Kantharyar Centre
×

ျမတ္စြာဘုရားသည္ ဘုရားျဖစ္ေတာ္မူၿပီး (၇)၀ါေျမာက္တြင္၊ ၀ါဆိုဖို႕ရန္ အခ်ိန္ေရာက္လာေသာအခါ၊ အဘိဓမၼာတရားေဟာၾကားရန္ တာဝတႎသာ နတ္ျပည္သို႕ ၾကြသြားၿပီး၊ ပင္လယ္ကသစ္ပင္အရင္း၌ ခင္းထားအပ္ေသာ ပ႑ဳကမၺလာ ျမေက်ာက္ဖ်ာထက္မွာ သီတင္းသံုးေနေတာ္မူပါသည္။ ထိုအခါ၊ တစ္ေသာင္းေသာ စၾက၀ဠာတိုက္မွ အဘိဓမၼာတရား နာၾကားဖို႕ရာ ေရာက္ရွိလာၾကေသာ နတ္ ျဗဟၼာတို႕အား၊
မယ္ေတာ္ျဖစ္ခဲ့ဘူးေသာ သႏၲဳႆိတနတ္သားကို အမွဴးထား၍ အဘိဓမၼာေဒသနာေတာ္ကို ေဟာၾကားေတာ္မူပါသည္။

အဘိဓမၼာေဒသနာေတာ္ကို ေဟာၾကားေတာ္မူသည့္အခါမွာ၊ အဘိဓမၼာေဒသနာေတာ္သည္၊ အလြန္မ်ားျပားသည့္အတြက္ေၾကာင့္၊ ေတာင္က်ေခ်ာင္းမွေရမ်ား၊ အလ်င္အျမန္စီးက်ေနသကဲ့သို႕၊ ဘုရားရွင္၏ ႏႈတ္ေတာ္မွ အလ်င္အျမန္ထြက္ေပၚကာ၊ ေန႕ေရာညပါ အဆက္မျပတ္ ေဟာၾကားေတာ္မူသည္။

ထိုသို႕ ေဟာၾကားေနစဥ္၊ ဆြမ္းခံၾကြရန္အခ်ိန္ေရာက္လာေသာအခါ၊ ျမတ္စြာဘုရားႏွင့္ ပံုသ႑ာန္အလံုးစံုတူေသာ နိမိၼတရုပ္ပြား ဘုရားတစ္ဆူကို ဖန္ဆင္းေတာ္မူပါသည္။ ဖန္ဆင္းၿပီးေသာအခါ၊ "နိမိၼတရုပ္ပြားဘုရားသည္၊ ဤအဘိဓမၼာေဒသနာေတာ္မွ၊ ဤအဘိဓမၼာေဒသနာေတာ္တိုင္၊ ေဟာၾကားေစသည္း"ဟု အဓိ႒ာန္ျပဳကာ၊ ဘုရားရွင္သည္ လူ႕ျပည္ရွိ အေနာတတ္ေရအိုင္သို႕ ၾကြေတာ္မူပါသည္။ နိမိၼတရုပ္ပြားဘုရားသည္၊ သဗၺညဳတျမတ္ဘုရားႏွင့္၊ ေရာင္ျခည္ေတာ္(၆)သြယ္ ႏွင့္တကြ၊ အသြင္အျပင္ အမူအရာတို႕သည္၊ တစ္ထပ္တည္း တူေတာ္မူ၏။ နိမိၼတရုပ္ပြားဘုရား၊ အဘိဓမၼာတရား ေဟာၾကားေနသည္ကို၊ တန္ခုိးနည္းသည့္ နတ္ျဗဟၼာမ်ားက မသိၾကဘဲ၊ တန္ခိုးမ်ားသည့္ နတ္ျဗဟၼာမ်ားသာ
"ယခု ေဟာၾကားေနတာ၊ နိမိၼတရုပ္ပြားျဖစ္သည္၊ ဗၺညဳျမတ္စြာဘုရားကေတာ့ ဆြမ္းကိစၥအတြက္ လူ႕ျပည္သို႕ ၾကြသြားၿပီ"ဟု သိၾကေပသည္။

ျမတ္စြာဘုရားသည္၊ အေနာတတ္ေရအိုင္၌ ေရသပၸါယ္ၿပီး၊ ေျမာက္ကြ်န္းသို႕ ဆြမ္းခံၾကြေတာ္မူပါသည္။ ဆြမ္းခံရာမွ ျပန္ၾကြလာေသာအခါ၊ အေနာတတ္ ေရအိုင္မွာပင္ ဆြမ္းဘုဥ္းေပးေတာ္မူပါသည္။ ဆြမ္းဘုဥ္းေပးၿပီးေသာအခါ စႏၵကူးေတာသို႕ ၾကြ၍၊ ေန႕သန္႕စင္ေတာ္မူပါသည္။
ထိုအခါ၊ အရွင္သာရိပုတၱရာသည္ ဘုရားရွင္ထံ လာေရာက္၍၊ ၀တ္ႀကီး၀တ္ငယ္ ျပဳစုလုပ္ေကြ်းပါသည္။ ဤသို႕ အရွင္သာရိပုတၱရာက လာေရာက္၍ ျပဳစုလုပ္ေကြ်းေသာအခါ၊ ဘုရားရွင္က
"ခ်စ္သား သာရိပုတၱရာ - တာဝတႎသာနတ္ျပည္၌ ေဟာၾကားေနေသာ အဘိဓမၼာေဒသနာေတာ္သည္၊ ဤေဒသနာေတာ္မွစ၍၊ ဤေဒသနာေတာ္တိုင္ေအာင္ ေဟာၾကား၍ ၿပီးဆံုးသြားေလၿပီ"ဟု နည္းေပးေသာအားျဖင့္၊ အရွင္သာရိပုတၱရာအား၊ ေဟာၾကားေတာ္မူပါသည္။ အရွင္သာရိပုတၱရာသည္၊ ပညာအရာတြင္ အေတာ္ဆံုးဧတဒဂ္ရာထူးကို ရထားေသာပုဂၢိဳလ္ ျဖစ္သည့္အားေလ်ာ္စြာ၊ တာဝတႎသာနတ္ျပည္တြင္ ေဟာၾကားေတာ္မူသည့္ အဘိဓမၼာေဒသနာေတာ္မ်ားကို၊ နည္းေပါင္းစံုလင္စြာ အားလံုးသိရွိတတ္ေျမာက္သြားပါသည္။

ဘုရားရွင္၊ စႏၵကူးေတာတြင္ ေန႕သန္႕စင္သီတင္းသံုးေနေတာ္မူေသာ အခ်ိန္တြင္၊ ေန႕စဥ္ေန႕တိုင္း အရွင္သာရိပုတၱရာ လာေရာက္၍ ျပဳစုလုပ္ေကြ်းေသာအခါ၊ တာဝတႎသာနတ္ျပည္တြင္ ေဟာၾကားေတာ္မူသည့္ အဘိဓမၼာတရားေတာ္မ်ားကို၊ ဘုရားရွင္က၊ အရွင္သာရိပုတၱရာအား၊ အက်ဥ္းခ်ဳပ္ ေဟာေတာ္မူပါသည္။ အရွင္သာရိပုတၱရာက၊ အက်ယ္တတ္ေျမာက္သြားပါသည္။ တတ္ေျမာက္ၿပီးေသာ အဘိဓမၼာ ေဒသနာေတာ္မ်ားကို၊ လင္းႏို႕ငယ္ျဖစ္စဥ္ဘ၀က အဘိဓမၼာဓာတ္ခံ ပါလာၾကေသာ၊ တပည့္ရဟန္းငါးရာကို တစ္ဆင့္သင္ၾကားပို႕ခ်ေပးပါသည္။ တပည့္ရဟန္းငါးရာတို႕သည္ ကႆပျမတ္စြာဘုရား လက္ထက္ေတာ္ အခါက၊ အဘိဓမၼာဓာတ္ခံ ပါလာၾကေသာေၾကာင့္၊ လွ်င္ျမန္စြာ တတ္ေျမာက္ သြားၾကေပသည္။ ဘုရားရွင္၊ အဘိဓမၼာေဒသနာေတာ္ကို ေဟာၾကား၍ၿပီးဆံုးျခင္းႏွင့္၊ ထိုရဟန္းငါးရာတို႕၏ အဘိဓမၼာ(၇)က်မ္းကို သင္ယူၿပီးဆံုးျခင္းတို႕သည္၊ မေရွးမေႏွာင္း တစ္ျပိဳင္နက္လိုလိုပင္ ျဖစ္ၾကေပသည္။

ဤကဲ့သို႕ ၀ါတြင္းသံုးလကာလပတ္လံုး ေဟာၾကား၍၊ သီတင္းကြ်တ္ လျပည့္ေန႕မွာ ၿပီးဆံုးသြားေသာအခါ၊ ကုေဋ(၈)ေသာင္းမွ်ေသာ နတ္ျဗဟၼာအေပါင္းတို႕၊ ကြ်တ္တမ္း၀င္သြားၾကေပသည္။ ျမတ္စြာဘုရား၏ မယ္ေတာ္ျဖစ္ခဲ့ဖူးေသာ သႏၲဳႆိတနတ္သားသည္လည္း၊ ေသာတာပန္ ျဖစ္သြားရေပသည္။

ဘုရားရွင္သည္၊ အဘိဓမၼာေဒသနာေတာ္ကို ေဟာၾကား၍ ၿပီးဆံုးသြား ေသာအခါ၊ လူ႕ျပည္သို႕ ျပန္ၾကြေတာ္မူမည့္အေၾကာင္း၊ သိၾကားမင္းကို မိန္႕ၾကားေတာ္မူရာ၊ သိၾကားမင္းက ျမတ္စြာဘုရား၊ လူ႕ျပည္သို႕ ၾကြဆင္းရန္၊ ျမင္းမိုရ္ေတာင္ထိပ္မွ သကၤႆနဂိုရ္ၿမိဳ႕တံခါးသို႕ ေစာင္းတန္းသံုးသြယ္ ဖန္ဆင္းပါသည္။ လက္ယာဘက္မွ ေရႊေစာင္းတန္း၊ လက္၀ဲဘက္မွ ေငြေစာင္းတန္း၊ အလယ္မွ ပတၱျမားေစာင္းတန္းတို႕ကို ဖန္ဆင္းပါသည္။

ျမတ္စြာဘုရားသည္၊ ကုိယ္ေတာ္မွ ေရာင္ျခည္ေတာ္(၆)သြယ္တို႕ကို၊ ထြက္ေပၚေစလ်က္၊ ျမင္းမိုရ္ေတာင္ထိပ္ အလယ္ပတၱျမားေစာင္းတန္းမွ လူ႕ျပည္ သကၤႆနဂိုရ္ၿမိဳ႕တံခါး၀သို႕၊ ၾကြဆင္းေတာ္မူပါသည္။ လက္ယာဘက္ ေရႊေစာင္းတန္းမွ၊ နတ္ပရိသတ္မ်ားက ဘုရားရွင္ကို ယပ္ေလခတ္ေပးျခင္း၊ နတ္တို႕၏ တူရိယာအမ်ိဳးမ်ိဳးတို႕ကို တီးမႈတ္ျခင္းတို႕ျဖင့္၊ ပူေဇာ္ကာ၊ သက္ဆင္းလိုက္ပါလာၾကေပသည္။ လက္၀ဲဘက္ ေငြေစာင္းတန္းမွ၊ ျဗဟၼာၾကီးမ်ားက၊ ဘုရားရွင္ကို ထီးျဖဴမ်ားျဖင့္ ေဆာင္းမိုးကာ၊ သက္ဆင္းလိုက္ပါလာၾကေပသည္။

ျမတ္စြာဘုရား၏ တန္ခိုးေတာ္ေၾကာင့္၊ အထက္သို႕ အတနိ႒ျဗဟၼာျပည္ တုိင္ေအာင္၊ ေအာက္သို႕ အ၀ီစိငရဲတိုင္ေအာင္၊ အေရွ႕, အေနာက္, ေတာင္, ေျမာက္, အေထာင့္အရပ္ေလးခုဟူေသာ၊ အရပ္ရွစ္မ်က္ႏွာ စၾက၀ဠာတိုက္ ေထာင္ေပါင္းမ်ားစြာတိုင္ေအာင္၊ အပိတ္အပင္ အတားအဆီးမရွိဘဲ၊ ဟင္းလင္းပြင့္ကာ ေတြ႕ျမင္ၾကရေပသည္။
လူတို႕သည္၊ နတ္ျဗဟၼာတုိ႕၏ ဘံုဗိမာန္မ်ားႏွင့္ နတ္ျဗဟၼာတို႕ကို ေတြ႕ျမင္ၾကရသလို၊ နတ္ျဗဟၼာတို႕ကလည္း၊ ဘုရားရွင္အား ေသာင္းေသာင္းဖ်ဖ် ႀကိဳဆိုေနၾကသည့္ သိန္းသန္းကုေဋမက မ်ားျပားလွေသာ လူတို႕ကို ေတြ႕ျမင္ၾကရေပသည္။ ဤသို႕၊ မႀကံဳစဖူး ၾကည္ညိဳဖြယ္ရာမ်ားကို ေတြ႕ျမင္ၾကရေသာေၾကာင့္၊ (၃၆)ယူဇနာအတြင္း၌ ရွိေနၾကေသာ လူအေပါင္းတုိ႕သည္၊ ဘုရားဆုကို မပန္ေသာသူဟူ၍ မရွိၾကေပ။ ဘုရားရွင္ ၾကြဆင္းလာသည္ကို၊ လူတို႕က မီးရွဴးတန္ေဆာင္ အလင္းေရာင္တို႕ျဖင့္ ထြန္းညွိပူေဇာ္ၾကိဳဆိုၾကသည္။ ထိုျဖစ္ရပ္ကို အစြဲျပဳ၍၊ ေႏွာင္းေခတ္ဗုဒၶဘာသာ၀င္တို႕က သီတင္းကြ်တ္ခ်ိန္တြင္၊ ျမင္းမိုရ္မီးပြဲ ထြန္းညွိပူေဇာ္ၾကသည္။ ထို႕ျပင္၊ သီတင္းကြ်တ္လျပည့္ေန႕ကိုလည္း၊ အဘိဓမၼာအခါေတာ္ေန႕ဟူ၍ သတ္မွတ္က်င္းပလာခဲ့ၾကေပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( သဒၶမၼရံသီဆရာေတာ္ဘုရားႀကီး )

#Unicode Version

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)ဝါမြောက်တွင်၊ ဝါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြဝဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြောင့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။

ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာသောအခါ၊ မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊ ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။ နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ် နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။ နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့် နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။

မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်။

ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်မူသော အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာ လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ် ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။ တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘဝက အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသည်။ တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့်၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။

ဤကဲ့သို့ ဝါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။

ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊ သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့ ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့ စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။

မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊ ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက် ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့် ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။

မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အဝီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြဝဠာတိုက် ထောင်ပေါင်းများစွာတိုင်အောင်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top