Property Expo
×

ကေလးရဖို႔အလားအလာရိွတဲ့ ေနာက္ဆုံးရက္မွာဆိုရင္ ကေလးဟာ မိန္းကေလးလား ေယာက်ၤားေလးျဖစ္မလားဆိုတာ ၅၀% စီပဲရိွပါေသးတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ ပိုလိုခ်င္တဲ့ လိင္ျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္တဲ့နည္းလမ္းေတြေတာ့ ရိွပါတယ္။ သင္ေမြးမယ့္ကေလးဟာ မိန္းကေလး ဒါမွမဟုတ္ ေယာက်ၤားေလးလား ဆိုတဲ့ေနရာမွာ သင့္စားေသာက္တဲ့ အစားအစာေပၚမွာ အမ်ားၾကီး မူတည္ပါတယ္။ ဒီနည္းစနစ္ဟာ ၁၀၀%ေတာ့ မွန္ကန္မႈမရိွေပမယ့္ မိမိႏွစ္သက္တဲ့ ကေလးရႏုိင္ဖို႔အတြက္ ဇနီးေမာင္ႏွံေတြ အသုံးမ်ားတဲ့ နည္းစနစ္ျဖစ္ပါတယ္။

ေယာက်ၤားေလးျဖစ္ေစႏိုင္တဲ့ Y chromosomeကို သယ္ေဆာင္တဲ့ sperm ဟာေသးငယ္ျပီးေတာ့ ေပါ့ပါးသြက္လက္တဲ့အတြက္ သက္တမ္းမကုန္ဆုံးခင္မွာ မဥေၾကြတဲ့ေနရာကို အျမန္ဆုံးေရာက္ႏိုင္ပါတယ္။ ဒီလိုနဲ႔အျမန္ဆုံးေရာက္ႏိုင္ဖို႔အတြက္ သူ႔ရဲ႕ပတ္ဝန္းက်င္မွာAlkaline ေတြ  ရိွေနဖို႔လိုအပ္ပါတယ္။

မိန္းကေလးျဖစ္ေစႏိုင္တဲ့ X chromosomeကို သယ္ေဆာင္တဲ့ spermေတြက်ေတာ့ အရြယ္အစားပိုၾကီးျပီး ေႏွးေကြးပါတယ္။ အဲဒါေၾကာင့္လည္း ပန္းတိုင္ကိုေရာက္ဖို႔ အခ်ိန္ပိုၾကာေစပါတယ္။ ဒါေပမယ့္ သက္တမ္းပိုရွည္ေနတာကို ေတြ႕ရိွရျပန္ပါတယ္။ မဥေၾကြတဲ့ေနရာေရာက္ဖို႔အတြက္ သူတို႔ရဲ႕ ပတ္ဝန္းက်င္မွာ Acid ေတြ လိုအပ္ပါတယ္။ ဒါဆိုရင္ေတာ့ သင့္အေနနဲ႔ ကေလးရဲ႕လိင္ကိုေရြးခ်ယ္ဖို႔ အစားအေသာက္နဲ႔ အားထုတ္လို႔ရျပီေပါ့။

ေယာက်ၤားေလးေမြးႏိုင္ဖို႔အတြက္ စားသင့္တဲ့အစားအစာ

Potassium နဲ႔ sodium ပါတဲ့အစားအစာေတြကို ေရြးခ်ယ္သင့္ပါတယ္။ အက္စစ္ပါဝင္ႏႈန္းတဲ့အတြက္ Alkaline မ်ားလာဖို႔ အားေပးပါတယ္။ အဲဒါေၾကာင့္ ငွက္ေပ်ာ္သီး၊ ေျပာင္းဖူး၊ အနီေရာင္အသား၊ နဲ႔ အူအစာသြပ္ထားတဲ့ အစားအစာေတြကို မ်ားမ်ားစားသုံးဖို႔ပဲျဖစ္ပါတယ္။

မိန္းကေလးေမြးႏုိင္ဖို႔အတြက္ စားသင့္တဲ့အစားအစာ

ေရြးခ်ယ္ရမွာကေတာ့ အက္စစ္ဓါတ္မ်ားတဲ့ အစားအစာေတြပဲျဖစ္ပါတယ္။ ပန္းမုံလာဟာ အသင့္ေတာ္ဆုံး ဥပမာပဲျဖစ္ပါတယ္။ ျပီးေတာ့ စပ်စ္သီး၊ ပန္းသီး၊ ႏို႔ထြက္ပစၥည္းမ်ား၊ ငါး၊ နဲ႔ ဟင္းသီးဟင္းရြက္ေတြကို ပိုျပီးေတာ့ စားသုံးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောကျၤားလေးဖြစ်မလားဆိုတာ ၅၀% စီပဲရှိပါသေးတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့ လိင်ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေတော့ ရှိပါတယ်။ သင်မွေးမယ့်ကလေးဟာ မိန်းကလေး ဒါမှမဟုတ် ယောကျၤားလေးလား ဆိုတဲ့နေရာမှာ သင့်စားသောက်တဲ့ အစားအစာပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီနည်းစနစ်ဟာ ၁၀၀%တော့ မှန်ကန်မှုမရှိပေမယ့် မိမိနှစ်သက်တဲ့ ကလေးရနိုင်ဖို့အတွက် ဇနီးမောင်နှံတွေ အသုံးများတဲ့ နည်းစနစ်ဖြစ်ပါတယ်။

ယောကျၤားလေးဖြစ်စေနိုင်တဲ့ Y chromosomeကို သယ်ဆောင်တဲ့ sperm ဟာသေးငယ်ပြီးတော့ ပေါ့ပါးသွက်လက်တဲ့အတွက် သက်တမ်းမကုန်ဆုံးခင်မှာ မဥကြွေတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ပါတယ်။ ဒီလိုနဲ့အမြန်ဆုံးရောက်နိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်မှာAlkaline တွေ  ရှိနေဖို့လိုအပ်ပါတယ်။

မိန်းကလေးဖြစ်စေနိုင်တဲ့ X chromosomeကို သယ်ဆောင်တဲ့ spermတွေကျတော့ အရွယ်အစားပိုကြီးပြီး နှေးကွေးပါတယ်။ အဲဒါကြောင့်လည်း ပန်းတိုင်ကိုရောက်ဖို့ အချိန်ပိုကြာစေပါတယ်။ ဒါပေမယ့် သက်တမ်းပိုရှည်နေတာကို တွေ့ရှိရပြန်ပါတယ်။ မဥကြွေတဲ့နေရာရောက်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ Acid တွေ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ ကလေးရဲ့လိင်ကိုရွေးချယ်ဖို့ အစားအသောက်နဲ့ အားထုတ်လို့ရပြီပေါ့။

ယောကျၤားလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

Potassium နဲ့ sodium ပါတဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အက်စစ်ပါဝင်နှုန်းတဲ့အတွက် Alkaline များလာဖို့ အားပေးပါတယ်။ အဲဒါကြောင့် ငှက်ပျော်သီး၊ ပြောင်းဖူး၊ အနီရောင်အသား၊ နဲ့ အူအစာသွပ်ထားတဲ့ အစားအစာတွေကို များများစားသုံးဖို့ပဲဖြစ်ပါတယ်။

မိန်းကလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

ရွေးချယ်ရမှာကတော့ အက်စစ်ဓါတ်များတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ပန်းမုံလာဟာ အသင့်တော်ဆုံး ဥပမာပဲဖြစ်ပါတယ်။ ပြီးတော့ စပျစ်သီး၊ ပန်းသီး၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ နဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top