Kantharyar Centre
×

မိန္းကေလးတိုင္း ဒီစာေလးကို အခ်ိန္ခဏေလးေပးၿပီး ဖတ္ေပးပါ.. please.. စိတ္ခြန္အားေတြ တကယ္ တိုးတက္လာမွာ အေသအခ်ာပဲ.. အရမ္းကို တန္ဖိုးရွိလို႔ပါ.. Strong Mind..

■အခ်ိန္ၾကာလာတာနဲ႔အမၽွ စံုတဲြေတြၾကားျဖစ္တဲ့ ျပသနာရဲ႕ ၉၀%က မိန္းမေတြရဲ႕စိတ္ထဲ ဘာေမၽွာ္လင့္လဲဆိုတာ ေယာက်ာ္းေတြ နားမလည္လို႔ပါ..

■ဒီျပသနာရဲ႕ အေၾကာင္းရင္းကိုေျပာရမယ္ဆိုရင္ ဟိုး..ခ်စ္စ ခင္စအခ်ိန္ကိုျပန္သြားရမွာပဲ.. ေယာက်ာ္းေတြဟာ သဘာဝႀကီးက ဖန္ဆင္းထားတဲ့ Alpha Male ျဖစ္တာေၾကာင့္ စိုးမိုးခ်ဳပ္ကိုင္လိုစိတ္ ရွိၾကတယ္..

■ခ်စ္သူရည္းစား စျဖစ္ၿပီဆိုရင္ သူတို႔ မိန္းကေလးကို စိတ္ပူ၍ေသာ္၄င္း သူတို႔အတၱေၾကာင့္ေသာ္၄င္း ေယာက်ာ္းေလး သူငယ္ခ်င္း မေပါင္းရဘူး ေဘာ္ဒါေတြနဲ႔ အျပင္မသြားရဘူး သူမပါရင္ Showပဲြ မသြားရဘူး Clubမတက္ရဘူး စသျဖင့္ ခ်ဳပ္ထိန္းတတ္ၾကတယ္..

■မိန္းကေလးေတြ အေနနဲ႔ ၾကေတာ့လည္း တစ္ခါတစ္ေလမွာ ခ်စ္သူက မထိန္းခ်ဳပ္ရင္ေတာင္ အရင္လိုမဟုတ္ဘဲ ေယာက်ာ္းေလး အေပါင္းအသင္းေတြေရွာင္တာ “ကို/ေမာင္ မပါလို႔ သူငယ္ခ်င္းေတြ ေခၚတာမလိုက္သြားဘူး..ကို/ေမာင္နဲ႔ပဲ ဖုန္းေျပာ Chatting ထိုင္ေတာ့မယ္..အျပင္သြားရင္ စကားေျပာဖို႔ အခ်ိန္ေတြေလ်ာ့တယ္” စသည္ျဖင့္ သူတို႔ခ်စ္တာျပဖို႔ လိမ္မာျပ ၾကင္နာျပတတ္ၾကတယ္..

■ပထမအစမွာေတာ့ ခ်စ္သူနဲ႔ တစ္ဘဝဆိုေတာ့ ေပ်ာ္ေနတတ္ၾကတာပါပဲ.. ဒါေပမယ့္ မိန္းကေလးေတြ မသိတဲ့ အခ်က္တစ္ခ်က္က ေယာက်ာ္းတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ကိုယ့္ကို ခ်စ္သည္..ၾကင္နာသည္…သစၥာရွိသည္.. ဘယ္ေလာက္ပဲ သူ႔အခ်ိန္ေတြ အကုန္လံုး ကိုယ္နဲ႔ပဲရွိပါသည္.. ဆိုပါေစ.. သူတို႔ ေယာက်ာ္းေလး ေဘာ္ဒါေတြခ်ည္းပဲ Hang Out တဲ့ အခ်ိန္ဆိုတာ ရွိပါတယ္..Gamer ေတြဆိုလည္း Gameဆိုင္မွာ ေဘာ္ဒါေတြနဲ႔ အခ်ိန္ျဖဳန္းတာေပါ့.. အားကစားသမားေတြဆိုလည္း ေဘာလံုးကန္တာ ေရကူးတာ စသျဖင့္ သူတို႔ေယာက်ာ္းေတြခ်ည္းပဲ ဆံုတဲ့ အခ်ိန္ဆိုတာ ဘယ္ေလာက္ပဲ ကိုယ့္ကို ဘဝႀကီး ပံုအပ္ၿပီး ေပးထားပါေစ..အဲလို အခ်ိန္ေလးေတြ နဲနဲေတာ့ သူတို႔မွာရွိတယ္ ..

■အဲဒီ့အခါၾကေတာ့ ဘာျဖစ္လာသလဲဆိုေတာ့ ေယာက်ာ္းတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ သူ႔လြတ္လပ္ခြင့္ေတြ ဆံုးရံႈးတယ္ေျပာဦး..သူတို႔မွာ စကားေျပာေဖာ္ ရယ္ေမာေဖာ္ အခ်ိန္ျဖဳန္းေဖာ္ ေဘာ္ဒါလက္တစ္ဆုပ္စာေတာ့ ရွိေသးတယ္..
ခ်စ္သူအလိုက် ဘယ္မွ အျပင္မသြား.. social media ေပၚကလဲြ အျပင္မွာ တကယ့္ အေပါင္းအသင္းမရွိ.. တျခားစိတ္ေပ်ာ္ရႊင္စရာရယ္လို႔ ဘာမွမရွိတဲ့ မိန္းကေလးေတြ ခမ်ာမွာေတာ့ တစ္ဆထက္တစ္ဆ ဒီေယာက်ာ္းတစ္ေယာက္ထဲ အေပၚကိုပဲ စိတ္ေတြအကုန္ ပံုအပ္ၿပီး ႏွစ္ထားတတ္ၾကတယ္.. ဒီေယာက်ာ္းဆီကပဲ ေမၽွာ္လင့္လာတတ္ၾကတယ္.. စိတ္ညစ္စရာ မွန္သမၽွလဲ ဒီေယာက်ာ္းကိုပဲ ရင္ဖြင့္တိုင္ပင္လာတတ္ၾကတယ္.. အဲဒါအျပင္ အိမ္တြင္းေအာင္းေနေတာ့ ေခတ္ေရစီးေၾကာင္းအမွီမလိုက္ႏိုင္…Fashionကမက်.. ၾကာေလ..ၾကာေလ.. လူေတာမတိုးျဖစ္လာ.. ေနာက္ဆံုး.. ကိုယ့္ကိုယ္ကို ယံုၾကည္မႈပါ တေျဖးေျဖး ေပ်ာက္ဆံုးလာတတ္ျကတယ္..

■အဲဒီအခါမွာ ျပသနာက စေတာ့တာပါပဲ… ေယာက်ာ္းကလဲြ က်န္တာ ဘာမွမသိေတာ့.. ကိုယ့္ေပ်ာ္ရႊင္မႈေတြအကုန္ ေယာက်ာ္းဆီကပဲ ေမၽွာ္လင့္လာတဲ့အခါ.. ဝမ္းနည္းစရာေတြကို ဒီေယာက်ာ္းကိုပဲ ေျပာလာရတဲ့အခါ… ဒီလူတစ္ေယာက္ဆီကပဲ လိုခ်င္တာေတြ အမ်ားႀကီးျဖစ္သြားတယ္…

■တစ္ခါတစ္ရံ ကိုယ့္ကိုယ္ကိုေတာင္ အလိုမက်တဲ့ ေလာကႀကီးမွာ လူတစ္ေယာက္ထဲက ကိုယ့္ကိုယ္ျဖည့္ဆည္းေပးႏိုင္ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ ကိစၥပါ..

■ဆိုပါစို႔…. ကိုယ္နဲ႔ေတြ႕ေနၾကရက္ရွိမယ္.. တစ္ရက္မွာ သူက ကိစၥတစ္ခုခု ရွိ၍ေသာ္လည္းေကာင္း တစ္ျခားအေၾကာင္းျပခ်က္ တစ္ခုခုေၾကာင့္ ေသာ္လည္းေကာင္း ကိုယ့္ကို အခ်ိန္မေပးႏိုင္ ကိုယ့္ဆီမလာႏိုင္တဲ့အခါ … ကိုယ့္စိတ္မွာ အလိုမက်ေတာ့ဘူး..

■ေယာက်ာ္းေလးဘက္ကၾကည့္ျပန္ရင္လည္း ဟုတ္ပါတယ္.. တစ္ခါတစ္ေလေတာ့လဲ အလုပ္ကိစၥေၾကာင့္ပဲျဖစ္ျဖစ္ အခ်ိန္မေပးႏိုင္တာမ်ိဳး ရွိဦးမွာပဲေလ.. မိန္းကေလးဘက္ကၾကည့္ျပန္ေတာ့လည္း သူ႔ခမ်ာ ေပ်ာ္စရာ အခ်ိန္ဆိုလို႔ ခ်စ္သူနဲ႔ ေတြ႕တဲ့ အခ်ိန္ကေလးပဲ ရွိတာ.. ခ်စ္သူက ေပၚမလာဘူးဆိုတာနဲ႔ သူ႔မွာ တျခားေပ်ာ္စရာ အခ်ိန္ျဖဳန္းစရာ အစားထိုးစရာရယ္လို႔ မရွိေတာ့တာ လိုတာထက္ပိုၿပီးေတာ့ စိတ္ထိခိုက္ဝမ္းနည္း ရတာေပါ့.. အဲလိုနဲ႔ပဲ စိတ္အလိုမက် အဖုအထစ္ေတြျဖစ္ စကားထဲမွာ ရန္ၿငိဳးပါ စကားေတြမ်ားၾက.. ျပသနာ တက္ၾကနဲ႔ အက္ေၾကာင္းေတြ ထပ္လာရတာပဲ..

■အမွန္တကယ္ဆို ဒီမိန္းကေလးမွာ အရင္လိုပဲ သူငယ္ခ်င္း အေပါင္းအသင္းေတြ ရွိဦးမယ္ ဆိုပါစို႔..
ကိုယ့္ကို ေပ်ာ္ရႊင္ေစႏိုင္တဲ့ သူငယ္ခ်င္းဆိုတာ တစ္ေယာက္ရွိမယ္..
အၾကံေပးႏိုင္မယ့္ သူငယ္ခ်င္းဆိုတာ တစ္ေယာက္ရွိမယ္..
အားကိုးရမယ့္ သူငယ္ခ်င္းဆိုတာ တစ္ေယာက္ရွိမယ္..
အခ်ိန္ျဖဳန္ေပးႏိုင္မယ့္ သူငယ္ခ်င္းဆိုတာ တစ္ေယာက္ရွိမယ္.. အဲလို ကိုယ္လိုအပ္တာ နဲနဲစီ တစ္ေယာက္ခ်င္းစီက ရႏိုင္မယ္ဆိုရင္ ယူရတဲ့ ကိုယ့္အတြက္လဲ ျပည့္စံုသလို.. ေပးရတဲ့ သူငယ္ခ်င္းအတြက္လည္း မပင္ပန္းေတာ့ဘူးေပါ့..

■ဒီလို ခ်စ္သူက အခ်ိန္မေပးႏိုင္တဲ့အခါမ်ိဳးေတြမွာ တစ္ေယာက္ထဲ စိတ္ထိခိုက္ ေဒါသျဖစ္ေနမယ့္အစား အခ်ိန္ျဖဳန္းေပးႏိုင္မယ့္ သူငယ္ခ်င္းနဲ႔ မုန္႔သြားစားတာပဲျဖစ္ျဖစ္ Shoppingထြက္တာပဲ ျဖစ္ျဖစ္ တစ္ခုခုလုပ္ေနလိုက္ရင္ စိတ္သက္သာရာ ရမယ္ေလ…

■ေနာက္တစ္ခုက ေယာက်ာ္းေလးေတြရဲ႕ ဦးေႏွာက္တည္ေဆာက္မႈအရ သူတို႔က ဆံုးျဖတ္ခ်ပ္ခ်ရာမွာ ျမန္တယ္.. ျပတ္သားတယ္.. ဒါေပမယ့္ တစ္ခုထဲအေပၚပဲ အာရံုစိုက္ႏိုင္တယ္ .. ဒါေၾကာင့္ မိန္းကေလးေတြ အေနနဲ႔ သိထားသင့္တာက ကိုယ္နဲ႔ ဘယ္ေလာက္ပဲ ရန္ျဖစ္ထားပါေစ.. သူ႔ေဘာ္ဒါေတြနဲ႔ Hang Out လုပ္ေနတဲ့ အခ်ိန္မွာ ကိုယ္နဲ႔ ရန္ျဖစ္ထားတဲ့ စိတ္ညစ္စရာေတြကို လံုးဝအရွင္းႀကီး မဟုတ္ရင္ေတာင္မွ ေတာ္ေတာ္ေလးေမ့ေနမွာျဖစ္တယ္ .. ေဘာ္ဒါေတြနဲ႔ လမ္းခဲြၿပီး အိမ္ျပန္ေရာက္မွသာ သတိရခ်င္ ရေနမွာ..

■မိန္းကေလးေတြ ဦးေႏွာက္ၾကေတာ့ multi tasking ရတယ္ .. မိန္းမေတြက ဟင္းခ်က္ရင္း ဖုန္းေျပာႏိုင္တယ္.. သေဘာတစ္ခုက အလုပ္ႏွစ္ခုကို တစ္ၿပိဳင္ထဲ ေတြးႏိုင္ လုပ္ႏိုင္တယ္.. ဒါေၾကာင့္ သူငယ္ခ်င္းနဲ႔ ေပ်ာ္ေနရင္ေတာင္ ခ်စ္သူနဲ႔ ရန္ျဖစ္ထားတာကို တစိမ့္စိမ့္ေတြးမိေနဦးမွာပဲ…

■ဘဝမွာ သူတစ္ယာက္ထဲဆိုတဲ့ အေျခအေန ျဖစ္သြားၿပီဆိုရင္ ျပန္အဖတ္ဆယ္မယ္ ဆိုရင္ေတာင္မွ မိန္းကေလးအေနနဲ႔ တစိမ့္စိမ့္ေတြးမိေနတဲ့ ဒုကၡေတြကို ႀကိတ္ခံရမွာ.. ေနာက္ၿပီး အဲ့လို အခ်ိန္က်မွ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ အျပင္သြားမယ္ဆိုရင္ ခ်စ္သူဆီက ” နင္… ဘာလို႔သြားတာလဲ” “ေစာက္ရဲြ႕တိုက္တာလား” စတဲ့ ရန္စကားေတြ ၾကားရ.. ေျဖရွင္းရ.. ျဖစ္ႏိုင္တာမို႔ အရမ္းပင္ပန္းပါတယ္.. ကံဆိုးရင္ လံုးဝ ျပန္အဖတ္ဆယ္ မရတာမ်ိဳးေတာင္ ျဖစ္ႏိုင္ပါတယ္.. ဒါေၾကာင့္မို႔ အဲ့ဒီ့ အေျခအေန အျဖစ္မခံတာ အေကာင္ဆံုးပါပဲ…

■ခု.. ဒီစာကို ဖတ္ေနခ်ိန္ ငါ ဒီလို အေျခအေနပါလားလို႔ ေတြးမိရင္ အရင္ဆံုး ေျပာခ်င္တာက စိတ္ေလၽွာ့လိုက္ပါ.. ကိုယ္ ေမၽွာ္လင့္တာေတြ သိပ္မ်ားေနတယ္ ဆိုတာ သတိရပါ.. ကိုယ္လည္း စိတ္သက္သာေအာင္ ျပသနာေတြလည္း ရွက္သြားေအာင္ ေျဖရွင္းႏိုင္တဲ့ အေကာင္းဆံုးနည္းကေတာ့..

■Get A Life Without Him….!!


■ကိုယ္ေမၽွာ္လင့္သလို ျဖစ္မလာဘူး… သူ႔ဘက္က တမင္ ႏိုင္လို႔ရမွန္းသိလို႔ မလုပ္ေပးတာလဲ ျဖစ္ခ်င္ျဖစ္မယ္.. ကိစၥရွိလို႔လဲ ျဖစ္ခ်င္ျဖစ္မယ္.. ဘာေၾကာင့္ပဲျဖစ္ျဖစ္.. ရဲြ႕ေစာင္းေျပာေနရင္ ျပသနာျဖစ္မယ္.. ျပသနာျဖစ္ရင္ ကိုယ္ပဲ စိတ္ဆင္းရဲရလိမ့္မယ္.. ဒါေၾကာင့္ လႊတ္ေပးလိုက္ပါ… ထားလိုက္ပါေတာ့… သူ႔သေဘာနဲ႔သူ လုပ္ခ်င္ရာ လုပ္ပါေစ..

■သူငယ္ခ်င္းေတြကို ျပန္ဆက္သြယ္ပါ.. ျဖစ္ႏိုင္ရင္ ေယာက်ာ္းေလး မိန္းကေလး အားလံုးကို ျပန္ဆက္သြယ္ပါ.. တကယ္လို႔ ခ်စ္သူနဲ႔ အႏၱရာယ္မ်ားႏိုင္တယ္ဆိုရင္ မိန္းကေလးေတြကို စ ဆက္သြယ္ပါ.. စကားေျပာပါ.. တစ္ရက္ေတြ႕ရေအာင္ ခ်ိန္းပါ..

■ကိုယ့္ကိုယ္ကို အလွဆံုးျဖစ္ေအာင္ ျပင္ဆင္ပါ.. “Know that YOU are BEAUTIFUL…” သူ အသိအမွတ္ မျပဳလည္း သူ မေျပာလည္း ငါဟာ ငယ္ရြယ္ ႏုပ်ိဳ လွပေနေသးတယ္ ဆိုတာ သတိထားၾကည့္ပါ.. ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ျပန္ေမြးျမဴပါ…

■သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ ေလၽွာက္သြားပါ… Lunch,Dinner,Shopping,Clubbing as much fan as possible… သူနဲ႔ ျပသနာ မတတ္ႏိုင္ေလာက္သေရြ႕ သြားပါ.. ေပ်ာ္ပါ.. သူနဲ႔ ေပ်ာ္ရတာလို အေပ်ာ္ခ်င္း မတူေပမယ့္ သူငယ္ခ်င္းေတြနဲ အခ်ိန္ျဖဳန္းရတာလည္း ေပ်ာ္စရာတခ်ိဳ႕နဲ႔ စိတ္ေက်နပ္မႈတခ်ိဳ႕ ရွိတယ္ ဆိုတာ သတိထားၾကည့္ပါ.. ေကာင္ေလးတခ်ိဳ႕ ကိုယ့္ကို ရိႈးသြားတယ္ဆိုတာ သတိထားၾကည့္ပါ.. ဒီအခ်ိန္ၾကရင္ လြတ္လြတ္လပ္လပ္ျပံဳးပါ.. “Know That You’re still wanted by guys..!!”
ဒီလိုေျပာလို႔ ေဖာက္ျပန္ဖို႔ အသစ္ထားဖို႔.. ဇယားေတြ ထားဖို႔ ေျပာတာ မဟုတ္ဘူးေနာ္ …

■■ “”ဘယ္ေတာ့မွ သစၥာေဖာက္ဖို႔ မစဥ္းစားရဘူး… ကိုယ္ ေပ်ာ္ရႊင္ဖို႔ ကိုယ့္ဘဝသာယာဖို႔ ေယာက်ာ္းတစ္ေယာက္ရွိမွ ျဖစ္တာ မဟုတ္ဘူး. .. ခုခ်ိန္ဟာ ဒီေယာက်ာ္းတစ္ေယာက္ မရွိလဲ ငါဟာငါပဲ ဆိုတဲ့ Confidence ကို ျပန္ရွာေနတာ…! သူ႔ကို ရဲြ႕ဖို႔ .. အစားထို႔ဖို႔ အသစ္တစ္ေယာက္ ရွာေနတာ မဟုတ္ဘူး…. “” ■■■■■

■ဒီလို အခ်ိန္မွာ ကိုယ့္ကို ကုစားေနတာ မသိဘဲ သူ႔ကို ရဲြ႕ေနတယ္ ထင္ၿပီး သူ႔ဘက္က တန္ျပန္တိုက္ခိုက္လာတာေတြ ရွိလာတယ္.. မိန္းကေလးေတြကို စကားေျပာတာမ်ိဳး.. စကားေတြမွာ ခနဲ႔ လာတာမ်ိဳးေတြေပါ့.. ျဖစ္ႏိုင္ရင္ ဘာမွ ေျဖရွင္းမေနပါနဲ႔… ဘာမွလည္း တုံ႔ျပန္မေနပါနဲ႔… ငါ ဘယ္ေတာ့မွ သစၥာမေဖာက္ဘူးဆိုတဲ့ ကတိတစ္ခုသာ ေပးၿပီးေနလိုက္ပါ.. အခ်ိန္တန္ရင္ သူ႔ကိုရဲြ႕ေနတာ မဟုတ္ဘဲ.. ကိုယ့္နာက်င္မႈအတြက္ ကုစားေနမွန္း သူသေဘာေပါက္လာပါလိမ့္မယ္…

■ျဖစ္ႏိုင္ရင္ သူ႔ဆီက ဘာမွ မေမၽွာ္လင့္ပါနဲ႔.. သူေပးႏိုင္ရင္ ယူလိုက္ပါ.. သူမေပးႏိုင္ရင္ ေမ့ပစ္လိုက္ပါ… သူငယ္ခ်င္းေတြ ေပးတဲ့ အေပ်ာ္နဲ႔ အစားထိုးလိုက္ပါ… သူ႔ေၾကာင့္ ေပ်ာ္ရတာကို မမွီဘူးဆိုေပမယ့္ ဒီလိုပဲ ေရာင့္ရဲတင္းတိမ္လိုက္ပါ…

■ဒီလိုမ်ိဳးေနတာ အခ်ိန္ၾကာလာတာနဲ႔အမၽွ ကိုယ္လည္း ကိုယ့္ဘဝနဲ႔ကိုယ္ ေပ်ာ္တတ္လာမယ္.. သူ႔ကိုလဲ ေမၽွာ္လင့္ေတာင္းဆိုစရာေတြ မရွိေတာ့တဲ့အတြက္ ရန္ျဖစ္တာေတြ ျပသနာတတ္တာေတြ နည္းသြားလိမ့္မယ္… ဒါဆို သူေရာ ကိုယ္ေရာ.. ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပလာပါလိမ့္မယ္…

■ေနာက္အက်ိဳးဆက္တစ္ခုက Human Psychology အရ လူေတြဟာ သူတို႔ရွိမွျဖစ္တယ္ သူတို႔ကို ခင္မင္တြယ္တာမွီခိုေနတယ္ဆိုတာ သိရင္ တန္ဖိုး မထားတတ္ၾကပါဘူး… ပိုၿပီး ရင့္သီးေမာက္စြာ ဆက္ဆံတတ္ၾကတယ္.. ဒါ….. လူ႔သဘာဝပါ….

■ဒါေၾကာင့္.. ကိုယ္ဟာ ယံုၾကည္မႈအျပည့္ရွိၿပီး သူမရွိလည္း ဘာမွမျဖစ္.. ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ထားတဲ့ ရင့္က်က္တဲ့ မိန္းမတစ္ေယာက္ဆိုတာ သူသိလာတာနဲ႔ အမၽွ ကိုယ့္အေပၚကို ပိုတန္ဖိုးထား ဆက္ဆံတတ္လာပါလိမ့္မယ္ ….

■ဒါေၾကာင့္… မိန္းကေလးေတြ ေက်းဇူးျပဳၿပီး သူမပါတဲ့ ဘဝတစ္ခုရွိေအာင္ ႀကိဳးစားလိုက္ပါ.. မိန္းကေလးအားလံုး အတြက္ေပါ့…. တကယ္လို႔ ကံေကာင္းေထာက္မစြာ ကိုယ္ဟာ ျပန္အဖတ္ဆယ္ရတဲ့ အေျခအေနမဟုတ္ဘူးဆိုရင္ ေက်းဇူးျပဳၿပီး သတိထားေပးပါ… မိမိကိုယ္ကို ပိတ္ေလွာင္ျပတာဟာ သူတို႔ကို ခ်စ္တာနဲ႔ ဘာမွမဆိုင္ပါဘူးလို႔…. ဒါေၾကာင့္… အဲလို လုပ္မယ့္ စိတ္ကူးေတြကို ေျပာင္းပစ္လိုက္ပါ… သူ႔ကို တကယ္ခ်စ္ရင္ အနာဂတ္မွာ ေမၽွာ္လင့္ခ်က္မ်ားတဲ့ အတြက္ ျပသနာ တက္မလာေအာင္ ကိုယ့္ဘဝေလးကို အပ်က္စီး မခံပါနဲ႔လို႔……..

Girls… Please…. Please Get a Life withOut Him….!”"

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader

#Unicode Version
မိန်းကလေးတိုင်း ဒီစာလေးကို အချိန်ခဏလေးပေးပြီး ဖတ်ပေးပါ.. please.. စိတ်ခွန်အားတွေ တကယ် တိုးတက်လာမှာ အသေအချာပဲ.. အရမ်းကို တန်ဖိုးရှိလို့ပါ.. Strong Mind..

■အချိန်ကြာလာတာနဲ့အမျှ စုံတွဲတွေကြားဖြစ်တဲ့ ပြသနာရဲ့ ၉၀%က မိန်းမတွေရဲ့စိတ်ထဲ ဘာမျှော်လင့်လဲဆိုတာ ယောကျာ်းတွေ နားမလည်လို့ပါ..

■ဒီပြသနာရဲ့ အကြောင်းရင်းကိုပြောရမယ်ဆိုရင် ဟိုး..ချစ်စ ခင်စအချိန်ကိုပြန်သွားရမှာပဲ.. ယောကျာ်းတွေဟာ သဘာဝကြီးက ဖန်ဆင်းထားတဲ့ Alpha Male ဖြစ်တာကြောင့် စိုးမိုးချုပ်ကိုင်လိုစိတ် ရှိကြတယ်..

■ချစ်သူရည်းစား စဖြစ်ပြီဆိုရင် သူတို့ မိန်းကလေးကို စိတ်ပူ၍သော်၎င်း သူတို့အတ္တကြောင့်သော်၎င်း ယောကျာ်းလေး သူငယ်ချင်း မပေါင်းရဘူး ဘော်ဒါတွေနဲ့ အပြင်မသွားရဘူး သူမပါရင် Showပွဲ မသွားရဘူး Clubမတက်ရဘူး စသဖြင့် ချုပ်ထိန်းတတ်ကြတယ်..

■မိန်းကလေးတွေ အနေနဲ့ ကြတော့လည်း တစ်ခါတစ်လေမှာ ချစ်သူက မထိန်းချုပ်ရင်တောင် အရင်လိုမဟုတ်ဘဲ ယောကျာ်းလေး အပေါင်းအသင်းတွေရှောင်တာ “ကို/မောင် မပါလို့ သူငယ်ချင်းတွေ ခေါ်တာမလိုက်သွားဘူး..ကို/မောင်နဲ့ပဲ ဖုန်းပြော Chatting ထိုင်တော့မယ်..အပြင်သွားရင် စကားပြောဖို့ အချိန်တွေလျော့တယ်” စသည်ဖြင့် သူတို့ချစ်တာပြဖို့ လိမ်မာပြ ကြင်နာပြတတ်ကြတယ်..

■ပထမအစမှာတော့ ချစ်သူနဲ့ တစ်ဘဝဆိုတော့ ပျော်နေတတ်ကြတာပါပဲ.. ဒါပေမယ့် မိန်းကလေးတွေ မသိတဲ့ အချက်တစ်ချက်က ယောကျာ်းတစ်ယောက်ဟာ ဘယ်လောက်ပဲ ကိုယ့်ကို ချစ်သည်..ကြင်နာသည်…သစ္စာရှိသည်.. ဘယ်လောက်ပဲ သူ့အချိန်တွေ အကုန်လုံး ကိုယ်နဲ့ပဲရှိပါသည်.. ဆိုပါစေ.. သူတို့ ယောကျာ်းလေး ဘော်ဒါတွေချည်းပဲ Hang Out တဲ့ အချိန်ဆိုတာ ရှိပါတယ်..Gamer တွေဆိုလည်း Gameဆိုင်မှာ ဘော်ဒါတွေနဲ့ အချိန်ဖြုန်းတာပေါ့.. အားကစားသမားတွေဆိုလည်း ဘောလုံးကန်တာ ရေကူးတာ စသဖြင့် သူတို့ယောကျာ်းတွေချည်းပဲ ဆုံတဲ့ အချိန်ဆိုတာ ဘယ်လောက်ပဲ ကိုယ့်ကို ဘဝကြီး ပုံအပ်ပြီး ပေးထားပါစေ..အဲလို အချိန်လေးတွေ နဲနဲတော့ သူတို့မှာရှိတယ် ..

■အဲဒီ့အခါကြတော့ ဘာဖြစ်လာသလဲဆိုတော့ ယောကျာ်းတစ်ယောက်ဟာ ဘယ်လောက်ပဲ သူ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးတယ်ပြောဦး..သူတို့မှာ စကားပြောဖော် ရယ်မောဖော် အချိန်ဖြုန်းဖော် ဘော်ဒါလက်တစ်ဆုပ်စာတော့ ရှိသေးတယ်..
ချစ်သူအလိုကျ ဘယ်မှ အပြင်မသွား.. social media ပေါ်ကလွဲ အပြင်မှာ တကယ့် အပေါင်းအသင်းမရှိ.. တခြားစိတ်ပျော်ရွှင်စရာရယ်လို့ ဘာမှမရှိတဲ့ မိန်းကလေးတွေ ခမျာမှာတော့ တစ်ဆထက်တစ်ဆ ဒီယောကျာ်းတစ်ယောက်ထဲ အပေါ်ကိုပဲ စိတ်တွေအကုန် ပုံအပ်ပြီး နှစ်ထားတတ်ကြတယ်.. ဒီယောကျာ်းဆီကပဲ မျှော်လင့်လာတတ်ကြတယ်.. စိတ်ညစ်စရာ မှန်သမျှလဲ ဒီယောကျာ်းကိုပဲ ရင်ဖွင့်တိုင်ပင်လာတတ်ကြတယ်.. အဲဒါအပြင် အိမ်တွင်းအောင်းနေတော့ ခေတ်ရေစီးကြောင်းအမှီမလိုက်နိုင်…Fashionကမကျ.. ကြာလေ..ကြာလေ.. လူတောမတိုးဖြစ်လာ.. နောက်ဆုံး.. ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ တဖြေးဖြေး ပျောက်ဆုံးလာတတ်ကြတယ်..

■အဲဒီအခါမှာ ပြသနာက စတော့တာပါပဲ… ယောကျာ်းကလွဲ ကျန်တာ ဘာမှမသိတော့.. ကိုယ့်ပျော်ရွှင်မှုတွေအကုန် ယောကျာ်းဆီကပဲ မျှော်လင့်လာတဲ့အခါ.. ဝမ်းနည်းစရာတွေကို ဒီယောကျာ်းကိုပဲ ပြောလာရတဲ့အခါ… ဒီလူတစ်ယောက်ဆီကပဲ လိုချင်တာတွေ အများကြီးဖြစ်သွားတယ်…

■တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုတောင် အလိုမကျတဲ့ လောကကြီးမှာ လူတစ်ယောက်ထဲက ကိုယ့်ကိုယ်ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ..

■ဆိုပါစို့…. ကိုယ်နဲ့တွေ့နေကြရက်ရှိမယ်.. တစ်ရက်မှာ သူက ကိစ္စတစ်ခုခု ရှိ၍သော်လည်းကောင်း တစ်ခြားအကြောင်းပြချက် တစ်ခုခုကြောင့် သော်လည်းကောင်း ကိုယ့်ကို အချိန်မပေးနိုင် ကိုယ့်ဆီမလာနိုင်တဲ့အခါ … ကိုယ့်စိတ်မှာ အလိုမကျတော့ဘူး..

■ယောကျာ်းလေးဘက်ကကြည့်ပြန်ရင်လည်း ဟုတ်ပါတယ်.. တစ်ခါတစ်လေတော့လဲ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် အချိန်မပေးနိုင်တာမျိုး ရှိဦးမှာပဲလေ.. မိန်းကလေးဘက်ကကြည့်ပြန်တော့လည်း သူ့ခမျာ ပျော်စရာ အချိန်ဆိုလို့ ချစ်သူနဲ့ တွေ့တဲ့ အချိန်ကလေးပဲ ရှိတာ.. ချစ်သူက ပေါ်မလာဘူးဆိုတာနဲ့ သူ့မှာ တခြားပျော်စရာ အချိန်ဖြုန်းစရာ အစားထိုးစရာရယ်လို့ မရှိတော့တာ လိုတာထက်ပိုပြီးတော့ စိတ်ထိခိုက်ဝမ်းနည်း ရတာပေါ့.. အဲလိုနဲ့ပဲ စိတ်အလိုမကျ အဖုအထစ်တွေဖြစ် စကားထဲမှာ ရန်ငြိုးပါ စကားတွေများကြ.. ပြသနာ တက်ကြနဲ့ အက်ကြောင်းတွေ ထပ်လာရတာပဲ..

■အမှန်တကယ်ဆို ဒီမိန်းကလေးမှာ အရင်လိုပဲ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိဦးမယ် ဆိုပါစို့..
ကိုယ့်ကို ပျော်ရွှင်စေနိုင်တဲ့ သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်..
အကြံပေးနိုင်မယ့် သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်..
အားကိုးရမယ့် သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်..
အချိန်ဖြုန်ပေးနိုင်မယ့် သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်.. အဲလို ကိုယ်လိုအပ်တာ နဲနဲစီ တစ်ယောက်ချင်းစီက ရနိုင်မယ်ဆိုရင် ယူရတဲ့ ကိုယ့်အတွက်လဲ ပြည့်စုံသလို.. ပေးရတဲ့ သူငယ်ချင်းအတွက်လည်း မပင်ပန်းတော့ဘူးပေါ့..

■ဒီလို ချစ်သူက အချိန်မပေးနိုင်တဲ့အခါမျိုးတွေမှာ တစ်ယောက်ထဲ စိတ်ထိခိုက် ဒေါသဖြစ်နေမယ့်အစား အချိန်ဖြုန်းပေးနိုင်မယ့် သူငယ်ချင်းနဲ့ မုန့်သွားစားတာပဲဖြစ်ဖြစ် Shoppingထွက်တာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်နေလိုက်ရင် စိတ်သက်သာရာ ရမယ်လေ…

■နောက်တစ်ခုက ယောကျာ်းလေးတွေရဲ့ ဦးနှောက်တည်ဆောက်မှုအရ သူတို့က ဆုံးဖြတ်ချပ်ချရာမှာ မြန်တယ်.. ပြတ်သားတယ်.. ဒါပေမယ့် တစ်ခုထဲအပေါ်ပဲ အာရုံစိုက်နိုင်တယ် .. ဒါကြောင့် မိန်းကလေးတွေ အနေနဲ့ သိထားသင့်တာက ကိုယ်နဲ့ ဘယ်လောက်ပဲ ရန်ဖြစ်ထားပါစေ.. သူ့ဘော်ဒါတွေနဲ့ Hang Out လုပ်နေတဲ့ အချိန်မှာ ကိုယ်နဲ့ ရန်ဖြစ်ထားတဲ့ စိတ်ညစ်စရာတွေကို လုံးဝအရှင်းကြီး မဟုတ်ရင်တောင်မှ တော်တော်လေးမေ့နေမှာဖြစ်တယ် .. ဘော်ဒါတွေနဲ့ လမ်းခွဲပြီး အိမ်ပြန်ရောက်မှသာ သတိရချင် ရနေမှာ..

■မိန်းကလေးတွေ ဦးနှောက်ကြတော့ multi tasking ရတယ် .. မိန်းမတွေက ဟင်းချက်ရင်း ဖုန်းပြောနိုင်တယ်.. သဘောတစ်ခုက အလုပ်နှစ်ခုကို တစ်ပြိုင်ထဲ တွေးနိုင် လုပ်နိုင်တယ်.. ဒါကြောင့် သူငယ်ချင်းနဲ့ ပျော်နေရင်တောင် ချစ်သူနဲ့ ရန်ဖြစ်ထားတာကို တစိမ့်စိမ့်တွေးမိနေဦးမှာပဲ…

■ဘဝမှာ သူတစ်ယာက်ထဲဆိုတဲ့ အခြေအနေ ဖြစ်သွားပြီဆိုရင် ပြန်အဖတ်ဆယ်မယ် ဆိုရင်တောင်မှ မိန်းကလေးအနေနဲ့ တစိမ့်စိမ့်တွေးမိနေတဲ့ ဒုက္ခတွေကို ကြိတ်ခံရမှာ.. နောက်ပြီး အဲ့လို အချိန်ကျမှ ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်ဆိုရင် ချစ်သူဆီက ” နင်… ဘာလို့သွားတာလဲ” “စောက်ရွဲ့တိုက်တာလား” စတဲ့ ရန်စကားတွေ ကြားရ.. ဖြေရှင်းရ.. ဖြစ်နိုင်တာမို့ အရမ်းပင်ပန်းပါတယ်.. ကံဆိုးရင် လုံးဝ ပြန်အဖတ်ဆယ် မရတာမျိုးတောင် ဖြစ်နိုင်ပါတယ်.. ဒါကြောင့်မို့ အဲ့ဒီ့ အခြေအနေ အဖြစ်မခံတာ အကောင်ဆုံးပါပဲ…

■ခု.. ဒီစာကို ဖတ်နေချိန် ငါ ဒီလို အခြေအနေပါလားလို့ တွေးမိရင် အရင်ဆုံး ပြောချင်တာက စိတ်လျှော့လိုက်ပါ.. ကိုယ် မျှော်လင့်တာတွေ သိပ်များနေတယ် ဆိုတာ သတိရပါ.. ကိုယ်လည်း စိတ်သက်သာအောင် ပြသနာတွေလည်း ရှက်သွားအောင် ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းကတော့..

■Get A Life Without Him….!!


■ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူး… သူ့ဘက်က တမင် နိုင်လို့ရမှန်းသိလို့ မလုပ်ပေးတာလဲ ဖြစ်ချင်ဖြစ်မယ်.. ကိစ္စရှိလို့လဲ ဖြစ်ချင်ဖြစ်မယ်.. ဘာကြောင့်ပဲဖြစ်ဖြစ်.. ရွဲ့စောင်းပြောနေရင် ပြသနာဖြစ်မယ်.. ပြသနာဖြစ်ရင် ကိုယ်ပဲ စိတ်ဆင်းရဲရလိမ့်မယ်.. ဒါကြောင့် လွှတ်ပေးလိုက်ပါ… ထားလိုက်ပါတော့… သူ့သဘောနဲ့သူ လုပ်ချင်ရာ လုပ်ပါစေ..

■သူငယ်ချင်းတွေကို ပြန်ဆက်သွယ်ပါ.. ဖြစ်နိုင်ရင် ယောကျာ်းလေး မိန်းကလေး အားလုံးကို ပြန်ဆက်သွယ်ပါ.. တကယ်လို့ ချစ်သူနဲ့ အန္တရာယ်များနိုင်တယ်ဆိုရင် မိန်းကလေးတွေကို စ ဆက်သွယ်ပါ.. စကားပြောပါ.. တစ်ရက်တွေ့ရအောင် ချိန်းပါ..

■ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင် ပြင်ဆင်ပါ.. “Know that YOU are BEAUTIFUL…” သူ အသိအမှတ် မပြုလည်း သူ မပြောလည်း ငါဟာ ငယ်ရွယ် နုပျို လှပနေသေးတယ် ဆိုတာ သတိထားကြည့်ပါ.. ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်မွေးမြူပါ…

■သူငယ်ချင်းတွေနဲ့ အပြင်ထွက် လျှောက်သွားပါ… Lunch,Dinner,Shopping,Clubbing as much fan as possible… သူနဲ့ ပြသနာ မတတ်နိုင်လောက်သရွေ့ သွားပါ.. ပျော်ပါ.. သူနဲ့ ပျော်ရတာလို အပျော်ချင်း မတူပေမယ့် သူငယ်ချင်းတွေနဲ အချိန်ဖြုန်းရတာလည်း ပျော်စရာတချို့နဲ့ စိတ်ကျေနပ်မှုတချို့ ရှိတယ် ဆိုတာ သတိထားကြည့်ပါ.. ကောင်လေးတချို့ ကိုယ့်ကို ရှိုးသွားတယ်ဆိုတာ သတိထားကြည့်ပါ.. ဒီအချိန်ကြရင် လွတ်လွတ်လပ်လပ်ပြုံးပါ.. “Know That You’re still wanted by guys..!!”
ဒီလိုပြောလို့ ဖောက်ပြန်ဖို့ အသစ်ထားဖို့.. ဇယားတွေ ထားဖို့ ပြောတာ မဟုတ်ဘူးနော် …

■■ “”ဘယ်တော့မှ သစ္စာဖောက်ဖို့ မစဉ်းစားရဘူး… ကိုယ် ပျော်ရွှင်ဖို့ ကိုယ့်ဘဝသာယာဖို့ ယောကျာ်းတစ်ယောက်ရှိမှ ဖြစ်တာ မဟုတ်ဘူး. .. ခုချိန်ဟာ ဒီယောကျာ်းတစ်ယောက် မရှိလဲ ငါဟာငါပဲ ဆိုတဲ့ Confidence ကို ပြန်ရှာနေတာ…! သူ့ကို ရွဲ့ဖို့ .. အစားထို့ဖို့ အသစ်တစ်ယောက် ရှာနေတာ မဟုတ်ဘူး…. “” ■■■■■

■ဒီလို အချိန်မှာ ကိုယ့်ကို ကုစားနေတာ မသိဘဲ သူ့ကို ရွဲ့နေတယ် ထင်ပြီး သူ့ဘက်က တန်ပြန်တိုက်ခိုက်လာတာတွေ ရှိလာတယ်.. မိန်းကလေးတွေကို စကားပြောတာမျိုး.. စကားတွေမှာ ခနဲ့ လာတာမျိုးတွေပေါ့.. ဖြစ်နိုင်ရင် ဘာမှ ဖြေရှင်းမနေပါနဲ့… ဘာမှလည်း တုံ့ပြန်မနေပါနဲ့… ငါ ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတဲ့ ကတိတစ်ခုသာ ပေးပြီးနေလိုက်ပါ.. အချိန်တန်ရင် သူ့ကိုရွဲ့နေတာ မဟုတ်ဘဲ.. ကိုယ့်နာကျင်မှုအတွက် ကုစားနေမှန်း သူသဘောပေါက်လာပါလိမ့်မယ်…

■ဖြစ်နိုင်ရင် သူ့ဆီက ဘာမှ မမျှော်လင့်ပါနဲ့.. သူပေးနိုင်ရင် ယူလိုက်ပါ.. သူမပေးနိုင်ရင် မေ့ပစ်လိုက်ပါ… သူငယ်ချင်းတွေ ပေးတဲ့ အပျော်နဲ့ အစားထိုးလိုက်ပါ… သူ့ကြောင့် ပျော်ရတာကို မမှီဘူးဆိုပေမယ့် ဒီလိုပဲ ရောင့်ရဲတင်းတိမ်လိုက်ပါ…

■ဒီလိုမျိုးနေတာ အချိန်ကြာလာတာနဲ့အမျှ ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ် ပျော်တတ်လာမယ်.. သူ့ကိုလဲ မျှော်လင့်တောင်းဆိုစရာတွေ မရှိတော့တဲ့အတွက် ရန်ဖြစ်တာတွေ ပြသနာတတ်တာတွေ နည်းသွားလိမ့်မယ်… ဒါဆို သူရော ကိုယ်ရော.. နှစ်ဦးနှစ်ဖက် အဆင်ပြေလာပါလိမ့်မယ်…

■နောက်အကျိုးဆက်တစ်ခုက Human Psychology အရ လူတွေဟာ သူတို့ရှိမှဖြစ်တယ် သူတို့ကို ခင်မင်တွယ်တာမှီခိုနေတယ်ဆိုတာ သိရင် တန်ဖိုး မထားတတ်ကြပါဘူး… ပိုပြီး ရင့်သီးမောက်စွာ ဆက်ဆံတတ်ကြတယ်.. ဒါ….. လူ့သဘာဝပါ….

■ဒါကြောင့်.. ကိုယ်ဟာ ယုံကြည်မှုအပြည့်ရှိပြီး သူမရှိလည်း ဘာမှမဖြစ်.. ကိုယ့်ကိုယ်ကို ပျော်အောင်ထားတဲ့ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ဆိုတာ သူသိလာတာနဲ့ အမျှ ကိုယ့်အပေါ်ကို ပိုတန်ဖိုးထား ဆက်ဆံတတ်လာပါလိမ့်မယ် ….

■ဒါကြောင့်… မိန်းကလေးတွေ ကျေးဇူးပြုပြီး သူမပါတဲ့ ဘဝတစ်ခုရှိအောင် ကြိုးစားလိုက်ပါ.. မိန်းကလေးအားလုံး အတွက်ပေါ့…. တကယ်လို့ ကံကောင်းထောက်မစွာ ကိုယ်ဟာ ပြန်အဖတ်ဆယ်ရတဲ့ အခြေအနေမဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး သတိထားပေးပါ… မိမိကိုယ်ကို ပိတ်လှောင်ပြတာဟာ သူတို့ကို ချစ်တာနဲ့ ဘာမှမဆိုင်ပါဘူးလို့…. ဒါကြောင့်… အဲလို လုပ်မယ့် စိတ်ကူးတွေကို ပြောင်းပစ်လိုက်ပါ… သူ့ကို တကယ်ချစ်ရင် အနာဂတ်မှာ မျှော်လင့်ချက်များတဲ့ အတွက် ပြသနာ တက်မလာအောင် ကိုယ့်ဘဝလေးကို အပျက်စီး မခံပါနဲ့လို့……..

Girls… Please…. Please Get a Life withOut Him….!”"


ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top