Property Expo
×

ရန္ကုန္တိုင္းထဲမွာရွိတဲ့ လူဆိုးလူမိုက္ေတြကို ဥပေဒအရ ဖမ္းဆီးအေရးယူသြားမယ့္အျပင္ သူတို႔ပိုင္ဆိုင္မႈေတြကိုလည္း ေငြေၾကးခဝါခ်တိုက္ဖ်က္ေရးအဖြဲ႕နဲ႔ စစ္ေဆးၿပီး ဥပေဒနဲ႔အညီ ႏိုင္ငံေတာ္ပိုင္အျဖစ္ သိမ္းဆည္းသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးလံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးတင္ေအာင္ထြန္းက ေျပာပါတယ္။

ေအာက္တုိဘာလ ၂၅ ရက္ေန႔က က်င္းပခဲ့တဲ့ တိုင္းေဒသႀကီးလႊတ္ေတာ္မွာ လသာၿမိဳ႕နယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းႏိုင္က လတ္တေလာျဖစ္ပြားေနတဲ့ ဓားလက္နက္ကိုင္ေဆာင္ၿပီး အုပ္စုလိုက္ လူသတ္မႈက်ဴးလြန္တာေတြ၊ သက္ငယ္မုဒိမ္းမႈေတြနဲ႔ အၾကမ္းဖက္ႏွိပ္စက္မႈ က်ဴးလြန္သူေတြကို ထိထိေရာက္ေရာက္ အျပစ္ေပးႏိုင္ဖို႔ ေမးျမန္းတာကုိ နယ္လံု၀န္ႀကီးက အခုလိုေျဖၾကားခဲ့တာပါ။

“ဖမ္းမိတဲ့ လူဆိုးလူမိုက္ေတြကို ထိေရာက္တဲ့ ျပစ္ဒဏ္ရရွိေရး ၎တို႔က်ဴးလြန္တဲ့ ျပစ္မႈေတြကို အေရးယူတဲ့အျပင္ သူတို႔ပိုင္ဆိုင္တဲ့ ပစၥည္းေတြကိုလဲ ေငြေၾကးခဝါခ်တိုက္ဖ်က္ေရးအဖြဲ႕ကေန စစ္ေဆးၿပီး ဥပေဒနဲ႔အညီ ႏိုင္ငံေတာ္အပိုင္အျဖစ္ သိမ္းဆည္းသြားမယ္”လို႔ ဗိုလ္မွဴးႀကီးတင္ေအာင္ထြန္းက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
ရန်ကုန်တိုင်းထဲမှာရှိတဲ့ လူဆိုးလူမိုက်တွေကို ဥပဒေအရ ဖမ်းဆီးအရေးယူသွားမယ့်အပြင် သူတို့ပိုင်ဆိုင်မှုတွေကိုလည်း ငွေကြေးခဝါချတိုက်ဖျက်ရေးအဖွဲ့နဲ့ စစ်ဆေးပြီး ဥပဒေနဲ့အညီ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ လသာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က လတ်တလောဖြစ်ပွားနေတဲ့ ဓားလက်နက်ကိုင်ဆောင်ပြီး အုပ်စုလိုက် လူသတ်မှုကျူးလွန်တာတွေ၊ သက်ငယ်မုဒိမ်းမှုတွေနဲ့ အကြမ်းဖက်နှိပ်စက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ဖို့ မေးမြန်းတာကို နယ်လုံဝန်ကြီးက အခုလိုဖြေကြားခဲ့တာပါ။

“ဖမ်းမိတဲ့ လူဆိုးလူမိုက်တွေကို ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေး ၎င်းတို့ကျူးလွန်တဲ့ ပြစ်မှုတွေကို အရေးယူတဲ့အပြင် သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလဲ ငွေကြေးခဝါချတိုက်ဖျက်ရေးအဖွဲ့ကနေ စစ်ဆေးပြီး ဥပဒေနဲ့အညီ နိုင်ငံတော်အပိုင်အဖြစ် သိမ်းဆည်းသွားမယ်”လို့ ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top