပီးသြားတဲ့အခ်ိန္မွာ ကိုယ္ရဲ႕အေၿခေအေနက တူေနမယ္လို႕မထင္ပါ။ဒါေၾကာင့္လည္းသမီးရည္းစားဘဝတုန္းကလုိသူ႕အတြက္ဆိုရင္ဘာမဆိုလုပ္ေပးမယ္ဆိုတဲ့အခ်စ္ေတြကိုမေမ့ပဲ ပစၥပန္မွာလည္း တူညီေသာအခ်စ္ေတြကိုေပးႏုိင္ဖို႕ၾကိဳးစားပါ။

၀၄.သူရဲ႕ေကာင္းေသာအခ်က္ကေလးေတြကိုမေမ့ပါနဲ႕

သူ႕ရဲ႕ေကာင္းခ်က္ကေလးေတြကို ဂရုတစိုက္ၾကည့္ထားသင့္ပါတယ္။လူဆိုတာ လူတေယာက္ရဲ႕မေကာင္းတဲ့အခ်က္ကို အရင္ၿမင္တတ္ပါတယ္။သူ႕ရဲ႕မေကာင္းတဲ့အခ်က္ေတြကိုပဲ စဥ္းစားေနရင္ေတာ့ ေရရွည္မွာမေကာင္းပါ။

၀၅.သူ႕ရဲ႕အက်င့္စရုိက္ကိုေၿပာင္းလဲဖို႕မၾကိဳးစားပါနဲ႕

ကိုယ္လိုခ်င္တဲ့ပံုစံမ်ိဳးကို ပံုသြင္းတာမ်ိဳးမလုပ္သင့္ပါ။လူဆိိုတာ အားလံုးၿပီးၿပည့္စံုေနတယ္ဆိုတာမရွိတဲ့အတြက္သူရဲ႕အက်င့္စရုိက္ကိုေၿပာင္းလဲဖို႕လုပ္တယ္ဆိုတာဟာ သင့္အလုပ္မဟုတ္ပါ။သူကိုရွိတဲ့အတိုင္းပဲခ်စ္တယ္ဆိုတာလည္း
မဂၤလာတပါးပါ။

၀၆.သူ႕ကို အၿပစ္သိပ္မတင္ပါနဲ႕

ဘယ္ေလာက္ပဲေဒါသထြက္ထြက္ သူ႔ကို အၿပစ္သိပ္မတင္သင့္ပါ။ေဒါသထြက္ေနတယ္ဆိုတာ အေၾကာင္းေၾကာင္းေၾကာင့္ၿဖစ္ပင္မဲ့ ေဒါသေၾကာင့္မမွားကို မၿပဳလုပ္သင့္ပါ။

၀၇.သူ႕ရဲ႕စိတ္ကို နားလည္ေပးပါ

သူကစိတ္ဆိုးေနတာကို ေခ်ာ့ဖို႕သင့္ရင္ေခ်ာ့ရမွာပါ။သူ႕မွာၿဖစ္ေနတဲ့ၿပႆနာကို နားေထာင္ၿပီး ႏွစ္သိမ့္ဖို႕လည္းလိုပါလိမ့္မယ္။သူစိတ္ဆိုးေနတာက အလုပ္ရွဳပ္တယ္ဆိုၿပီး ေရွာင္မထြက္သြားသင့္ပါ။

၀၈.ေပ်ာ္တတ္ဖို႕လိုပါတယ္

ကိုယ္ကိုတိုင္လည္း ၿပံဳးၿပံဳးေပ်ာ္ေပ်ာ္ေနတတ္ဖို႔လိုပါတယ္။ဒါမွသာလွ်င္ တစ္ေယာက္ႏွင့္တစ္ေယာက္ ၿပံဳးသင့္လွ်င္ၿပံဳး ေပ်ာ္သင့္လွ်င္ေပ်ာ္မွသာလွ်င္ အိမ္ေဆာင္ေရးအဆင္ေၿပမွာပါ။

၀၉.သူ႕ရဲ႕လိုအပ္ခ်က္ကို ၿဖည့္စီးေပးပါ

သူ႕မွာေတာ့ ေမာင္ကခ်စ္မွခ်စ္ပါ့ေတာ့မလားလို႕ေတြးရင္လည္း ေတြးေနတတ္ပါတယ္။ သူ႕မွာဘာလိုအပ္ေနလည္း ဘယ္လိုလုပ္ရမလဲမသိရင္ တိုက္ရုိက္ေမးသင့္ပါတယ္။

၁၀.သူ႕ကမိ္န္းကေလးၿဖစ္တယ္ဆိုတာကို မေမ့ပါနဲ႕

ဘယ္အခ်ိန္မွာပဲၿဖစ္ၿဖစ္ ဘာေတြေၿပာင္းလဲေၿပာင္းလဲ သူကိုမိန္းကေလးတေယာက္လို ဆက္ဆံသင့္ပါတယ္။သူ႕အတြက္လည္းကိုယ္ဟာဆဲြေဆာင္မူရွိတဲ့ယာက်ၤားေကာင္းတေယာက္ၿဖစ္တယ္ဆိုတာကို ၿပဖို႕လုိပါတယ္။

၁၁.သူအတြက္ ေအးေအးေဆးေဆးေနႏုိင္တဲ့ေနရာေလးရွိပါေစ

သူ႕မွာ ေန႕စဥ္ႏွင့္အမွ် အိမ္ကိစၥနဲ႕ပဲအလုပ္ရွုပ္ေနတတ္ပါတယ္။ကေလးရွိတဲ့သူဆိုရင္ေတာ့ပိုဆိုးေရာေပါ့။
ကိုယ္တေယာက္တည္းမဟုတ္ပဲသူ႕အတြက္လည္းစိတ္ေၿပလက္ေပ်ာက္ေနႏုိင္မဲ့ေနရာေလးကို ထားေပးသင့္ပါတယ္။

၁၂.ကိုယ္ရဲ႕အားနည္းခ်က္ကို ေၿပာဖို႔လည္းဝန္မေလးပါနဲ႕

ေယာက်ၤားဆိုေတာ့ ကိုယ္ရဲ႕အားနည္းခ်က္ကို ထုတ္ေၿပာဖို႕ဝင္ေလးတတ္ပါတယ္။အခ်ိဳ႕ၿပႆနာဆိုတာ ကိုယ္တေယာက္တည္း မေၿဖရွင္းႏုိင္တဲ့အခါရွိပါတယ္။အဲဒီအခ်ိန္မွာ ကိုယ့္ရဲ႕လက္တဲြေဖာ္ကို ပြင့္ပြင့္လင္းလင္းတိုင္ပင္သင့္ပါတယ္။

၁၃.ႏွစ္ေယာက္အတူတူ ဘဝကို တိုးတတ္ေအာင္ၾကိဳးစားပါ

ဘဝရည္မွန္းခ်က္ၿဖစ္ပါေစ၊ ဝါသနာပါတဲ့အရာပဲၿဖစ္ပါေစ ႏွစ္ေယာက္အတူတူတိုင္ပင္ၿပီး လုပ္သင့္ပါတယ္။ဒါမွသာလွ်င္ တစ္ေယာက္ႏွင့္တစ္ေယာက္ နားလည္မူရွိလာႏုိင္သလုိ အိမ္ေထာင္ေရးလည္း သာယာလာပါလိမ့္မယ္။

၁၄.ပိုက္ဆံအတြက္ နားမပူပါနဲ႕

ပိုက္ဆံဆိုတာဟာ ဂိမ္းတခုနဲ႕တူပါတယ္။လင္မယားႏွစ္ေယာက္ အတူတူဘဝဂိမ္းကိုေအာင္ၿမင္ေအာင္ ၾကိဳးစားရမွာပါ။မေသမခ်င္း ပိုက္ဆံဆိုတာကို ရွာေဖြႏုိင္ပါတယ္။ပိုက္ဆံမရွိလို႕ဆိုၿပီး ေၿပာေနမဲ့အစား သူနဲေကာင္းေအာင္ ဘယ္လိုလုပ္မလဲ
ဆိုတာကို တိုင္ပင္သင့္ပါတယ္။

၁၅.ခြင့္လြတ္တတ္ဖို႕လုိပါတယ္

အတိတ္မွာၿဖစ္ခဲ့တဲ့ကိစၥကို အစဲြထားၿပီး ထပ္ခါတလဲလဲ ၿပန္ေၿပာတာမ်ိဳးမလုပ္သင့္ပါ။ခြင့္လႊတ္သင့္တာကို ခြင့္လြတ္ၿပီး ေရွ႕ဆက္ေလွ်ာက္ဖို႕သာ အေရးၾကီးပါတယ္။

ဒီစာေလးဟာ အိမ္ေထာင္သည္ေတြအတြက္ပဲမဆိုလိုပါ။မၾကာခင္လက္ထပ္မဲ့သူေတြနဲ႔လည္း သက္ဆိုင္ပါတယ္။ေယာက်ၤားေလးဘက္ကေရးထားပင္မဲ့ ေၿပာင္းၿပန္စဥ္းစားရင္လဲ မိန္းကေလးေတြအေနနဲ႕လည္း ဖတ္လို႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Chelmo Team

Unicode Version

၀၁.ချစ်တယ်ဆိုတာကိုမမေ့ပါနဲ့

လက်ထပ်ပြီးတဲ့အချိန်ကစပြီး သူကအတူတူရှိနေတာကိုမမေ့ပါနဲ့။

လက်ထပ်တုန်းက သူကိုတစ်သက်လုံးစောင့်ရှောက်မယ်လို့ကတိပေးခဲ့တဲ့အတွက် သူကလဲ ကိုယ့်ကိုယုံကြည်ပြီး ဘဝကိုပုံအပ်ခဲ့ရသူပါ။ချစ်ဖို့ကို မပျင်းပါနဲ့။

၀၂.သူ့အတွက် နေရာလေးချန်ထားပါ

သူ့ကိုစောင့်ရှောက်ရမဲ့တာဝန်တခုတဲ့တော့မဟုတ်ပါ။သူ့အတွက်စိတ်ထဲမှာလည်း တနေရာပေးထားလိုက်ပါ။အလုပ်တွေ လူမှုရေးကိစ္စတွေနဲ့ ဘယ်လောက်ပဲရှုပ်ထွေးနေပစေ သူ့နေရာလေးကိုတော့ ဘယ်သူ့မှမဝင်မခံပါစေနဲ့။

၀၃.ချစ်ပြီးရင်းချစ်ပါ

လူဆိုတာ အချိန်နှင့်အမျှပြောင်းလဲနေပါတယ်။လက်မထပ်ခင်အချိန်တုန်းကနဲ့ လက်ထပ်ပြီးသွားတဲ့အချိန်မှာ ကိုယ်ရဲ့အခြေအေနေက တူနေမယ်လို့မထင်ပါ။ဒါကြောင့်လည်းသမီးရည်းစားဘဝတုန်းကလိုသူ့အတွက်ဆိုရင်ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့အချစ်တွေကိုမမေ့ပဲ ပစ္စပန်မှာလည်း တူညီသောအချစ်တွေကိုပေးနိုင်ဖို့ကြိုးစားပါ။

၀၄.သူရဲ့ကောင်းသောအချက်ကလေးတွေကိုမမေ့ပါနဲ့

သူ့ရဲ့ကောင်းချက်ကလေးတွေကို ဂရုတစိုက်ကြည့်ထားသင့်ပါတယ်။လူဆိုတာ လူတယောက်ရဲ့မကောင်းတဲ့အချက်ကို အရင်မြင်တတ်ပါတယ်။သူ့ရဲ့မကောင်းတဲ့အချက်တွေကိုပဲ စဉ်းစားနေရင်တော့ ရေရှည်မှာမကောင်းပါ။

၀၅.သူ့ရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့မကြိုးစားပါနဲ့

ကိုယ်လိုချင်တဲ့ပုံစံမျိုးကို ပုံသွင်းတာမျိုးမလုပ်သင့်ပါ။လူဆိုတာ အားလုံးပြီးပြည့်စုံနေတယ်ဆိုတာမရှိတဲ့အတွက်သူရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့လုပ်တယ်ဆိုတာဟာ သင့်အလုပ်မဟုတ်ပါ။သူကိုရှိတဲ့အတိုင်းပဲချစ်တယ်ဆိုတာလည်း
မင်္ဂလာတပါးပါ။

၀၆.သူ့ကို အပြစ်သိပ်မတင်ပါနဲ့

ဘယ်လောက်ပဲဒေါသထွက်ထွက် သူ့ကို အပြစ်သိပ်မတင်သင့်ပါ။ဒေါသထွက်နေတယ်ဆိုတာ အကြောင်းကြောင်းကြောင့်ဖြစ်ပင်မဲ့ ဒေါသကြောင့်မမှားကို မပြုလုပ်သင့်ပါ။

၀၇.သူ့ရဲ့စိတ်ကို နားလည်ပေးပါ

သူကစိတ်ဆိုးနေတာကို ချော့ဖို့သင့်ရင်ချော့ရမှာပါ။သူ့မှာဖြစ်နေတဲ့ပြဿနာကို နားထောင်ပြီး နှစ်သိမ့်ဖို့လည်းလိုပါလိမ့်မယ်။သူစိတ်ဆိုးနေတာက အလုပ်ရှုပ်တယ်ဆိုပြီး ရှောင်မထွက်သွားသင့်ပါ။

၀၈.ပျော်တတ်ဖို့လိုပါတယ်

ကိုယ်ကိုတိုင်လည်း ပြုံးပြုံးပျော်ပျော်နေတတ်ဖို့လိုပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် ပြုံးသင့်လျှင်ပြုံး ပျော်သင့်လျှင်ပျော်မှသာလျှင် အိမ်ဆောင်ရေးအဆင်ပြေမှာပါ။

၀၉.သူ့ရဲ့လိုအပ်ချက်ကို ဖြည့်စီးပေးပါ

သူ့မှာတော့ မောင်ကချစ်မှချစ်ပါ့တော့မလားလို့တွေးရင်လည်း တွေးနေတတ်ပါတယ်။ သူ့မှာဘာလိုအပ်နေလည်း ဘယ်လိုလုပ်ရမလဲမသိရင် တိုက်ရိုက်မေးသင့်ပါတယ်။

၁၀.သူ့ကမိန်းကလေးဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့

ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘာတွေပြောင်းလဲပြောင်းလဲ သူကိုမိန်းကလေးတယောက်လို ဆက်ဆံသင့်ပါတယ်။သူ့အတွက်လည်းကိုယ်ဟာဆွဲဆောင်မူရှိတဲ့ယာကျၤားကောင်းတယောက်ဖြစ်တယ်ဆိုတာကို ပြဖို့လိုပါတယ်။

၁၁.သူအတွက် အေးအေးဆေးဆေးနေနိုင်တဲ့နေရာလေးရှိပါစေ

သူ့မှာ နေ့စဉ်နှင့်အမျှ အိမ်ကိစ္စနဲ့ပဲအလုပ်ရှုပ်နေတတ်ပါတယ်။ကလေးရှိတဲ့သူဆိုရင်တော့ပိုဆိုးရောပေါ့။
ကိုယ်တယောက်တည်းမဟုတ်ပဲသူ့အတွက်လည်းစိတ်ပြေလက်ပျောက်နေနိုင်မဲ့နေရာလေးကို ထားပေးသင့်ပါတယ်။

၁၂.ကိုယ်ရဲ့အားနည်းချက်ကို ပြောဖို့လည်းဝန်မလေးပါနဲ့

ယောကျၤားဆိုတော့ ကိုယ်ရဲ့အားနည်းချက်ကို ထုတ်ပြောဖို့ဝင်လေးတတ်ပါတယ်။အချို့ပြဿနာဆိုတာ ကိုယ်တယောက်တည်း မဖြေရှင်းနိုင်တဲ့အခါရှိပါတယ်။အဲဒီအချိန်မှာ ကိုယ့်ရဲ့လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်ပါတယ်။

၁၃.နှစ်ယောက်အတူတူ ဘဝကို တိုးတတ်အောင်ကြိုးစားပါ

ဘဝရည်မှန်းချက်ဖြစ်ပါစေ၊ ဝါသနာပါတဲ့အရာပဲဖြစ်ပါစေ နှစ်ယောက်အတူတူတိုင်ပင်ပြီး လုပ်သင့်ပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် နားလည်မူရှိလာနိုင်သလို အိမ်ထောင်ရေးလည်း သာယာလာပါလိမ့်မယ်။

၁၄.ပိုက်ဆံအတွက် နားမပူပါနဲ့

ပိုက်ဆံဆိုတာဟာ ဂိမ်းတခုနဲ့တူပါတယ်။လင်မယားနှစ်ယောက် အတူတူဘဝဂိမ်းကိုအောင်မြင်အောင် ကြိုးစားရမှာပါ။မသေမချင်း ပိုက်ဆံဆိုတာကို ရှာဖွေနိုင်ပါတယ်။ပိုက်ဆံမရှိလို့ဆိုပြီး ပြောနေမဲ့အစား သူနဲကောင်းအောင် ဘယ်လိုလုပ်မလဲ
ဆိုတာကို တိုင်ပင်သင့်ပါတယ်။

၁၅.ခွင့်လွတ်တတ်ဖို့လိုပါတယ်

အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို အစွဲထားပြီး ထပ်ခါတလဲလဲ ပြန်ပြောတာမျိုးမလုပ်သင့်ပါ။ခွင့်လွှတ်သင့်တာကို ခွင့်လွတ်ပြီး ရှေ့ဆက်လျှောက်ဖို့သာ အရေးကြီးပါတယ်။

ဒီစာလေးဟာ အိမ်ထောင်သည်တွေအတွက်ပဲမဆိုလိုပါ။မကြာခင်လက်ထပ်မဲ့သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ယောကျၤားလေးဘက်ကရေးထားပင်မဲ့ ပြောင်းပြန်စဉ်းစားရင်လဲ မိန်းကလေးတွေအနေနဲ့လည်း ဖတ်လို့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : Chelmo Team


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top