Property Expo
×

 အီသီယိုးပီးယား ႏုိင္ငံတြင္ ဆႏၵျပပြဲ တစ္ခုကို လံုၿခံဳေရးတပ္ဖြဲ႕မ်ားက ၿဖိဳခြင္းရာ စုၿပံဳတိုးေဝွ႔မႈမ်ား ျဖစ္လာၿပီး လူနင္းခံရမႈမ်ားေၾကာင့္ အေသအေပ်ာက္ ၅၀ ထက္မနည္း ရွိခဲ့ေၾကာင္း သိရသည္။

ေအာ္႐ိုမီယာ အရပ္တြင္ ဘာသာေရး ပြဲေတာ္တစ္ခု က်င္းပေနခ်ိန္ႏွင့္ တိုက္ဆိုင္ၿပီး အစိုးရကို ဆႏၵျပရာမွ ေနာက္ဆက္တြဲ ျဖစ္ရပ္ဆိုးမ်ား ေပၚေပါက္လာျခင္းဟု အစိုးရ ဆိုသည္။ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ ဆႏၵျပပြဲတြင္ လူစုခြဲရန္ ရဲမ်ားက မ်က္ရည္ယိုဗံုးမ်ား၊ ရာဘာက်ည္ဆန္မ်ား၊ နံပါတ္တုတ္မ်ား အသံုးျပဳခဲ့ရာ ထိတ္လန္႔တၾကား တိုးေဝွ႔ရင္း လူနင္းမႈမ်ား ျဖစ္လာခဲ့ျခင္းဟု သိရသည္။

ဝန္ႀကီးခ်ဳပ္ ဟာလီမာရီယမ္ ဒီဆာလန္းက အဓိက႐ုဏ္း လိုလားသူမ်ားက ရည္ရြယ္ခ်က္ရွိရွိ ႀကိဳတင္ဖန္တီးလာသည့္ လုပ္ေဆာင္မႈမ်ားေၾကာင့္ လူအမ်ား ထိခုိက္ ေသေၾကရျခင္းဟု စြပ္စြဲ ေဝဖန္ခဲ့သည္။ ၎က လံုၿခံဳေရး တပ္ဖြဲ႕မ်ား အေနျဖင့္ အင္အားသံုး ၿဖိဳခြင္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း မ်က္ျမင္သက္ေသ အမ်ားအျပား၏ ထြက္ဆိုခ်က္မွာ မွန္ကန္မႈ မရွိဟုလည္း ျငင္းဆန္သြားသည္။

ဘာသာေရး ပြဲေတာ္က်င္းပၿပီး လူစည္ကားေနခ်ိန္ကို တိုက္ဆိုင္ အသံုးခ်ကာ အစိုးရ ဆန္႔က်င္ေရး လႈပ္ရွားသူ ေထာင္ဂဏန္းမွ် စု႐ံုးခ်ီတက္ခဲ့ၾကသည္။ ၎တို႔သည္ ၿမိဳ႕ေတာ္ အက္ဒစ္အဘာဘာမွ ၂၅ မိုင္မွ် အကြာတြင္ စု႐ံုးခဲ့ၾကျခင္း ျဖစ္သည္။ မ်က္ျမင္အခ်ိဳ႕က ဆႏၵျပသူမ်ားဘက္မွ ပုလင္းမ်ား၊ ေက်ာက္တံုးမ်ားျဖင့္ ပစ္ေပါက္သျဖင့္ ရဲမ်ားက တံု႔ျပန္ခဲ့သည္ဟု ဆိုေသာ္လည္း အခ်ိဳ႕ကမူ ဆႏၵျပမႈမွာ ၿငိမ္းခ်မ္းစြာ လႈပ္ရွားခဲ့ေၾကာင္း ဆိုသည္။

သတင္းမ်ား အေရာေရာ အေထြးေထြး ျဖစ္ေနေသာ္လည္း ေနာက္ဆံုးရလဒ္ အေနျဖင့္ ပဋိပကၡ အေျခအေနမ်ားေၾကာင့္ လူအုပ္လုိက္ စုၿပံဳတိုးေဝွ႔ၿပီး လူနင္းခံရမႈမ်ား ေပၚေပါက္လာကာ ၅၂ ဦးထက္မနည္း ေသဆံုးခဲ့ျခင္း ျဖစ္သည္္။

အီသီယိုးပီးယားတြင္ ၿပီးခဲ့သည့္ လပိုင္းမ်ားအတြင္း လူေသဆံုးမႈမ်ား ျဖစ္ေပၚသည့္ ပဋိပကၡ အေျခအေနမ်ား မၾကာခဏ ေပၚေပါက္ခဲ့သည္။ ယခုဆႏၵျပပြဲတြင္ အစိုးရက ေအာ္႐ိုမီယာႏွင့္ အမ္ဟာရာ ေဒသမ်ား၌ ႏုိင္ငံေရးႏွင့္ စီးပြားေရး ျခစားမႈမ်ားကို ျပဳျပင္ႏုိင္ျခင္း မရွိသည့္အေပၚ ကန္႔ကြက္ခဲ့ၾကျခင္း ျဖစ္သည္။

ေအာက္တိုဘာ ၂ ရက္က က်င္းပသည့္ ေအာ္႐ိုမို ပြဲေတာ္သည္ လူေပါင္း ၂ သန္းမွ်ကို ဆြဲေဆာင္ႏုိင္ခဲ့ေၾကာင္း AP သတင္းဌာနက ေဖာ္ျပခဲ့သည္။ အဆိုပါ ဘာသာေရး ပြဲေတာ္တြင္ ဆႏၵျပသူမ်ားက ခ်ီတက္လာကာ “လြတ္လပ္ေရးကို လိုလားတယ္”၊ “တရားမွ်တမႈကို လိုလားတယ္” စသျဖင့္ ေႂကြးေၾကာ္ၿပီး အစိုးရကို ဆန္႔က်င္ခဲ့ၾကျခင္းဟု သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 အီသီယိုးပီးယား နိုင်ငံတွင် ဆန္ဒပြပွဲ တစ်ခုကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းရာ စုပြုံတိုးဝှေ့မှုများ ဖြစ်လာပြီး လူနင်းခံရမှုများကြောင့် အသေအပျောက် ၅၀ ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။


အော်ရိုမီယာ အရပ်တွင် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေချိန်နှင့် တိုက်ဆိုင်ပြီး အစိုးရကို ဆန္ဒပြရာမှ နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးများ ပေါ်ပေါက်လာခြင်းဟု အစိုးရ ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် ဆန္ဒပြပွဲတွင် လူစုခွဲရန် ရဲများက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များ၊ နံပါတ်တုတ်များ အသုံးပြုခဲ့ရာ ထိတ်လန့်တကြား တိုးဝှေ့ရင်း လူနင်းမှုများ ဖြစ်လာခဲ့ခြင်းဟု သိရသည်။

ဝန်ကြီးချုပ် ဟာလီမာရီယမ် ဒီဆာလန်းက အဓိကရုဏ်း လိုလားသူများက ရည်ရွယ်ချက်ရှိရှိ ကြိုတင်ဖန်တီးလာသည့် လုပ်ဆောင်မှုများကြောင့် လူအများ ထိခိုက် သေကြေရခြင်းဟု စွပ်စွဲ ဝေဖန်ခဲ့သည်။ ၎င်းက လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် အင်အားသုံး ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေ အများအပြား၏ ထွက်ဆိုချက်မှာ မှန်ကန်မှု မရှိဟုလည်း ငြင်းဆန်သွားသည်။

ဘာသာရေး ပွဲတော်ကျင်းပပြီး လူစည်ကားနေချိန်ကို တိုက်ဆိုင် အသုံးချကာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူ ထောင်ဂဏန်းမျှ စုရုံးချီတက်ခဲ့ကြသည်။ ၎င်းတို့သည် မြို့တော် အက်ဒစ်အဘာဘာမှ ၂၅ မိုင်မျှ အကွာတွင် စုရုံးခဲ့ကြခြင်း ဖြစ်သည်။ မျက်မြင်အချို့က ဆန္ဒပြသူများဘက်မှ ပုလင်းများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်သဖြင့် ရဲများက တုံ့ပြန်ခဲ့သည်ဟု ဆိုသော်လည်း အချို့ကမူ ဆန္ဒပြမှုမှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ကြောင်း ဆိုသည်။

သတင်းများ အရောရော အထွေးထွေး ဖြစ်နေသော်လည်း နောက်ဆုံးရလဒ် အနေဖြင့် ပဋိပက္ခ အခြေအနေများကြောင့် လူအုပ်လိုက် စုပြုံတိုးဝှေ့ပြီး လူနင်းခံရမှုများ ပေါ်ပေါက်လာကာ ၅၂ ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

အီသီယိုးပီးယားတွင် ပြီးခဲ့သည့် လပိုင်းများအတွင်း လူသေဆုံးမှုများ ဖြစ်ပေါ်သည့် ပဋိပက္ခ အခြေအနေများ မကြာခဏ ပေါ်ပေါက်ခဲ့သည်။ ယခုဆန္ဒပြပွဲတွင် အစိုးရက အော်ရိုမီယာနှင့် အမ်ဟာရာ ဒေသများ၌ နိုင်ငံရေးနှင့် စီးပွားရေး ခြစားမှုများကို ပြုပြင်နိုင်ခြင်း မရှိသည့်အပေါ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

အောက်တိုဘာ ၂ ရက်က ကျင်းပသည့် အော်ရိုမို ပွဲတော်သည် လူပေါင်း ၂ သန်းမျှကို ဆွဲဆောင်နိုင်ခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ဘာသာရေး ပွဲတော်တွင် ဆန္ဒပြသူများက ချီတက်လာကာ “လွတ်လပ်ရေးကို လိုလားတယ်”၊ “တရားမျှတမှုကို လိုလားတယ်” စသဖြင့် ကြွေးကြော်ပြီး အစိုးရကို ဆန့်ကျင်ခဲ့ကြခြင်းဟု သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top